Saturday, August 27, 2011

အမှတ်တရ 18 July ... ဘ၀စာမျက်နှာများ နဲ့  ခံစားချက် ရသများ




4 comments:

july said...

နေခဲ့ တဲ့ ရွာငယ်လေးကိုသတိရတယ်...ခင်မင်ရသော ငယ်သူငယ်ချင်း များနှင့် နေထိုင်ကျင်လည်ခဲ့ သောပင်လယ်ပြင် ၊ တောတောင်ရေမြေ တွေကို မွန်းကြပ်တဲ့ မြို့ ပြကိုရောက်ရှိမှ စစ်မှန်မှု ရင်းနှီး
ပွင့် လင်းမှု နဲ့ တန်ဖိုးထားအပ်သော ရေမြေတောင်သဘာဝတွေကိုမြတ်နိုး တတ်လာတယ် ။ အားလပ်ရက်များမှာ သူငယ်ချင်းတွေစုပြီး အပျော်တမ်း ပင်လယ်ပြင်ဆင်းပြီး ရေငုပ်ဖူးခဲ့ တဲ့ နေ့ ရက်များစွာ ပင်လယ်ပြင်ကို ငြီးငွေ့ လို့ တောတောင်တွေ ထဲလှည့် ပတ်သွားလာခဲ့ တဲ့ နေရက်များစွာကို လိုအပ်တာထက်ပိုလို့ သတိရမိပါတယ် ။ ဒီလိုအရာ
ဒီလိုခံစားမှုတွေက လက်ရှိကျနော်ရောက်ရှိနေတဲ့ ဒီလိုနေရာမျိုးမှာ စစ်မှန်စွာခံစားရရှိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး ...

july said...

ငယ်စဉ်က ကျောင်းတက်ခဲ့ တဲ့  ကျောင်းတော်ကြီးကို သတိရမိပါရဲ့  ..
ရံဖန်ရံခါ နှင်း မြူ တွေဝေဆိုင်းနေတဲ့  ဆောင်းမနက်ခင်း မှာ တစ်ဦးကိုတစ်
ဦးနောက်ပြောင်လို့  သူငယ်ချင်းပေါင်းများစွာနဲ့ ပျော်ရွှင်ခဲ့ ဖူးတဲ့ ကလေးဘဝ
အရင်အချိန်က ဘာလဲဆိုတာမသိခဲ့ ပေမယ့် ..ခုအခါမှာတော့ အရမ်းလွမ်း
စရာ တမ်းတစရာကောင်းတယ် ။ မှတ်မိပါသေးတယ် ...
ကျောင်းပြေးလို့ အိမ်ကိုတိုင်စာပို့ တဲ့ နေ့  .....

july said...

၂၈ ရက်နေ့ မနက် ငါအလုပ်ထွက်ခဲ့တယ် ။ အေးဂျင့် နဲ့ ငါနဲ့ က သဟဇာတမဖြစ်ဖူး ။
ငါ့မှာစိတ်ညစ်ချိန်မရှိဘူး
ဘာဆက်လုပ်ရမလဲငါစဉ်းစားရမယ်။
ငါ့ အတွက်ထွက်ပေါက်ရှာရမယ် ။
မလိုအပ်တဲ့ ချုပ်ချယ်မှုတွေကိုငါမလိုချင်ဘူး ။ အထူးသဖြင့်ဒီတရုတ်တွေရဲ့ ချုပ်ချယ်မှုလက်အောက်မှာမနေချင်ဘူး ။
ငါလိုချင်တဲ့ ပန်းတိုင်ကို ငါမြင်အောင်ကြည့် ပြီး ရတဲ့ လမ်းကသွားမယ် ။
july

july said...

ဒီနေ့  သြဂုတ်လ ၂၇ ရက် ၂၀၁၁ ...မှာ ငါဘလောက်ကိုငါပြန် ရှာတွေ့ ခဲ့ တယ်....

Post a Comment

 
 

this too will pass

ဘာပဲဖြစ်ဖြစ် တနေ့ တော့အရာအားလုံးဟာ ပြီးတော့လည်းပြီးသွားမှာပါပဲ ...