အမှတ်တရ ဂျူလိုင် ...
တိုင်းရင်းသား
လူငယ်မာင်မယ်များ
စုပေါင်းညီညာသော
အင်အားဖြင့်
ဆိုးရွားသော
အာဏာရှင်စနစ်ကို စုပေါင်း
တွန်းလှန်ပြီး
ခေတ်မှီဖွံ့ ဖြိုး
တိုးတက်သော
နိုင်ငံတော်သစ်ဆီသို့ .............
Labels
- article (4)
- general (1)
- healthy (3)
- photo (3)
- poem (32)
- Poster (4)
- satire (1)
- satire cartoon (10)
- စိတ်ဓါတ်ခွန်အား (1)
- နည်းပညာ (1)
- ဖတ်မိသမျှ (1)
- ဗိုလ်ချုပ်အောင်ဆန်း (1)
- ဘာသာရေး (2)
- ဗြုတ်စဗျင်းတောင်း (9)
- ရသစာပေ (7)
- ဟာသ (2)
- အချစ်မှတ်စု (5)
- အမှတ်တရ စာပေ (2)
- ဒေါ်အောင်ဆန်းစုကြည် (1)
- နိုင်ငံရေး (4)
About Me
Tuesday, May 29, 2012
*** ပေါင်မုန့် နဲ့ ပုရွက်ဆိတ် ***
Posted by
july
at
6:34 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
satire
Friday, May 25, 2012
*** အဆိပ် ***
*** အဆိပ် ***
စောင်းငှဲကြည့် တတ်တဲ့ ချစ်သူတစ်ယောက်
အကြည့် ကြောင့် ကိုယ့်ရင်တွေ ခုန်တတ်ခဲ့ ပါတယ် ..
ဒါပေမယ့်ချစ်သူရယ် .....
မနက်ဖြန်တိုင်းသာ မင်းဒီလိုနေပေးမယ်ဆိုရင်
ကိုယ် ပျော်ရွှင်တတ်ခဲ့ မှာပါ .....
ချစ်သူ ..တကယ်ကို
အိပ်မက်မဟုတ်တာသေချာနေမှတော့
ကိုယ့်မင်း ကို မလွမ်းတော့ပါဘူး ..
မိုးခါးရေတွေသောက်သုံးရင်းနဲ့ ကျေနပ်နေဆဲပါ....ချစ်သူ ..
ညိုလင်းထွဏ်း
(23.5.2012)
5:44 PM
Posted by
july
at
11:11 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
Wednesday, May 23, 2012
*** အထီးကျန်ငှက်ငယ် ***
- အထီးကျန်ခြင်းတွေသာပိုင်ဆိုင်မှ
ုမရခဲ့ ရင် - ငါရဲရင့်နေမှာအမှန်ပါပဲ ...
- လောကသစ္စာကို သောက်သုံးပြီး ယစ်မူးခွင့်
- မရခဲ့ ရင်တောင် ...
- ငါ အဖော်များစွာနဲ့ ပျံသန်းတတ်တဲ့  ငှက်ငယ်
- တစ်ကောင် အဖြစ်ကျင်လည်ချင်ပါတယ်..
- တကယ်တော့လည်း ..
- အထီးကျန်သမိုင်း ငါဆက်ရေးနေဆဲပါ ............။
- အိပ်မက်တွေ ရှင်သန်နေမယ်ဆိုတာ
- ငါမယုံခဲ့ လေတော့ ..
- အထီးကျန်ခြင်းကိုထွေးပွေးတတ်ခဲ့ တာ
- မဆန်းပါဘူး .....
- တကယ်တော့ ငါဟာ အဆိပ်သင့်တဲ့ 
- ငှက်ငယ်တစ်ကောင်ပါ ..........။
- ညိုလင်းထွဏ်း
- (23.5.2012)
- 5:27 PM
Posted by
july
at
2:56 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
Tuesday, May 22, 2012
**** ဗြုတ်စဗျင်းတောင်း မှတ်စု ****
ဘိန်းမှိန်း မှိန်းနေတဲ့  ဘ၀တွေလေ.......
နေ့ စဉ်နှင့်အမျှ အလုပ်တွေက
ဘယ်တော့မှလုပ်လို့ မကုန်နိုင်ဘူး ..
မီးမလာလို့ ဆန္ဒပြနေတဲ့ မန်းလေးက
ပြည်သူလူထုက ....
ညာတာဝါတာတွေမလုပ်ဖို့ 
ဖယောင်းမီး နဲ့ ကာရာအိုကေ ဆိုလို့ မရကြောင်း ......
အင်တာနက် သတင်းကြည့် မရကြောင်း ..........
တီဗွီအစီအစဉ်တွေ ကြည့်မရကြောင်း .............
နာမည်ကြီး မင်းသမီးတွေရဲ့ ရှိုးပွဲတွေကို မကြည့်ရကြောင်း ..........
အိုင်တီခေတ်မှာ အင်တာနက်ဆိုတာ အရေးကြီးကြောင်း .......
စသည်ဖြင့်.... အကြောင်းများစွာ နဲ့ ဆက်လက်၍
လျှပ်စစ်မီးကို ပုံမှန်ပေးဖို့ လိုကြောင်းတွေ အော်ဟစ်လို့  ....
သူခိုး အစိုးရကတော့  လိမ်ညာဝါတဲ့ သတင်းတွေကြားမှာ
အမြတ်ကြီးထုတ် ပြည်သူတွေကိုသွေးစုပ်လို့ ..
ကြံ့ ဖွတ်နဲ့ စစ်အစိုးရက အမြီးကျက်
အမြီးစား ခေါင်းကျက် ခေါင်းစား
အဆင်ကိုပြေလို့  ......
ကမ္ဘာကတောင်လက်မှိုင်ချရတဲ့ 
ကျုပ်တို့ နိုင်ငံမှာ ...
လူအခွင့် အရေးဘယ်နေရာက
သွားတောင်းရမလဲမသိတာသေချာသပေါ့ ...
စိတ်ညစ်လို့ တိုက်ပေါ်က ခုန်ချ သေပြန်သတဲ့ 
စင်္ကာပူက အိမ်ဖော်လေ ..
စိတ်ညစ်လို့ ခုန်ချတာလား ...
ဘာကြောင့်ခုန်ချသလဲ ...... ....
စိတ်မကောင်းဖြစ်နေလဲ အလကားပါပဲ ........။
ကျုပ်တို့အားလုံး...စည်းလုံးခြင်းတွေ နဲ့ 
ပေါက်ကွဲသံစဉ်တွေထိန်းမရတဲ့ တနေ့ 
မခံချင်စိတ်တွေနဲ့ ပြင်းပြတဲ့  သံစဉ်တွေထိန်းမရတဲ့ တနေ့ 
အားလုံးအချိန်အဆက်မိတဲ့ တနေ့ 
အဲ့ ဒီတနေ့  ကျုပ်တို့ အားလုံး အောင်ပွဲ ခံကြမယ်...။
ကဲသဘောတူလား .......
သဘောတူရင် ... စည်းလုံးလိုက်ကြစို့  .....။
ကဗျာတစ်ပုဒ်ကိုကြည့်ပြီးစိတ်ကူးပေါ်လာလို့ စပ်ထားတာပါ ..။
စိုင်းဇေယျာထွန်း (ဗြုတ်စဗျင်းတောင်းစာပေ)
(22.5.2012) 9:45 PM
Posted by
july
at
7:18 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
**** စဉ်းစားမိတဲ့  ဒီမနက်ခင်းအကြောင်း ***
- အတွေးတွေယောက်ယက်ခတ် ...
- ခန္ဓာကိုယ်တွေပင်ပန်း .. ..
- တိမ်တွေ ပြိုတော့မယ့် မနက်ခင်း
- နင်နင်းဖြတ်ကာ လျှောက်လိုက်စမ်းပါ မိန်းကလေး ...
- ငါ့ရင်ခေါင်မိုး ပြိုတော့မှာ တည်းတည်းလေးပဲရှိတော့တယ် .....
- အဲ့ ဒီနေ့ က ငါ တနေ့ လုံး ခေါင်းတွေမူးလိုက်တာ ..
- မင်းအကြောင်းစဉ်းစားရင်း
- အတွေးတွေသောက်သုံးလိုက်မိတယ်လေ
- တကယ်တော့ငါ ... နင်မသိခင်ထဲက ရင်ထဲမှာမိုးတွေရွာနေခဲ့ တာပါ .
- စိုင်းဇေယျာထွန်း (ဗြုတ်စဗျင်းတောင်း စာပေ)
- (21.5.2012)
Thursday, May 17, 2012
စင်ကာပူ
စင်ကာပူ(ကဗျာဆရာ ကိုစောဝေ ရေးစပ်ရွတ်ဆိုသည်)
စင်ကာပူ
၁။ ဟိုးတစ်ချိန်ကတော့
ငါတို့ကို တူအောင် တုမယ် ဆိုတဲ့မြို့
လေဆိပ်မှာထဲက စည်းကမ်းကျတဲ့ အလှကိုငေး
နေစရာတွေငေး၊ နားစရာတွေငေး
မလိုသူတွေက ပွဲစားမြို့ လေးတဲ့
ဒါပေမယ့် သူဟာ ကမ္ဘာလေးတစ်ခုပါ
ဒီကမ္ဘာလေးကို အစစ်အတု ခွဲပြီး အလှရှာမဲ့
မြန်မာ အဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။
၂။ရန်ကုန်ရေ နင်ဘယ်လောက်ဖြတ်ကျန်ခဲ့ပြီလည်း
ငါတို့ မပြောရဲတော့ဘူး…
တနေ့တစ်လံပေါ့ စင်္ကာပူရယ်
သစ်ပင်တွေ ပန်းတွေက စနစ်တကျပွင့်ပြီး
စနစ်တကျ ကြွေရတယ်
လူတွေရော ဒီလိုပဲလား?
တို့ အမျိုးတွေအတွက် စိတ်ပူလိုက်တာ။
၃။ သုပ်သုပ်သွား၊ သုပ်သုပ်လာ၊ သုပ်သုပ်စား
သုပ်သုပ်နား၊ အလုပ်တအားလုပ်
လူရောင်စုံကြားထဲမှာ
အပြုံးမှာ စေတနာပါတာ မြန်မာ
အမုန်းချင်းပြိုင်ရင် ရှုံးနေမှာ မြန်မာ
စင်္ကာပူရေ ရေကြည်ရာ မြက်နုရာ ဆိုပေမယ့်
တို့လူမျိုးက ဂျစ်ပစီတော့ မဟုတ်ဘူး
မြေနဲ့၊ ရေနဲ့ ၊ ဇာတိနဲ့ လူမျိုး စင်္ကာပူရဲ့
ငါတို့ကို မင်း ၀မ်းစာကျွေးထားရပေမယ့်
မင်းကျမ်းမာရေး မထိခိုက်စေရအောင်
မြန်မာတွေ နေတတ်ခဲ့ပါတယ်။
၎။ ကမ်းခြေချန်ကီဘိလစ်မှာ အပန်းဖြေတော့
ပက်လက်လှန်ပြီး မှောက်ခုံပျံတဲ့ လေယာဉ်ပျံတွေ ကြည့်မိ
ပိုက်ဆံတွေ တအားထားခဲ့ရပြီး
ဥာဏ်ပညာတွေ ဘယ်လောက်ယူသွားနိင်လည်း
ကိုယ်ကနားပြီး စိတ်ကမနားနိင်ဘူး စလုံးရေ။
၅။ ငါတို့ ဧရာဝတီကိုကျ
နာဂစ်ဆိုတဲ့ နာမည်လှလှလေးနဲ့
ဘီလူးစီးသလိုဝင်မွှေသွားတဲ့ ပင်လယ်မ က
စလုံးကျမှ စည်းကမ်းတကျ ညင်သာနေတာ
ငါ မခံစားနိင်ဘူး။
၆။ အီကွေတာ အောက်ကမြို့ကလေး
ပွင့်သမျှ ပန်းမမွှေးဘူး
မင်းရဲ့ ကောင်းသတင်းကတော့
မွှေးမြပါတယ်
ငါတို့များကြတော့…ဘယ်တော့မွှေးမလည်း။
၇။ တို့မြေမှာ သာရေး နာရေးတောင် တွေ့ဖို့ မလွယ်တဲ့
အမျိုးတွေ ၊ သူငယ်ချင်းတွေ
ပင်နီစူလာပလာဇာမှာ အစုံတွေ့ရ
ပေးဖို့လား၊ ရဖို့လား၊ အသာစံဖို့လား၊ အနာခံဖို့လား
တို့မြန်မာတွေ အလကားမဟုတ်ဘူးနော်
စင်္ကာပူ ခင်ဗျားကြီး အရိပ်မှာ
လွတ်လပ်စွာ ကျန်းမာချမ်းသာထားပါ။
၈။ ပြောစရာ ရှိလို့သာပြောရ
ပြောဖို့မလိုပါဘူး။
အိမ်သည် ဧည့်သည် မပူရအောင်ထားပေးတဲ့
စင်္ကာပူ ကျေးဇူးပါ
အဲဒီလို ကျေးဇူး
ကိုယ့်တိုင်းပြည်ကိုလည်း ကျေးဇူးတင်ချင်လိုက်တာ။
၉။ စင်္ကာပူက မြန်မာအားလုံး
မလွမ်းဘူးပြောတဲ့ လူမရှိ
အားလုံး မကြိုက်ဘူး ပြောတဲ့လူချည်းပဲ
ကျွန်တော်လည်း မကြိုက်ပါဘူး
ဒါပေမယ့် အဲဒါ ရှော့ခ်ရှိတယ်။
၁၀။ အမှန်ကိုလည်း ပြောမရ အမှားကိုလည်း ပြောမရ
သတ္တိရှိလို့ ပြောပြန်ရင်လည်း အမုန်းခံရ
ကြာလာတော့ သတ္တိရှိလာမှာတောင် ကြောက်ရ။
၁၁။ “ဆရာ… အသစ်နဲ့ အဆင်ပြေလားဟင်
ကျွန်တော် မပြန်နိင်တာ သုံးနှစ်ရှိပြီ
အိမ်က ပိုက်ဆံ သိန်းတစ်ရာသုံးပြီး ထွက်လာတာ၊
အခုထိ မကျေသေးဘူး။ ကျွန်တော် ကွန်ပျူတာနဲ့ ဘွဲ့ရလာတာ
အခု ဒီဟော်တယ်မှာတော့ ၀ိတ်တာပေါ့၊ သိပ်ပြန်ချင်တာပေါ့
ပိုက်ဆံ မကျေသေးတော့ မိသားစုကို မျက်နှာပူလို့ သင်္ကြန်မှာ
ပိတောက်တွေ ပွင့်လားဟင်…”စလုံးမှာ မေးတဲ့စကား
မင်းပြန်လာမှာ သိပ်စိုးရိမ်တာပဲ
အဆင်ပြေလားဆိုတဲ့ မင်းရဲ့ မေးခွန်းက
သင်္ကြန်မှာ ပိတောက်မပွင့်သလို
ငါ့ရင်မှာ ပြာကျစေတယ်
ငါတို့က အခုချိန်ထိ ညံ့နေကြသေးတာကိုး
ခွင့်လွှတ်ပါ သားလေးရယ်။
၁၂။ လူကြီးတွေက ပြည်ပနိင်ငံကို အထင်မကြီးနဲ့တဲ့
ပြည်ပကို ရောက်နေကြတဲ့
မြန်မာပြည်ဖွားတွေ အားလုံးဟာ
ပြည်ပတိုင်းပြည်ကို အထင်ကြီးလို့
ရောက်နေကြတာ မဟုတ်ဘူး
ကိုယ့်တိုင်းပြည်မှာ အထင်သေးစရာနဲ့
အဆင်မပြေမှု့တွေပဲ နေ့တိုင်းတွေ့နေရလို့
ပြည်ပရောက် မြန်မာတွေရဲ့ တုန့်ပြန်မှု့။
၁၃။ အဲဒီလိုတော့ မပြောပါနဲ့
ကျွန်တော်က ပြည်တွင်းမှာပဲ နေသူဆိုတော့
ခံရခက်တယ် တကယ်က
ဘာမဆို ခွဲဝေယူကြတယ်
ကိုယ်တွေတော့ လုံးဝ(လုံးဝ) မပါဘူး။
၁၄။ MRT ရထားပေါ်မှာ IPhone ဖွင့်လိုက်တာနဲ့
ကမ္ဘာကြိးက ကိုယ့်ရှေ့ရောက်လာ
မြန်မာတွေ မညံ့ပါဘူး စင်္ကာပူမှာပေါ့
မြန်မာပြည်မှာတော့
ကဗျာ ဆရာ အပါအ၀င် အားလုံးညံ့နေသေးတယ်။
၁၅။ အမှန်တရားကို ချစ်တယ် သတ္တိမရှိဘူး
သတ္တိမရှိရင် အမှန်တရား မရနိင်ဘူး
လူတချို့က
မိုက်ရိုင်းရဲရင် လိမ်ရဲရင်
အာဏာရမယ်၊ အာဏာရရင် ရူးမယ်
ပိုက်ဆံ ချမ်းသာမယ်
ဒါဆိုလုပ်ချင်ရာ လုပ်မယ်
လူများလို့ နိင်ပေမယ့် မမှန်ရင် မနေပါနဲ့
လူနည်းလို့ ရှုံးပေမယ့်
မှန်ရင် နေကြပေးပါ။
၁၆။ ဒီလိုပညာနဲ့ ဒီလိုလုပ်ရည်ကိုင်ရည်နဲ့
ဒီလောက်လွမ်းနေတာ မလွမ်းရအောင်
မြန်မာပြည်က သူဋ္ဌေးတွေဆီမှာ
ပြန်လာလုပ်ပါလားဆိုတော့
စလုံးရောက် မြန်မာ ဆရာဝန် တစ်ဦးက
“စင်္ကာပူက သူဋ္ဌေးက လူကို လူလိုတန်ဖိုးထားတယ်
မြန်မာပြည်က သူဋ္ဌေးက
လူ့တန်ဖိုးနားမလည်တဲ့ ပေါင်းစားတွေ ချည်းပဲ ” တဲ့
ကျွန်တော် ဘာပြန်ပြောရမှန်း မသိဘူး
ဘယ်တော့မှ ပြောနိင်မှန်းလည်း မသိဘူး။
၁၇။ သေသေချာချာ ပြောနိင်တာကတော့
ပြည်ပရောက် မြန်မာတွေအားလုံးကို
ပြည်တွင်းက မြန်မာတွေအားလုံးက
ရင်တွေ ပြာကျလောက်အောင် လွမ်းနေကြ
ဒီထဲမှာ အမေတွေက ပိုဆိုးတာပေါ့
ရန်ကုန်မြို့ က
အင်တာနက်ဆိုင် ဂျီတော့မှာ မျက်ရည်တွေ ချည်းပဲ။
၁၈။ စင်္ကာပူက…
အဖြူ၊ အမဲ၊ အညို ဘယ်သူနဲ့ ပြောပြော
အလွမ်းနဲ့စပြီး အလွမ်းနဲ့ ဆုံးတော့
စင်္ကာပူဆိုတာ အလွမ်းတွေ စုနေတဲ့
အလွမ်းမြို့ ကြီးလား ထင်ရတယ်
ဘယ်သူမှတော့ မျက်ရည်မလွယ်ပါဘူး
မင်းသား၊ မင်းသမီးမှ မဟုတ်တာ
အလွမ်းက တွန်းထုတ်လိုက်တော့
မျက်ဝန်းတာ ကျိုးရတာပေါ့။
၁၉။ ချစ်သူကိုလည်း ချစ်တယ်
အဖေ အမေကိုလည်း ချစ်တယ်
မောင်နှမတွေကိုလည်း ချစ်တယ်
ဇာတိရပ်ရွာကိုလည်း ချစ်တယ်
တကယ်ဆို ချစ်ရဲ့သားရဲ့ ဘာလို့ခွဲရက်တာလည်း
သုခနဲ့ ဒုက္ခပေါင်းထားတဲ့ စင်္ကာပူရဲ့ မာယာမှာ
ငါတို့ အားလုံး နစ်ခဲ့ရပြီ
တချို့ ပျော်ရွှင်စွာနစ်
တချို့ ၀မ်းနည်းစွာနစ်
မြန်မာပြည်တော့ ချစ်ကြသူတွေချည်းပဲ
ကဲ အားလုံး “ကမ္ဘာမကြေ မြန်မာပြည်
ဒါတို့ပြည် ဒါတို့မြေ
တို့ပိုင်တဲ့မြေ ”
စင်္ကာပူရေ… တို့လူမျိုးကို ချစ်ပါ
အမှန်တရား ၊ ရိုးသားမှု့နဲ့ မြန်မာတွေပါ
“ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ “ ။ ။
===============================================================================================================
(စောဝေ)
(၁၄-၅-၂၀၁၁) နေ့ လမ်းပြကြယ် စာကြည့်တိုက် စာချစ်သူများ
စင်္ကာပူနိင်ငံမှ ကျင်းပပေးသော Poetry Performance ပွဲတွင်
ရွတ်ခဲ့သော ကဗျာ
http://swenaing.blogspot.com
Posted by
july
at
2:21 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
Wednesday, May 16, 2012
ချစ်သူ နှစ်ယာက်နဲ့ ကျနော် ..
ချစ်သူ နှစ်ယာက်နဲ့ ကျနော် ...
by Nyolinn Htun on Wednesday, May 16, 2012 at 5:44pm ·
ကျနော်စိတ်ဓါတ်တွေကျပြီး အရမ်းညစ်နေချိန် ဆိုသူ ကျနော့် အပေါ်သိပ်ကိုသြဇာညောင်းတယ်.. ကျနော်ဘာလုပ်လုပ်
(ကောင်းတာ ၊ ဆိုးတာ) သူအမြဲအပြစ်မြင်တယ်။ အမြဲတမ်းလည်း ဖျက်လိုဖျက်ဆီးလုပ်တယ် .. သူတစ်ပါးကိုလည်း ကျနော့်
အပေါ်အကောင်းမမြင်အောင် သွေးထိုးလေ့ ရှိတယ် ကျုပ်လုပ်သမျှ အဆင်မပြေအောင်တနည်းမဟုတ် တနည်းနည်းနဲ့ ဖျက်ဆီးလေ့ ရှိတယ် ။ အဲ့ ဒီအချိန်ဆို ကျနော်သူ့ ကိုသိပ်မုန်းလေ့ ရှိသလို သူကလည်း ကျနော့်အပေါ် ကိုယ့်ကိုကိုယ် ယုံကြည်မှု မဲ့ လာအောင်ထိ သြဇာညောင်းလေ့ ရှိတယ်။
အော် ...သူနာမည်လား .. ဟုတ်ကဲ့  ... သူမနာမည်က ကံကြမ္မာတဲ့ ....။
အဲ့ဒီအချိန်မှာ နားလည်ပေးတတ်တဲ့  ချစ်သူတခြားတစ်ယောက်ကို သတိရနေမိတတ်တယ် ။ သူကကျနော့်အပေါ်သိပ်ပြိးတော့
နားလည်ပေးနိုင်စွမ်းတယ်။သူ့ ရဲ့ နာမည်လေးကိုတွေးလိုက်ရင်ကိုရင်ထဲအေးချမ်းသွားတယ်။ သူဟာကျနော့်အတွက်အေးချမ်းမှု
တွေကိုအရမ်းပေးစွမ်းနိုင်သူပါ။သူကကျနော်ကောင်းတာလုပ်လုပ်ဆိုးတာလုပ်လုပ်အမြဲတမ်းနားလည်ပေးတယ်။ဘာကိုမဆို
ဝေဖန်လေ့ မရှိဘူး။သူ့ ကိုချစ်ရတာအေးချမ်းပေမယ့် ။ ကျုပ်ပျော်ရွှင်မှုမရှိဘူးဗျ ။
ဒါပေမယ့် လည်း သူက ကျုပ်ဘ၀အတွက် မရှိမဖြစ်လိုအပ်နေတာအမှန်ပဲလေ ။
ဒါကြောင့် ဆိုရိုးစကားထဲကလို့  မချစ်သော်လည်းအောင့်ကာနမ်းပေါ့..
သူမ နာမည် က သင်္ခါရတဲ့ ......။
ကြမ္မာ ရဲ့ နောက် အကျင့်တခုက ...ဒီလိုဗျ ..
တကယ်လို့ များ ကျုပ်စိတ်ဓါတ်တွေ တက်ကြွပြီး ကြိုးစားချင်စိတ် အရာရာကိုရင်ဆိုင်ချင်စိတ် နဲ့ ဖြစ်ကိုဖြစ်ရမယ်ဟေ့လို့ 
ယုံကြည်ချက်တွေကိန်းအောင်လာတဲ့ အခါကျုပ်ကိုသူအားပေးတယ်။ဆက်လက်ကြိုးစားခိုင်းတယ်။အောင်မြင်အောင်လည်း
ကျုပ်အတွက် အကျိုးဆောင်ပေးတယ်။အားလုံးနဲ့ အဆင်ပြေအောင်လည်း သူကလမ်းခင်း ပေးတယ်။
အဲ့ ဒီအချိန် ကျုပ်သူ့ ကိုသိပ်ချစ်တာပေါ့... ပြောမပြတတ်အောင်ပါပဲ ..။ ခက်တာတခုက ကျုပ်စိတ်ထဲမယ် သူ့ ကို
ကြောက်ရွ့ံပြီးချစ်နေမိတာပါပဲဗျာ...
နားလည်ပေးတတ်တဲ့ သင်္ခါရကို မြတ်နိုးမိသလိုကြမ္မာကိုလည်းကျုပ်ချစ်နေမိတော့တာပါပဲဗျာ ..........
ငယ်ငယ်ကရေးထားခဲ့ တာပါ ..
ပြန်တွေ့ လို့ ကူးပြီး အမှတ်တရအနေနဲ့ ပြန်တင်ပေးလိုက်တာပါ။
ရယ်လိုကရယ်စေတော့ ........
Posted by
july
at
2:50 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ရသစာပေ
Tuesday, May 15, 2012
မေမေ
Posted by
july
at
9:56 PM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
Poster
လွမ်းဆွေးခြင်း
ငါခေါင်းမူးနေပြီ
ငါ့ ဆေးလိပ်ခွက်မှာလည်း
ဆေးလိပ်တိုတွေမွလို့ ပေါ့
ငါရင်ဘတ်မှာ မီခိုးတွေအူလို့ 
သောက်စရာအချစ်မရှိတော့
နှလုံးသားက ကွဲအက်ခြင်းတွေ
အငွေ့ ပြယ်ပြီပေါ့
ငါကြုံလိုက်ချင်ပါတယ်
ငါ့ရဲ့ လွမ်းဆွေးခြင်းအသစ်တွေနဲ့ ပေါ့ ...
ငါ့ ဆေးလိပ်ခွက်မှာလည်း
ဆေးလိပ်တိုတွေမွလို့ ပေါ့
ငါရင်ဘတ်မှာ မီခိုးတွေအူလို့ 
သောက်စရာအချစ်မရှိတော့
နှလုံးသားက ကွဲအက်ခြင်းတွေ
အငွေ့ ပြယ်ပြီပေါ့
ငါကြုံလိုက်ချင်ပါတယ်
ငါ့ရဲ့ လွမ်းဆွေးခြင်းအသစ်တွေနဲ့ ပေါ့ ...
ညိုလင်းထွန်း
(15.5.2012)
3:55 AM
Posted by
july
at
12:55 PM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
On the improvement of the Mind ...
by Nyolinn Htun on Tuesday, May 15, 2012 at 5:58pm ·
သာမန်ဘ၀မှာ
တွေ့ ကြုံရသောအားလုံးသောအရာတို့ သည် အချည်းနှီးအကျိုးမဲ့ ဖြစ်သည်ဟု
ကျုပ်အား အတွေ့ အကြုံကသင်ပြပေးပြီးနောက် ကျုပ်အား စိုးရိမ် ကြောက်ရွံ
့မှု ဖြစ်စေတတ်သော အရာအားလုံးသည်ယင်းတို့ ၌ အကောင်းဆုံး ဟူ၍ မရှိ ။ ယင်းတို့ က စိတ်ကိုစိုးရိမ်ကြောက်ရွံ့ ခြင်း ခြင်းဖြစ်စေရုံမျှအား
အကောင်းအဆိုးမရှိကြချေ ဟူ၍မြင်တွေ့ ရသောအခါ ကျုပ်သည်နောက်ဆုံးသန္နိဌာန် ချခြင်းဖြစ်သည်။
ကျုပ်သည် နောက်ဆုံး၌ သန္နိဌာန်ချသည်ဟုဆို၏။ အဘယ်ကြောင့် ဆိုသော် လက်ဦးအမြင်အားဖြင့် သေချာသောအရာတစ်ခုကို မသေချာသော အရာတစ်ခုနှင်လဲလှယ်ရန် လိုလာခြင်းသည် မိုက်ရာကျသည် ဟူ၍ ထင်မြင်စရာဖြစ်သည် ။ကျုပ် သည် ဂုဏ်ဒြပ်နှင့် ပစ္စည်း ဥစ္စာ တို့ မှ ရရှိသောကျေး၊ဇူးတို့ ကိုမြင်သည်။ အကယ်၍ ကျုပ်က အခြားအသစ်အရာတစ်ခုကို ပြင်းထန်စွာ အာရုံပြုလိုလျှင်ဂုဏ်ဒြပ်ပစ္စည်းသစ္စာတို့ ကိုကျုပ်ရှောင်ကြဉ်ဖယ်
ရှားရမည်သာဖြစ်သည်ဟူ၍မြင်သည်။
အကယ်၍အကြောင်းအားလျော်စွာ ထိုအရာတို့ ၌ ပြီးပြည့်စုံသော စိတ်ချမ်းသာခြင်း တည်ရှိသည် ဆိုလျှင် ထိုအရာတို့ကိုကျွန်ုပ်
ရှောင်ကြဉ်ရမည်ဟုမြင်မိပါသည်။ အကယ်၍ ပြည့်စုံသောစိတ်ချမ်းသာခြင်းမတည်ရှိလျှင် ကျွနုပ်က ယင်းတို့ အပေါ်အာရုံပြုရပေမည် ။ယင်းသို့ ဆိုလျှင် ကျွန်ုပ်သည်အမြင့်မားဆုံး စိတ္တသုခ မရရှိပဲ နေရပေမည်။ထို့ ကြောင့် ကျွနုပ်သည် ကျွုနုပ်၏ ကိစ္စအသစ်
ကို ဆောင်ရွက်ရန်ဖြစ်မည်လော၊ သို့တည်းမဟုတ်၊အနည်းဆုံးအားဖြင့် ကျုပ်၏ဘ၀ သာမန်အစီအစဉ်ကိုမပြောင်းလဲဘဲ ဖြစ်နိုင်
မည်လော ဟာ တွေးတောမိပါသည်။ ယင်းသို့ ကျုပ် သည် မကြာခဏ တွေးတောကာ အဖြေရှာ၍မရဖြစ်ရပါသည် ။လူ့ ဘ၀ မှာ မြောက်မြားစွာရှိသောလူတို့ က အကောင်းဆုံး ဟုပြောနေကြသည့်အရာများကို လူတို့ ၏ ပြုမူချက်များကို
အကြောင်းပြု၍ သတ်မှတ်ရပါမူ ၊ ဤ သုံးခုသောအရာများဖြစ်သည့် '' ပစ္စည်း ဥစ္စာ ၊ ဂုဏ် နှင် ကာမဂုဏ် '' တို့ ဖြစ်သည်။
စိတ်သည် ထိုအရာသုံးခုပေါ်တွင် အာရုံစိုက်လွန်းလှသဖြင့် အခြားကောင်းသောအရာရှိမရှိကို မတွေးမိကြချေ ။
ပမာဆိုရသော်......
ကာမဂုဏ်ခံစားမှုနှင့်ပတ်သက်၍ စိတ်အာရုံသည် ယင်းအပေါ်တွင် စူးစိုက်လွန်းသဖြင့် အခြားမည်သည့်
အကြောင်း ခြင်းရာတို့ အပေါ်မျှ လုံးဝမရောက်ရှိတော့ချေ။ ကာမဂုဏ်ခံစားပြီးနောက် အကြီးအကျယ် စိတ်ညစ် ငေးမောဖြစ်
လာသည်။ ယင်းကိုစိတ်က မထိန်းချုပ်လျှင် စိတ်အနှောက်အယှက်ဖြစ်က ညဏ်တုန်းပေမည်သာဖြစ်သည်။ဂုဏ်နှင့်ပစ္စည်း ဥစ္စာ ရှာဖွေရေးအပေါ်တွင်လည်း အာရုံပြုမူသည်လည်းမနည်းလှချေ ။ အထူးသဖြင့် ပစ္စည်းဥစ္စာ ရရှိရေး၌ ရလျှင်
ပြီးရော ဟူ၍ သဘောထားဖြင့်ရှာဖွေသည်။ ပစ္စည်းဥစ္စာသည် အကောင်းဆုံးဖြစ်သည်ဟုထင်မြင်ယူဆသောကြောင့် ရှာဖွေခြင်း
ဖြစ်သည်။
ဂုဏ်ရရှိရေးအတွက်မှာမူ စိတ်ကပို၍ပင်အာရုံပြုသည် ။အဘယ်ကြောင့် မူ ဂုဏ်သည်အရင်းခံအားဖြင့် ကောင်းသည်သာမကအားလုံးသောအရာတို့ူ၏ ဦးတည်ချက် ဂုဏ်ရရှိခြင်း၌ တည်နေဟန်ရှိခြင်းကြောင့်ပင်ဖြစ်သည်။
လူအများက ရှာဖွေနေကြသော ဤ အရာအားလုံးသည် ကျုပ်တို့ ဘ၀ကိုထိန်းသိမ်းရန်သတ္တိမရှိချေ ။ ဘ၀ရပ်တည်ရေးကိုပင်အဟန့် အတားပြုသည်။ ယင်းတို့ က ယင်းတို့ ကိုပိုင်သူတို့ ၏ ပျက်စီးခြင်းဖြစ်စေသည်။ ယင်းတို့ က ဖိစီးခြင်းခံရသူတို့ ကိုလည်း
ပျက်စီးကြသည်။
ယင်းသို့ သောဆိုးဝါးမှုတို့ ၏အကြောင်းများမှာ ကျုပ်တို့ အားမေတ္တာတရားက ဆက်စပ်ပေးသောအရာ၏ အရည်အသွေးပေါ်
တွင် စိတ်၏ချမ်းသာခြင်း ဆင်းရဲ ခြင်းတို့ သည် လုံးဝတည်နေသည်။မေတ္တာကင်းမဲ့ သော အရာကို အကြောင်းပြုရန်အန္တရာယ်မပေါ်ပေ ယင်းအရာပျက်စီးသွားလည်း ပူပန်သောကမဖြစ်ပေ။တပါးသူကရယူသွားလည်း မနာလို စိတ်မဖြစ်ပေ ကြောက်ရွံ့ ခြင်းမုန်းတီးခြင်း အချုပ်ဆိုရသော် စိတ်၌ ထိခိုက်လှုပ်ရှား မှုဟု၍ မရှိပေ ။
ယင်းသို့ သော ရန်အန္တရာယ်တို့ သည် ပျက်စီးနိုင်သော အချစ်နှင့် ကျုပ်တို့ ရှေ့ မှာ ဆိုခဲ့ သမျှ အားလုံးသောအရာတို့ ကိုအကြောင်းပြု၍ပေါ်ပေါက်လာကြလေသည်။ သို့ ရာတွင် ထာဝရတည်နေသော အကန့် အသတ်မရှိသော အရာအပေါ်၌ ထားရှိသော မေတ္တာသည် စိတ်အားချမ်းသာသုခ ကျွေးမွေးသည် ။ ယင်းသုခသည် ဆင်းရဲခြင်းအားလုံးကင်းရှင်းပေသည် ။
ထိုသုခမျိုးသည် အထူးနှစ်သက်ဖွယ် ဖြစ်၍ ကျုပ် တို့ က မိမိတိ့ အင်အားရှိသမျှ အစွမ်းကုန်စိုက်ထုတ်၍ရှာဖွေ ရပေလိမ့်မည်။ဒပ်ခ်ျလူမျိုး ဒသနိကဆရာကြီး
ဘားရုခ်ျ - စပီးနိုးဇား(ဆရာတက်တိုးဘာသာပြန်ဆိုသည်)
Baruch Spinoza (1632 -1677)
in his '' On the improvement of the Mind ''
အား ဆရာ တက်တိုး ဘာသာပြန်ခဲ့ သောဆောင်းပါးလေးပါ။
posted by ... july born
Posted by
july
at
5:08 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
article
"ဟံသာဝတီသတင်းစာ သာဓု တရားစွဲမည်"
by Ter Tee
on Tuesday, May 15, 2012 at 12:14am ·
သာဓု ပင်ကိုယ်စိတ်အတိုင်း မဟုတ်မခံ မှန်ရာကို အားမနာတမ်းပြောတတ်ရေးတတ်သော
စိတ်ဓါတ်က ပြင်းထန်နေသည့် သမယ .... ။
တနေ့သော် နံနက်စောစော သတင်းစာ ရောက်လာလာချင်း ကြော်ငြာပိုင်းကို ကသုတ်ကသက်လှန်လိုက်၏။
သတင်းစာမှာ ဟံသာဝတီသတင်းစာဖြစ်လျက် ထိုနေ့ကထုတ်ဝေသော အဆိုပါသတင်းစာတွင် သာဓု၏စာအုပ်တစ်အုပ် ကြော်ငြာပါရမည့်နေ့ဖြစ်၍ ကြော်ငြာပိုင်းကို အာရုံစိုက်ကာလှန်လိုက်ခြင်းဖြစ်၏။
သာဓုကြော်ငြာကိုတွေ့၏။ တွေ့တွေ့ချင်းလည်း အသားများတုန်လာသည်အထိ ဒေါသဖြစ်နေမိ၏။
အကြောင်းရင်းကား သာဓုကြော်ငြာတွင် " စာမျက်နှာ ၃၀၀ကျော် နှစ်ကျပ် " ဟု ထင်ရှားသော
နှစ်လိုင်းစာလုံးမဲဖြင့် ဖော်ပြရန်ဖြစ်ရာ၌ သတင်းစာက " စာမျက်နှာ ၃၀ ကျော် နှစ်ကျပ် " ဟူ၍ ရုပ်ပျက်ဆင်းပျက်မှား၍ ဖော်ပြထားသောကြောင့် သာဓု အလွန်စိတ်ဆိုးသွား၏။ ရုတ်ခြည်းဆိုသလိုပင်
အနီးရှိအိမ်မှ တယ်လီဖုန်း ကောက်ဆက်ကာ ဟံသာဝတီ သတင်းစာ ကြော်ငြာဌာနသို့ထိုကြော်ငြာအမှားကိစ္စကို အပြစ်ဆိုပြောပြလိုက်ရာ၌ ....
" ဒါကတော့ ဘယ်တတ်နိုင်မလဲ စာစီဌာနကမှားတာ " ဟု တာဝန်ခံက မချေမငံပြန်ပြောသောကြောင့်
သာဓုပို၍ဒေါပွလာ၏။
မှားသည်မှာလည်း ခွင့်လွှတ်နိုင်ဘွယ်ရာ အသေးအဖွဲအမှားမျိုးမဟုတ်၊ ထိုစဉ်က ၀တ္ထု၊ ဂျာနယ်၊
မဂ္ဂဇင်းများသာမက သတင်းစာများပင် စာမျက်နှာများများပေးနိုင်ခြင်းကို ရောင်းပန်းအဖြစ်
အသားယူဖော်ပြနေချိန်ဖြစ်သည်နှင့်အညီ သာဓု၏စာအုပ်ကြော်ငြာအမှားကြောင့် အဘယ်မျှအရုပ်ဆိုး၍ အဘယ်သို့ထိခိုက်နိုင်သည်ကို ဖော်ပြရှင်းလင်းရန်ပင်မလိုတော့သည်ကို ယခုစာရှုသူ သိပြီးဖြစ်ပါချိမ့်မည်။
" ကဲ မိတ်ဆွေ၊ သာဓု တိုတိုဘဲပြောမယ်၊ အဲဒီကြော်ငြာအမှားကို ပြန်ထည့်ပေးမလား၊ ဒါမှမဟုတ် "
" ကြော်ငြာခ ထပ်ပေးရင်ထည့်ပေးမယ် "
သာဓုစကားမဆုံးမီမှာပင် သူက အထက်ပါအတိုင်းပြောပြီး ဖုန်းချသွားသောကြောင့် သာဓုက တိုက်အုပ်ထံ
ဖုန်းထပ်ခေါ်လိုက်၏။ အကျိုးအကြောင်း ရှင်းပြ၏။ တိုက်အုပ်ကလည်းခပ်တင်းတင်းပင် လေသံပြင်းနေပြန်သည်။
" ကျွန်တော်တို့မှာ သတင်းစာအလုပ်ဖြစ်လို့ အချိန်လုပြီးလုပ်နေရတယ်၊ အမှားဆိုတာကတော့ ပါမှာဘဲ " ဟု သူကဆိုချေ၏။
" သတင်းစာတိုက်တခုရဲ့  စီးပွားရေး တိုးတက်မှု ဆုတ်ယုတ်မှု စည်းကမ်းတကျရှိမှုတွေမှာ ထိပ်ဆုံးကတာဝန်ယူထားရတဲ့
တိုက်အုပ် အနေနဲ့ ဒီစကားမျိုး မပြောသင့်ဘူးထင်တယ်၊ ခုလိုသာ ငွေကုန်ကြေးကျခံပြီး ကြော်ငြာနေတဲ့ ကြော်ငြာရှင်တွေ စိတ်ပျက်လောက်အောင် မကြာခဏ မှားနေမယ်၊ အဲဒီအမှားမျိုးကိုလည်း တာဝန်မယူဘူးဆိုရင် ကြော်ငြာရှင်တွေဆီက ၀င်ငွေနည်းပါးသွားမှာ မစိုးရိမ်ဘူးလား " ဟု သာဓုက မေးလိုက်သည်တွင် တိုက်အုပ်ထံမှ ရုတ်တရက် စကားသံပေါ်မလာသေးဘဲ အတန်ကြာမှ -
" ကဲပါဗျာ .... အမှားပြင်ဆင်ချက် ဆိုတာလောက်တော့ ပြန်ထည့်ပေးမယ် "
သူဆိုလိုသည့် ပြင်ဆင်ချက်ကို သာဓု နားလည်သည်။ သတင်းစာ၏ ချောင်ကြိုချောင်ကြားတွင် မထင်မရှား အသေးဆုံးစာလုံးကလေးများဖြင့် " မည်သည့်နေ့ထုတ် မည်သည့်ကြော်ငြာတွင် စာမျက်နှာ ၃၀ ကျော်အစား ၃၀၀ ကျော်ဟု ပြင်ဆင်ဖတ်ရှုပါရန် " ထိုမျှသာဖြစ်မည်။ ယင်းပြင်ဆင်ချက်ကို တွေ့သူပရိတ်သတ်က
မည်သည့်နေ့ထုတ် သတင်းစာဟူသည်ကို ပြန်လည်လှန်လှောရှာဖွေတိုက်ဆိုင်ဖတ်ရှုပါမည်လား။
လုံးဝ အရာရောက်မည်မဟုတ်သော ပြင်ဆင်ချက်ကို သာဓု လက်မခံနိုင်။
" ပြင်ဆင်ချက်ဆိုတာကို မူလကြော်ငြာအတိုင်း စာလုံမဲနဲ့ ထည့်ပေးမလား " ဟု သာဓုကမေးလိုက်ရာ ....
" ဒါတော့မဖြစ်နိုင်ဘူး " ဟူသော အဖြေနှင့်အတူ ဖုန်းချသွားသည်။
သာဓု မကျေနပ်။ အယ်ဒီတာချုပ်ထံသို့ ဖုန်းဆက်ပြီး အကြောင်းစုံ တိုင်ကြား၏။ သူကား ဟံသာဝတီ ဦးထွန်းဖေ ဖြစ်၏။ သူ့ထံမှလည်း လေသံတသံတည်း ထွက်လာပြန်၏။
" ကိုသာဓု ခင်ဗျားလဲ သိသားနဲ့၊ မှားတဲ့ အပိုဒ်လောက်ပြင်ဆင်ချက်ထည့်ပေးရင် ကျေနပ်လောက်ရောပေါ့ "
" ဒီမှာဗျ အစ်ကိုကြီး၊ ကျွန်တော်က ရှစ်လက်မအတွက် ကြော်ငြာခပေးပြီးထည့်ခဲ့တာမဟုတ်လား၊ အဲဒါကို လက်မ၀က်လောက် ပြန်ထည့်ပေးရုံနဲ့ ကျေနပ်ရမယ်ဆိုတာတော့ ကြော်ငြာရှင်တွေကို ဒါ သက်သက် အနိုင်ကျင့်တာဘဲ " ဟု အစချီကာ ကြော်ငြာရှင်များအနေဖြင့် အဘယ်မျှ နစ်နာရသည်များကို သေးစိတ်ရှင်းပြ၏။ တခါက ရုပ်ရှင်ကြော်ငြာတခုတွင် လတ်လတ်ဆတ်ဆတ် ပြသနေဆဲ ကြော်ငြာ၌ " ပြပြီ " အစား " ပြီးပြီ " ဟုမှားထည့်သဖြင့် ကြော်ငြာရှင်၌ အဘယ်မျှ ထိခိုက်သွားရသည်များကိုပါ ပြောပြသော်လည်း နောင်တော် သတင်းစာဆရာကြီးမှာ သတင်းစာဘက်မှသာမြင်နေပြီး
ထုံးစံအတိုင်း သတင်းစာဘက်မှပင် အကြောက်အကန် ကာကွယ်ပြောဆိုနေ၏။ သာဓုကလည်း
ကြော်ငြာရှင်များဘက်မှ ကြံ့ကြံ့ခံကာ ....
" ကဲ- အစ်ကိုကြီး၊ ကျွန်တော့် ကြော်ငြာကို မူလအတိုင်း အပြည့်အ၀ ပြန်ထည့်ပေးရင်ထည့်ပေးပါ၊
ပြင်ဆင်ချက်တော့ မလိုချင်ဘူး၊ အဲ- မူလကြော်ငြာအတိုင်း အပြည့်ထည့်မပေးရင် ကျွန်တော် ဆိုင်ရာကတရားစွဲမယ်၊
ကျွန်တော့် စာအုပ်ကိုယ်စားလှယ်တချို့ကလဲ စာမျက်နှာ ၃၀ ကျော်နဲ့ နှစ်ကျပ်ဆိုရင် မပို့ပါနဲ့တော့လို့ ခုဘဲ သံကြိုးစာတွေရောက်နေပြီ၊ အဲဒီ နစ်နာကြေးပါ တရားစွဲမယ်၊ ဒါပါဘဲ အစ်ကိုကြီး၊ ၀မ်းတော့နဲပါတယ် " ဟု ပြောပြီး သာဓုက အရင် ဖုန်းချလိုက်၏။
ထို့နောက် တနာရီလောက် အတွင်းမှာပင် မိတ်ဆွေဖြစ်သူ ၀တ်လုံတော်ရ သခင်ဘဦးထံသွားရောက်ကာ ကိစ္စအ၀၀ ရှင်းပြလိုက်ရာ သခင်ဘဦးက ....
" အင်း .... တရားစွဲလို့ကတော့ ရပါတယ်၊ ဗမာပြည်မှာတော့ အဆန်းဖြစ်သွားမှာဘဲ၊ ဒါပေမယ့် ကြော်ငြာခက အစိတ်လောက်နဲ့ တရားစရိတ်ကုန်မှာက နှစ်ရာကျော်နေလိမ့်မယ်၊ စဉ်းစားပါဦးဗျာ "
" ကိစ္စမရှိဘူး၊ ငွေတစ်ထောင်ကုန်ချင်ကုန်ပစေ၊ ဒါမျိုးတရားစွဲလို့ရတယ်ဆိုတာ ကြော်ငြာရှင်တွေသိသွားရင်၊ ပီးတော့ သတင်းစာတိုက်တွေကပါ ဒီလိုအနိုင်ကျင့်တာမျိုး တရားဥပဒေကခွင့်မပြုဘူးဆိုတာ သဘောပေါက်သွားရင် တော်ဘီဗျာ၊ လူတိုင်းလူတိုင်းမှာ အကြောင်းအရာတိုင်းနဲ့ ပတ်သက်လို့ နစ်နာချက်ရှိလာရင် အရေးဆိုပိုင်ခွင့်ရှိတယ်ဆိုတာ အားလုံးသိစေချင်တယ်၊ တရားစွဲဘို့သာ စီစဉ်ပါတော့ဗျာ၊ ကျွန်တော် နက်ဖန်လာခဲ့မယ် " သို့ပြောဆိုထွက်လာပြီး အိမ်ပြန်ရောက်သည်နှင့် တပည့်ဖြစ်သူက စာတစောင် လာပေးသဖြင့် ဖောက်ဖတ်ကြည့်သည်တွင် ဟံသာဝတီ သတင်းစာတိုက်မှ ပို့လိုက်သောစာ ဖြစ်နေ၏။ " သာဓု၏ မူလကြော်ငြာအတိုင်း အပြည့်အ၀ အခမဲ့ပင် ထည့်ပေးပါမည်၊ စိတ်မရှိပါရန် " ဟူသတည်း။
သာဓု
( သာဓုလူဝါးဝတယ် စာအုပ်မှ )
Posted by
july
at
12:56 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
article
Monday, May 14, 2012
နက်ဖန် ငါလုံးဝမငိုတော့ဘူး

ခုနက ခဏလေးငိုက်ကနဲဖြစ်သွားတယ်။ အဲဒီအချိန်လေးမှာပဲ ငါအိပ်မက်မက်ခဲ့တယ်။ လောကကြီးတစ်ခုလုံး မှောင်မဲနေတယ်။ မိုင်ထောင်ချီရှည်လျားတဲ့ အဝေးပြေးလမ်းမကြီးမှာ ငါတစ်ယောက်တည်း လျှောက်လှမ်းသွားနေတယ်။ အဲဒီအချိန်မှာ ရုတ်တရက် လေးပြင်းတချက်တိုက်ခတ်သွားတယ်။ မကြာပါဘူး မိုးကြီး သည်းသည်းမည်းမည်းရွာလာတယ်။ လျှပ်စီးတွေအကြိမ်ကြိမ်လက်၊ မိုးကြိုးတွေ အခါခါပစ်ခဲ့တယ်။ မိုးရေကစိုရွှဲ။ ငါ့နှလုံးသားလေး တဆတ်ဆတ်တုန်ခါနေခဲ့တယ်။ တစ်ကြိမ်မှာတော့ လေပြင်းတစ်ချက်အတိုက်၊ လျှပ်စီးတစ်ချက်အလက်၊ မိုးကြိုးတစ်ချက်အပစ်၊ တစ်ချိန်တည်း တစ်ပြိုင်နက်တည်းတိုက်ဆိုင်လိုက်တဲ့အခိုက် ငါ့ရဲ့တဆတ်ဆတ်တုန်ခါနေတဲ့ နှလုံးသားလေး ရုတ်တရက် လမ်းမပေါ် ကြွေကျကွဲရှသွားခဲ့တယ်။ ငါလည်း လမ်းမကြီးပေါ် အရုပ်ကြိုးပြတ် လဲကျသွားခဲ့တယ်။ ငါ့အတွက်မျှော်လင့်ချက်မရှိတော့ဘူးနဲ့တူပါတယ်။ ဟုတ်တယ်။ ငါသေဆုံးသွားခဲ့တယ်။ ဟော......ငါရဲ့ နွမ်းနယ် ဖြူလျော့နေတဲ့နှုတ်ခမ်းပါးလေး ရုတ်တရက်ပူနွေးသွားတာ ခံစားလိုက်ရတယ်။ ငါ ပြန်လည်ရှင်သန်လာခဲ့တယ်။ ငါ မျက်လုံးကို အသာအယာဖွင့်ကြည့်လိုက်တယ်။ လျှပ်စီးတွေကြားထဲမှာ အင်မတန်မှ ချောမောလှပတဲ့ မိန်းမပျိုလေးတစ်ယောက်။ သေချာပါတယ်။ ဒါ ဗီးနပ်စ်အိန်ဂျယ်လ်ပါ။ အချစ်နတ်ဘုရားမလေးပါ။ ငါ အဲလိုကြည့်လိုက်တဲ့အချိန်မှာ သူကငါ့နှုတ်ခမ်းအစုံကို ခပ်တင်းတင်းလေးနမ်းလိုက်တယ်။ ဟော...နှလုံးသားမရှိပဲ နွမ်းလျနေတဲ့ ငါ အားအင်တွေပြန်ပြည့်လာတယ်။ ငါ တစ်ချက်ပြုံးလိုက်တယ်။ ငါလည်း ဗီးနပ်စ်ရဲ့နှုတ်ခမ်းအစုံကို ခပ်တင်းတင်းလေး ပြန်နမ်းပစ်လိုက်တာပေါ့။ သူက ငါ့ကို ဆွဲမထူလိုက်တယ်။ ပြီးတော့ လမ်းမပေါ်ကျနေတဲ့ ကွဲရှနေတဲ့ ငါ့နှလုံးသားကို ပြန်ကောက်ယူလိုက်တယ်။ ငါလေ တကယ်ကိုဝမ်းသာသွားတယ်။ ဗီးနပ်စ်အလှနတ်ဘုရားမ ငါထာဝရရှင်သန်နိုင်ဖို့ ငါ့ရဲ့နှလုံးသားကို သူ့ရဲ့အချစ်တန်ခိုးနဲ့ ပြန်လည်တပ်ဆင်ပေးတော့မှာပဲ။ ဟော... သူ ငါ့ကိုပြုံးကြည့်နေတယ်။ သေချာတယ်။ ငါတွေးတာသေချာသွားပြီ။ ဒါပေမယ့်...မင်းသိလား။ သူလေ ငါ့ရဲ့ကွဲရှနေတဲ့ နှလုံးသားကို ဟိုး...အဝေးကြီးဆီ၊ ငါရောက်နိုင်ဖို့မလွယ်တဲ့စကြ၀ဠာတံတိုင်းထိရောက်အောင် ရုတ်တရက်လွှင့်ပစ်လိုက်တယ်။ ငါ့နှလုံးသားလေးရဲ့ ဘယ်တော့မှ ပြန်ဆက်လို့မရတဲ့ တစ်စစီကြေမွပျက်စီးသွားတဲ့အသံကို ငါ့ရင်ဘတ်ထဲကနေ ကြားလိုက်ရတယ်။ ငါ အရမ်းကို စိတ်ထိခိုက်သွားတယ်။ ငါ့တစ်ကိုယ်လုံး ယိုင်နဲပြိုလဲလုမတတ်ဖြစ်တဲ့အချိန် ဗီးနပ်စ်က ငါ့လက်ကို ဖမ်းဆုပ်ကိုင်ပြီး ထိန်းထားလိုက်တယ်။
ထူးဆန်းတာပဲ။ ငါ့ရင်ထဲမှာ အင်အားတွေပြည့်သွားတယ်။ သူရဲ့ရင်ခွင်ထဲမှာ ငါ့ကိုနားခိုခွင့်ပြုထားတယ်။ ငါ့ရဲ့ နဖူးပြင်လေးကို ညင်ညင်သာသာလေးနမ်းနေလေရဲ့။ ငါကတော့ လေညှင်းလေးတွေကြားထဲမှာ လူးလွန့်နေတဲ့ သူမရဲ့ ဆံနွယ်လေးတွေကို တရှိုက်မတ်မတ် မက်မက်မောမောနမ်းနေမိတယ်။ တို့နှစ်ယောက်ရဲ့အတွေးထဲမှာ ဘယ်လိုရှိနေမယ်လို့ မင်းထင်လဲ။ စိတ်အလျင်လို လျင်မြန်လှတဲ့ ယာဉ်ကိုစီးပြီး တို့နှစ်ယောက် စကြ၀ဠာအနှံ့လျှောက်လို့လည်ကြတယ်။ တို့နှစ်ယောက် ဘယ်အရာကိုမှ သတိမထားမိတော့ဘူး။ သတိမရနိုင်တော့ဘူး။ စကြ၀ဠာတစ်နေရာအရောက် မိုးသောက်ကြယ်ဆီကနေ လင်းကြက်တွန်သံကြားလိုက်ရတယ်။ ဗီးနပ်စ်တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားတာကို ငါသတိပြုမိလိုက်တယ်။ ငါက သူနဲ့ပါးခြင်းအပ်ပြီး ဘာဖြစ်သွားတာလဲအချစ်ရယ်လို့ တိုးလျညင်သာစွာမေးလိုက်တယ်။ ဗီးနပ်စ်က သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ငါရဲ့နှုတ်ခမ်းအစုံကို ဖွဖွရွရွလေးနမ်းလိုက်တယ်။ ပြီးတော့ ဂျင်းမီ... မောင်ရယ် ဗီးနပ်ပြန်ရတော့မယ်တဲ့။ ငါ့ငယ်ထိပ်ကို မြွေပေါက်သလိုခံစားလိုက်ရတယ်။ ငါ့ရင်ထဲမှာ နေဆယ်စင်းကို ထွေးပိုက်ထားရသလိုပူလောင်ခဲ့ရတယ်။ ငါက ပြန်မသွားပါနဲ့လားဗီးနပ်စ်ရယ်လို့ ကြေကွဲစွာ ပြန်ပြောလိုက်တယ်။ မပြန်လို့မဖြစ်ဘူး ဒါလင်ရယ်။ ဗီးနပ်စ်ပြန်ကိုပြန်ရမယ်တဲ့ သူကဆိုလာတယ်။ ငါက ထပ်မေးလိုက်တယ်။ ဘာလဲ ဟန်နီ နံနက်မိုးသောက်အလင်းရောက်တော့မှာမို့လား။ ခုနက လင်းကြက်တွန်သံကြားလိုက်ရလို့လားဟင်။ အဲဒါဆိုရင် အဲဒီအလင်းရောင်နတ်မင်းကြီးကို မောင် သွားပြီးငြိမ်းသတ်လိုက်မယ်။ ပြီးတော့ ဟိုအဝေးက လင်းကြက်တွန်သံမကြားရအောင် ဒီ့ထက်ဝေးတဲ့အရပ်ကို မောင်သွားမောင်းထုတ်လိုက်မယ်လေလို့ ငါကပေါ့ပေါ့ပါးပါးပြုံးရင်းဆိုလိုက်တယ်။ ဗီးနပ်စ်က ငါ့ကို သနားကရုဏာသက်တဲ့ အပြုံးတစ်ပွင့်ကို ဖန်ဆင်းပြီး မောင်က တော်တော်သနားစရာကောင်းတာပဲ။ မောင်က ချစ်တာတစ်ခုတည်းကိုပဲသိတယ်။ ဒီမယ်မောင်..မောင်နားလည်ထားရမှာက ဗီးနပ်စ်အခုပြန်ရမယ်ဆိုတာက နံနက်မိုးသောက်ရောင်နီရောက်လို့လည်း မဟုတ်ဘူး။ လင်းကြက်တွန်သံကြားရလို့လဲမဟုတ်ပါဘူးမောင်။ ပြန်ရမယ့် အချိန်ကိုရောက်လာလို့။ ဗီးနပ်စ်နဲ့မောင်တို့ ခွဲခွာရမယ့်အချိန်ကို ရောက်လာလို့ပါမောင်။ မင်းသိလား။ ငါ့ရင်ထဲမှာ ဘယ်လောက်ထိကြေကွဲခံစားနေရမယ်ဆိုတာ။ ငါထင်ထားတာက ဗီးနပ်စ်ငါ့ကို ထာဝရခွဲမသွားဘူးလို့။ ဒါပေမယ့် ငါထင်ထားသလို ဖြစ်မလာဘူး။ ဗီးနပ်စ်က ငါ့ကိုဆက်ပြောပြန်တယ်။ မောင်ရယ် ရင့်ကျက်စမ်းပါ။ အချိန်တန်ရင် ဒီလိုပဲခွဲကြရတာမဟုတ်လား။ နောက်ပြန်ဆုံမယ့်အချိန်ရောက်ရင်လဲ ဆုံရမှာပေါ့။ ဟင့်အင်း မောင်ဗီးနပ်စ်ကိုပဲချစ်တယ်။ မောင့်ကိုထားမသွားပါနဲ့ ဗီးနပ်စ်ရယ်နော်။ ဗီးနပ်စ် မောင့်ကိုလက်တွဲဖြုတ်လိုက်တာနဲ့ မောင်သေသွားလိမ့်မယ်ဆိုတာ အသေချာဆုံးပဲ။ ဗီးနပ်စ်က ခပ်တိုးတိုးလေးရယ်ရင်း ပြန်မေးတယ်။ မောင်အခုအသက်ရှင်နေတာဘာကြောင့်လဲတဲ့။ ကျွန်တော်ရိုးသားစွာပဲပြန်ဖြေလိုက်ပါတယ်။ ဗီးနပ်စ်ရဲ့ အချစ်ကြောင့်ပေါ့။ သူမကထပ်ဆိုပြန်တယ်။ မောင်က အချစ်ကြောင့် အသက်ရှင်တာမှန်ရင် ဒီမယ်မောင် အချစ်ဆိုတာ ဗီးနပ်စ်တစ်ဦးတည်းပိုင်မဟုတ်သလို ဗီးနပ်စ်တစ်ယောက်တည်းမှာပဲရှိတာမဟုတ်ဘူး။ မောင်သာ အမှန်တကယ်ချစ်တတ်မယ်ဆိုရင် မောင့်အချစ်ဟာလည်း ဗီးနပ်စ်တစ်ယောက်တည်းအတွက်မဖြစ်နိုင်ဘူး။ မဖြစ်ရဘူး။မဖြစ်သင့်ဘူးမောင်။ ဗီးနပ်စ်ရဲ့အချစ်ကြောင့် မောင်ပြန်လည်အသက်ရှင်လာတာ မှန်တယ်နော်။ အဲဒါဗီးနပ်စ်ကြောင့်မဟုတ်ဘူး။ အဲဒါ အချစ်ကြောင့်အသက်ရှင်တာလေ။ မောင့်အနေနဲ့ ဗီးနပ်စ်မရှိရင် အသက်မရှင်နိုင်ဘူး၊ အချစ်မရှိရင် မရှင်နိုင်ဘူးဆိုရင် တစ်ချိန် အချစ်ကိုပြန်လည်တွေ့ရှိတဲ့အချိန် မောင်အသက်ပြန်ရှင်သန်လာပါလိမ့်မယ်။ ငါ ဗီးနပ်စ်ကို တကယ်လေးစားမိတယ်။ ဗီးနပ်စ်ကို ယုံကြည်သွားမိတယ်။ သူမတကယ့်အမှန်တွေကိုပြောနေတာပါလား။ ဒါပေမယ့် ငါ့စိတ်ကို ငါမထိန်းနိုင်ဘူး။ ဗီးနပ်စ်ကို ငါမခွဲချင်ဘူး။ ငါအရမ်းဝမ်းနည်းမိတယ်။ ငါလေ ဗီးနပ်စ် မသိအောင် ရှိုက်ငိုမိတယ်။ ဒါပေမယ့် အချစ်နတ်ဘုရားမက ချက်ချင်းသိသွားပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ဆိုလာပြန်တယ်။ မငိုပါနဲ့မောင်ရယ်။ အင်းလေ.. မောင်မခံစားနိုင်လို့ငိုမိရင်လည်း ဗီးနပ်စ်မတားတော့ပါဘူး။ မောင် ၀အောင်ငိုလိုက်ပါ။ မောင့်ရင်ထဲမှာ ပေါ့သွားအောင် အော်ငိုပစ်လိုက်ပါ။ ရော့..ဒါက မောင့်ကို ချစ်လွန်းလို့ ဗီးနပ်စ်တို့ အချစ်နတ်ဘုရားတွေ ဖော်စပ်ထားနဲ့ ရို့စေးဝိုင်ပါ။ မောင် သောက်လိုက်ပါ။ တစ်ချိန်ချိန်မှာ အချစ်တစ်ခုကို မောင်တွေ့ရတဲ့အချိန်ကျရင် မောင့်ရင်ထဲက ခံစားချက်ဝေဒနာတွေ ပျောက်သွားပါလိမ့်မယ်။ ငါလည်း အချစ်နတ်ဘုရားမပေးတဲ့ ၀ိုင်ကို တစ်ကျိုက်တည်းတဲ့ မော့သောက်ပစ်လိုက်တယ်။ ဒါပေမယ့် ငါ့ရင်ထဲမှာ ပူလောင်နေတုန်းပါပဲ။ ငါဆက်ပြီးငိုနေဆဲပါပဲ။ ဗီးနပ်စ်ကတော့ ငါနဲ့ဝေးရာကို တစ်ဖြည်းဖြည်းရွေ့သွားနေလေရဲ့။ နောက်ဆုံးမြင်ကွင်းကနေပျောက်ကွယ်သွားလုအချိန်မှာ ဗီးနပ်စ်က လှမ်းအော်ပြောလိုက်တယ်။ မောင်..... တစ်နေ့ မောင်အချစ်ကိုထပ်တွေ့ဦးမှာပါ။ နက်ဖန်ကျရင်မောင်သေဆုံးသွားခဲရင်တောင် မငိုနဲ့တော့နော်။ တကယ်လို့ အချစ်ကိုပြန်မတွေ့ဘူးဆိုရင်လည်း မောင် နောက်တစ်ကြိမ်ထပ်ပြီးမသေဆုံးရတော့ဘူးပေါ့မောင်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါမောင်။ အချစ်နတ်ဘုရားမရဲ့အဝေးဆီက ပြောလိုက်တဲ့အသံက ငါ့နားထဲမှာ စွဲနေလေရဲ့။ စကြ၀ဠာတံတိုင်းဆီက ပဲ့တင်ပြန်လာသံက ငါ့ရဲ့နှလုံးသားမဲ့ရင်ဘတ်ထဲမှာ အကြိမ်ကြိမ်မြည်ဟီးနေလေရဲ့။ ဟုတ်တယ်။ ငါ ဒီနေ့ဝအောင်ငိုမယ်။ သေအောင်ငိုမယ်။ မနက်ဖန်ကျရင် ငါလုံးဝမငိုတော့ဘူး။ အချစ်နဲ့မတွေ့သမျှလုံးဝမငိုတော့ဘူး။ အချစ်မရှိတဲ့အတွက် ငါအခုသေဆုံးရတော့မယ်။ အချစ်နဲ့တွေ့ရင် နှလုံးသားမရှိတော့တဲ့ငါ ပြန်လည်ရှင်သန်ရမယ်။ တကယ်ဆိုရင် ငါအသက်ရှင်ခဲ့ရတာ ငါ့မှာနှလုံးသားရှိလို့မဟုတ်ဘူး။ ငါ့ရင်ထဲမှာ အချစ်ရှိလို့ ငါရှင်သန်ခဲ့ရတာ။ အချစ်နဲ့မတွေ့သမျှ ငါသေဆုံးနေမယ်။ အချစ်နဲ့တွေ့ရင် ငါပြန်ရှင်သန်မယ်။ ဒါဆိုရင်....ဒါဆိုရင် အချစ်မရှိရင် အချစ်နဲ့ထပ်မတွေ့ရင် ထပ်ပြီးဘယ်တော့မှ မသေဆုံးရတော့ဘူးပေါ့။ ငါ ထပ်မငိုရတော့ဘူးပေါ့။ ဟုတ်တယ်။ ငါမငိုတော့ဘူး။ နက်ဖန်ငါလုံးဝမငိုတော့ဘူး။ အချစ်အတွက် ငါလုံးဝမငိုတော့ဘူး။ ငါ့နားထဲမှာကြားယောင်နေတယ်။ ငါ့ရင်ဘတ်ထဲမှာ စွဲထင်လာပြီ။ ဗီးနပ်စ်က ငါ့ကို ပြောခဲ့ဖူးတယ်။ မောင်ရယ်ရင့်ကျက်စမ်းပါတဲ့။ ဟုတ်တယ် ငါရင့်ကျက်ဖို့ကြိုးစားမယ်။ နက်ဖန်ကျရင် ငါလုံးဝမငိုတော့ဘူး။ တစ်သက်လုံးစာအတွက် ငါမငိုတော့ပါဘူး ဗီးနပ်စ်ရယ်။ တကယ်တော့ မင်းရဲ့အချစ်က ငါ့ကိုရင့်ကျက်ဖို့သင်ပေးခဲ့တာပါကွယ်.........
Jimmy Gandhi
15 May 2012
(5:59)
Posted by
july
at
11:04 PM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ရသစာပေ
နှလုံးသားခုံရုံးသို
နှလုံးသားခုံရုံးသို
ဦးတိုက်လျှောက်ထားကာ တောင်းဆိုအပ်ပါသည်....
အကြင်သူ မိန်းမငယ်လေးအား
အကျွန့်နှလုံးသားအား ထာဝရပေးအပ်ထားပါသည်
အကြင်သူ မိန်းမငယ်လေးအား
အကျွန့် ချစ်ခြင်းအား အပြည့်အ၀ ပေးအပ်ထားပါသည်
အကြင်သူ မိန်းမငယ်လေးအား
အကျွန့် မြတ်နိုးခြင်းအား အပြီးအပိုင်ပေးအပ်ထားပါသည်
အကြင်သူ မိန်းမငယ်လေးအား
အကျွန့် ကြင်နာခြင်းများ အကြွင်းမဲ့ ပေးအပ်ထားပါသည်
သို့ပါသော်လည်း
အကြင်သူ မိန်းမငယ်လေးသည်
အကျွန့်ရင်တွင်း ခွဲစိတ်ရင်း
မြတ်နိုးခြင်းကို နင်းခြေ
ချစ်ခဲ့ခြင်းကို လစ်လျှူရှု
ကြင်နာခြင်းကိုမျက်ကွယ်ပြုကာ
ပစ်ခါစိမ်းကား မုန်းဖို့ရာ သူကြိုးစားနေပါသည်
သို့ဖြစ်ပါသောကြောင့်
ချစ်ခြင်းတစ်ခု အရင်းပြုကာ
နှလုံးသားတစ်ခု အသုံးပြုပြီး
ဦးတိုက်ကာ လျှောက်ထားအပ်ပါသည်
နှလုံးသားပုဒ်မ ၁၅၀၀ ဖြင့်
အရေးယူဆောင်ရွက်
ပြန်ချစ်စေအပ်ရန် အမိန်တော်ချမှတ်ပေးပါ.....
(နှလုံးသားခုံရုံးသို့ - princeakarit)

1:25 PM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
``ရင်ထဲကဗျာ``
``ရင်ထဲကဗျာ``
~~~~~~~~~~
အတိတ်မှာ အလွမ်းတော် ခ၀ါချ
နွမ်းနယ်မှု တွေ ၀တ်ဆင်ပြီး
အတွေး ချည်တိုင်မှာ မင်းပါပဲ
တကယ်ဆို..ငါတို့တွေ
မင်းမသိတဲ့ ငါ..
ငါမသိတဲ့ မင်း ဘ၀ နဲ့
မျက်မှန်စိမ်းတွေ
တပ်ခဲ့ကြရင် ကောင်းသားး
ခုတော့ ချည်ခဲ့ဘူးတဲ့
ချည်တိုင်ပောာင်းဆီမှာ
တ၀ဲလည်လည်နဲ့..
အလွမ်းတွေ စာတင်လို့
ကဗျာ မည်ခဲ့ ရပြီ
ငါ့ သမိုင်းထဲ.....
mg ko( ရဲသွေးနေ )
3:45 am.
15th,may,2012
~~~~~~~~~~
အတိတ်မှာ အလွမ်းတော် ခ၀ါချ
နွမ်းနယ်မှု တွေ ၀တ်ဆင်ပြီး
အတွေး ချည်တိုင်မှာ မင်းပါပဲ
တကယ်ဆို..ငါတို့တွေ
မင်းမသိတဲ့ ငါ..
ငါမသိတဲ့ မင်း ဘ၀ နဲ့
မျက်မှန်စိမ်းတွေ
တပ်ခဲ့ကြရင် ကောင်းသားး
ခုတော့ ချည်ခဲ့ဘူးတဲ့
ချည်တိုင်ပောာင်းဆီမှာ
တ၀ဲလည်လည်နဲ့..
အလွမ်းတွေ စာတင်လို့
ကဗျာ မည်ခဲ့ ရပြီ
ငါ့ သမိုင်းထဲ.....
mg ko( ရဲသွေးနေ )
3:45 am.
15th,may,2012
Posted by
july
at
1:17 PM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
အတွေး
အတွေး
နင်နဲ့ တွေ့တဲ့ ချိန်မှာ ငါ ပျော်နေမိတယ်
နင်နဲ့ စကားပြော၇တဲ့ အချိန်တွေမှာ
ငါအားလုံးကို မေ့ထားနိုင်ခဲ့တယ်
နင့်အကြောင်းလေး တစ်ခုလောက်
အတွေးထဲကိုရောက်ခဲ့တယ်ဆိုရင်ပဲ
ငါဟာ အောင်နိုင်သူတစ်ယောက်ပေါ့
ချစ်သူရယ် နှလုံးသားရဲ့ တောင်းဆိုချက်ကို
ငါမငြင်းနိုင်ခဲ့ ဘူး
ကောင်းမြတ်စုံ
Posted by
july
at
1:11 PM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
ချစ်ခြင်းဖြင့်သံစဉ်
ချစ်တတ်တဲ့ နှလုံးသားကို
နားလည်မှုဆိုတဲ့ မြေမှာ မျိုးစေ့ချပြီး
မြတ်နိုးခြင်း ဆိုတဲ့ မြေသြဇာထည့်
မေတ္တာဆိုတဲ့ သန့်စင်တဲ့ရေအေးလေးလောင်းပြီး
သံယောဇဉ်ဆိုတဲ့ လက်နှက်တစ်ခုနဲ့
ဖြစ်ပေါ်လာမဲ့ သံသယ ပေါင်းမြက်တွေ
မာန်မာန ပိုးမွှားတွေကို ရှင်းလင်းရင်း
တို့နှစ်ယောက်ရဲ့ အချစ်သစ်ပင်လေးကို
အတူလက်တွဲပြီး ပျိုးထောင်ကြရအောင်နော်....
(ချစ်ခြင်းဖြင့်သံစဉ် - Princeakarit)
Posted by
july
at
12:45 PM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
အတွေးစိတ်ကူး
Posted by
july
at
12:14 PM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
Poster
ခံစားချက်ကဗျာ
Posted by
july
at
12:14 PM
1 comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
အောင်မြင်မှုဆိုတာ
Posted by
july
at
12:11 PM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
Poster
မင်းသိပါစေ ..
Posted by
july
at
12:10 PM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
ချက်ကြွေတဲ့ မြေ
Posted by
july
at
12:09 PM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
မှတ်သားဖွယ်ရာဗိုလ်ချုပ်စကား
Posted by
july
at
12:04 PM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
Poster
သတင်းထောက်
Posted by
july
at
11:57 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
satire cartoon
ဧရာဝတီရဲ့ သတိုးသား

Posted by
july
at
11:48 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
photo
“နွေဘွဲ့ (ရတု)”
“နွေဘွဲ့ (ရတု)”
နွေဦးရာသီ။ ။ရော်ရီရွက်ဟောင်း
မြေလျှောင်းကြွေသက် ရွက်သစ်ထွက်သော်
ကန့်ကော်လှိုင်လှိုင် မြိုင်မြိုင်ရင်ခပ်
ထပ်ထပ်အင်ကြင်း ငုဝင်းဝင်းနှင့်
ရွှန်းရွှန်းသပြေ မြေဇာစိမ်းစိမ်း
လေလာတိမ်းကြ ယိမ်းအကပြိုင်
ပိတောက်ခိုင်ညှာ မွှေးလေ၏---။
လေမြူးကာချီ။ ။မိုးနတ်စည်လည်း
မြည်သံချိန့်ချိန့် မိုးတိမ်နိမ့်ပြာ
မသည်းပါဘဲ တဖွဲဖွဲနှင့်
ဝမ်းနည်းစိတ်မှာ ဟာသလိုလို
ဘယ်ဆီကိုတမ်း ဘယ်ကိုလွမ်းရ
မှန်းဆမနိုင်
တယောက်မှိုင်ကာ ဆွေးလေ၏---။
ဖြေဖူးပါသည်။ ။မြန်ပြည်ဋ္ဌာန
ဝေးကွာစွဟု စိတ်ကရမ်းရော်
မှန်းဆမျှော်မိ ဖမိရှိရာ
အညာရွာလေး ရေးရေးမြင်လို့
ထန်းညို့ညို့နှင့် မို့မို့ရစ်မှောင်
ပုံတောင်ပုံညာ နောက်ခံပြာထား
ပန်းချီကားသို့ ရှု့ စားမဝ
အလှစုံမြိုင်
မရောက်နိုင်ကြာ ဝေးလေဘိ---။ ။
သန်းစိန်
ပန်းချီ စောလှိုင်
နွေဦးရာသီ။ ။ရော်ရီရွက်ဟောင်း
မြေလျှောင်းကြွေသက် ရွက်သစ်ထွက်သော်
ကန့်ကော်လှိုင်လှိုင် မြိုင်မြိုင်ရင်ခပ်
ထပ်ထပ်အင်ကြင်း ငုဝင်းဝင်းနှင့်
ရွှန်းရွှန်းသပြေ မြေဇာစိမ်းစိမ်း
လေလာတိမ်းကြ ယိမ်းအကပြိုင်
ပိတောက်ခိုင်ညှာ မွှေးလေ၏---။
လေမြူးကာချီ။ ။မိုးနတ်စည်လည်း
မြည်သံချိန့်ချိန့် မိုးတိမ်နိမ့်ပြာ
မသည်းပါဘဲ တဖွဲဖွဲနှင့်
ဝမ်းနည်းစိတ်မှာ ဟာသလိုလို
ဘယ်ဆီကိုတမ်း ဘယ်ကိုလွမ်းရ
မှန်းဆမနိုင်
တယောက်မှိုင်ကာ ဆွေးလေ၏---။
ဖြေဖူးပါသည်။ ။မြန်ပြည်ဋ္ဌာန
ဝေးကွာစွဟု စိတ်ကရမ်းရော်
မှန်းဆမျှော်မိ ဖမိရှိရာ
အညာရွာလေး ရေးရေးမြင်လို့
ထန်းညို့ညို့နှင့် မို့မို့ရစ်မှောင်
ပုံတောင်ပုံညာ နောက်ခံပြာထား
ပန်းချီကားသို့ ရှု့ စားမဝ
အလှစုံမြိုင်
မရောက်နိုင်ကြာ ဝေးလေဘိ---။ ။
သန်းစိန်
ပန်းချီ စောလှိုင်
Posted by
july
at
11:43 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
Help me

Posted by
july
at
9:19 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
photo
ကာတွန်း

Posted by
july
at
9:11 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
satire cartoon
ကာတွန်း

Posted by
july
at
9:10 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
satire cartoon
မလေးရှားအိမ်ဖော် အတွေး

Posted by
july
at
9:07 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
satire cartoon
ငြိမ်းချမ်းလိုသူ

Posted by
july
at
8:33 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
"စလေဦးပုညနဲ့အချုပ်တန်းဆရာဖေ"
"စလေဦးပုညနဲ့အချုပ်တန်းဆရာဖေ"
တကယ်တော့ ကုန်းဘောင်ခေတ်ရဲ့အထင်ကရစာဆိုတော်ကြီး နှောင်းခေတ်ပညာရှင်တွေက
မြန်မာပြည်ရဲ့ရှိတ်စပီယားလို့ အမည်တတ်ခံရတဲ့စလေဦးပုညဟာ ရုပ်ဆင်းအင်္ဂါပြည့်စုံသူမဟုတ်ပါ
⋯⋯
ခြေတစ်ဖက်သိမ်ပြီ လက်တစ်ဖက်ကလဲသေးပြီ မွေးရာပါဒုက္ခိတပါ ဒါပေမယ့်ပညာဥာဏ်ပါရမီ
ရင့်သန်လှသူမို့လဲ သူရဲ့အားနည်းချက်တွေပျောက်ကွယ်ေ
နချင်းဖြစ်ပါတယ် ဘယ်သူမှလည်း
သူ့ရဲ့အားနည်းချက်ကိုဖေါ်ထုတ်စော်ကားရဲမယ်မထင်ပါ သူနဲ့တစ်ခေတ်တည်းပေါ်ခဲ့တဲ့ခေတ်ပြိုင်စာဆိုအချုပ်တန်းဆရာဖေကလွဲရင်ပေါ့..အချုပ်တန်းဆရာဖေဆိုတာကလည်း သူခေတ်နဲ့သူတော့ ခေသူမဟုတ်ပါ ဦးပုညလိုအနုအလှတွေထိမီတဲ့စာသား
တွေ မသုံးနိုင်ပေမယ့် နယ်ချဲ့အင်္ဂလိပ်ကိုကလောင်သွားနဲ့
မကြောက်မရွံ့ကလိရဲတဲ့
အာဇာနည်စာဆိုတစ်ဦးပါ ဦးပုညနဲ့ဆရာဖေတို့ဟာခတ်ဖော်ခတ်ဖက်တွေမို့တစ်ယောက်အကြောင်းပြောရင် တစ်ယောက်ကိုချန်ထားလို့မရပါ တစ်ယောက်နဲ့တစ်ယောက်လည်းမညှာတမ်းတိုက်ခိုက်ရေးသားကြသူတွေဖြစ်ပါ
တယ်.
(စာကောင်းရင်မအေပေးတွေက
စလေရေးဆိုကြပြန်တယ်
တို့များကျဥာဏ်မမီတယ်
ကံမပီညစ်နွမ်း)
ဆိုပြီအချုပ်တန်းဆရာဖေကစရေးတော့
စာပေတိုက်ပွဲကြီးဖြစ်လာပါတယ်
သူမတူအောင်အသားမည်းလှတဲ့ဆရာဖေကိ
ုရည်ရွယ်ပြီး
(ခါးတောင်းကျိုက်ပိတုန်းပိတ်နဲ့
ကျုံးထိပ်ကငဖေ
ကုန်းပြိတ္တတစ္ဆေလို
အသရေဟိတ်နွမ်း
မနှိုင်းအပ်မယှဉ်ရာ
နင်ဘာပြောဟော့ရမ်း)
ဆိုတဲ့တေးထပ်ကိုရေးလို့ ဆရာဖေကိုနံမည်ခေါ်ပြီးပြောင်ပြော
င်ကြီးတွယ်ခဲ့ပါတယ် ဒါကိုမကျေနပ်တဲ့ဆရာဖေကလည်း
(ကဗျာစီ မောင်ပုည
ဆောင်ဂုဏ်ပြ ထုတ်လျှင်
တောင်ချုံက ပုတ်သင်လို
ကုပ်ခွင်သိမ် လက်သေး။
မင်းမြှောက်လို့ 
သင်းလောက်ကျော်သည်
ထွင်းဖေါက်ကော် ဥာဏ်မျိုးနှင့်ဝေး။)
အစရှိတဲ့ တေးထပ်နဲ့  ပြန်ခွပ်တာပေါ့ ။ (တေးထပ်အပြည့်အစုံတော့ မတွေ့ မိပါ၊ ပညာရှင်များ ရှာဖွေကြဆဲလို့ ထင်ပါတယ်။) အဲဒိမှာ ဦးပုည နည်းနည်း ငြိမ်သွားတယ်။ ပြန်တီးတဲ့  စာထွက်မလာတော့ဘူး။ ဒါပေမယ့်  နေသေးသပ ချုံထဲက ချိုသွေးတမြမြ ဆိုတာလို အကြံထုတ်နေတာနေမှာပါ။ အဲဒိအချိန်မှာ ထပ်ပြီး မီးဆေးဖို့  အလဲထိုးဖို့  အချုပ်တန်းဆရာဖေရဲ့  ဘက်တော်သားတွေက မီးလောင်ရာ လေပင့်ထပ်လုပ်ကြ ၊ အကြံပေး ကြတာပေါ့ ။ အဲတော့
ဇစ္စန္ဒာဧဠ
စလေက ပုညံ
အခြေက ဂုဏ်ခံသော်
ပုံသဏ္ဍာန် ဆိုပြ။
ကုသလ ဥပေက္ခာ
လူဖြစ်လာ သန္တီရဏ။
သန္ဓေချင်းမတူပါ
အယူမှာကွာလှ
နမူနာ စာအရကိုတော့
ကမ္ဘာက အသိပါ။
ဝိပါက်မှာ မဟာထပ်ပါလို့ 
လာကပ်တဲ့ မန်းမြို့ ဆရာ။
သန္ဓေချင်း ဒါလောက်ကွာတယ်
ဝါမောက်ကာ ဆိုင်မတုချင်နဲ့ 
ပြိုင်ပြုက မနုဿဌာနီ
မုချကွာမည်။
ဥက္ကဋ္ဌ အာဇာနည်ကို
စာပလီ ရေးလာနှင့်လေး။
ဆိုပြီး ပွဲသိမ်းဒူးပေးလိုက်တာပေါ့ ။ အဲဒိမှာတင် စလေ နဂါးကြီး ရှူးရှူးရှဲရှဲ ဖြစ်သွားတော့တာပေါ့ ။ သူ့ အားနည်းချက် လက်ခွင်တဲ့  ကိစ္စကို အချုပ်တန်းဆရာဖေရဲ့  ကဗျာကြောင့် လူတွေသိသွားကြတာကို သူသိပ်ရှက်သွား တာလည်းပါတာပေါ့ ။ အဲတော့ သူ့  ရဲ့ လက်ကိစ္စကိုလည်းဖြေရှင်းရင်း၊ ပင့်လက်သီးလည်းပေးရင်း တစ်ချက်ခုတ်နှစ်ချက်ပြတ် တွယ်လိုက်တာက
တရုဏီရွယ်ကာလ
ငယ်ခါက ကျောင်းနေ
ဘယ်ညာချ စောင်းအနေမှာ
လောင်းကဝေ ငါ့အား။
အိပ်ပျော်ခိုက် ဘ- အလာမှာ
မကာသာ တွန်းချလေငြား။
သို့ အတွက် လက်ျာ သိမ်သည်
ငါကဝိန်သူ့ အား
ဘာအလိမ် လူ့ ငနွားရယ်က
အရှုမှားလေတယ်။
ငဖေရယ် စလေတုပေမယ့် 
မေရုနှင့်မြင့်မိုကွာမယ်။
သူရာနှင့်သိကြားနှယ်
ဘုရားဝယ် မာရ်နတ်သို့ 
စာတတ်နှင့် အ,သူပမာ
အဲသည်လောက်ကွာ။
ကေဝဋ်နှင့် မဟော်သဓာလို
အတော်ကွာခြားတာမို့ လေး။
သူ့ အဖေ အအိပ်ကြမ်းလို့  တွန်းချခံရပြီး လက်သိမ်သွားတာကို ဖေါ်ပြရင်းနဲ့ ဥပမာ အမျိုးမျိုးသုံးပြီး နှိပ်နှိပ်ကွပ်ကွပ် ချေပ လိုက်တာပေါ့ ။
ဦးပုည က အချုပ်တန်းဆရာဖေက သူ့ လက်နဲ့ ပါတ်သက်ပြီး ဝမ်းတွင်းပါ အနာလို့  စာချိုးထားတာကို တော်တော် အခံရခက်နေတော့ အဲလောက်နဲ့ မကျေနပ်နိုင်သေးပဲ အချုပ်တန်းဆရာဖေက သူ့ ငယ်ကျိုးငယ်နာကို ဖေါ်ထုတ်ရေးသားတာဟာ လိမ်ညာပြီး ရေးတာမို့  လူလိမ် တစ်ဦးဖြစ်ကြောင်း တိုင်းပြည်ကို ဖြေရှင်းချက် ချေပချက် ပေးလိုက်တာက
စေတီယ မင်းလက်ထက်
ဖွားဘက်တော်ရဲဗိုလ်
မဟုတ်မှ သူဆိုတယ်
သူ့ တကိုယ်မုသား။
အလွဲများဘုရင်တွင်သည်
အလိမ်တွင် မင်းတရဖျား။
အမှားများ ဥသျှောင်ငယ်
အကောက်တောင်ပိုင်စား
သင်္ဘောပါ မှန်များသော်မှ
မှားခေါ်လို့ ရောင်းစေ။
မှန်ခေါ်လျှင်အာကိုဖဲ့ မယ်ဟု
မောင်း လှည့်မည့်လူစားပါပေ။
တစ်မိုးအောက်လူ့ ပြည်မှာ
သည်မောင်ဖေ တပါးဟာဖြင့်
မုသားစောင်လိုခြုံ
ပိန်းပိတ်လို့ မှုံ။
မျက်လှည့်ကြီးဥာဏ်မျိုးစုံရယ်
လှည့်စားပုံဆန်းလှပါလေး။
ဒါနဲ့ လည်း စိတ်မကျေသေးဘူး။ အချုပ်တန်းဆရာဖေဟာ လိမ်ညာ တတ်သူဆိုတာ ပိုပြီး ထင်ရှားမြင်သာစေချင်လို့  အလွန့် အလွန် ထိမိပြီး သေးသိမ်ယုတ်ညံ့  တဲ့  ရွံရှာဖွယ် စကားလုံး ဝေါဟာရတွေ ကို စက်သေနတ် ပစ် သလိုသုံးပြီး
ဂျပ်ကောင်နှယ် ဖင်ကြားက
သန်းစကားသူဝါ
ရမ်းကား၍တုလာလျှင်
ဥပမာဆိုစို့ ။
ချေးပုံနှင့် မြင့်မိုတောင်
ခင်းဆိုယောင် ပြုကြသည်သို့ ။
သေးကွက်ကို ပင်လယ်
နင်တကယ်ထင်လို့ 
သဘင်ဝယ် ယှဉ်မတို့ လာနှင့်
သခင်တို့ ဦးချီ။
အုန်းမှုတ်လို အနေစားငယ်နှင့်
ရွှေဖလား မနှိုင်းတန်သင့်ပြီ။
ဥတုနှင့်ပုဇွန်ဆီ
ဒွန်ပီပီယှဉ်တွဲလို့ 
စပ်ဖဲအတွင်းခံ
ရိုင်းမိုက်တဲ့ ဥာဏ်။
မိုးကြိုးနှင့်အီးသံလို
ခရီးမှန်ကွာလှမ်းလှလေး။
ဒီလိုနဲ့ ပဲ ဦးပုည နဲ့  အချုပ်တန်း ဆရာဖေ တို့ ရဲ့ ကဗျာစီးချင်းတိုက်ပွဲ ဟာ ယမ်းနံ့ သွေးနံ့  တို့  လွင့်ပျံ့  လို့ နေကြပြီပေါ့ ။ တကယ်တော့ သူတို့ နှစ်ဦးရဲ့  ရန်စကို ဇာတ်ရှိန် မတက်တက်အောင် မီးထိုး မြှောက်ပင့်ပေး တဲ့ သူတွေရှိခဲ့ ကြလို့ သာ အခုလို အပြန်အလှန် စာချိုးခဲ့  ကြတာဖြစ်ပြီး၊ အဲလို သူတစ်ပြန်ကိုယ်တစ်လှည့်  ကဗျာသိုင်းကွက် အသစ်တွေ ထုတ်ခဲ့  ကြတဲ့ အတွက် အခုလို စီးချင်းတိုက်တဲ့  ကဗျာတွေကို မြန်မာ စာပေ ကဗျာ လောကမှာ တွေ့ မြင်ခဲ့  ကြရတာ ဖြစ်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် တပည့်နောက်လိုက်တို့ ရဲ့  မြှောက်ပင့်သွေးထိုးမှုကြောင့်ေ
ရာ၊ ပြီးတော့ ငါ ဆိုသော မာန အခံ၊ အရည်အချင်း ပြိုင်ဆိုင်လိုတဲ့  စိတ်အခံ တို့ ကြောင့်ပါ အခုလို ကဗျာ စီးချင်းတိုက်ပွဲမျိုး ဖြစ်ခဲ့ ကြတာပါ။ ဒါပေမယ့်  တစ်ယောက်နဲ့ တစ်ယောက် သဲသဲမဲမဲ ရန်ငြိုးသိုပြီး တစ်သက်လုံး မုန်းနေကြလိမ့် မယ်လို့ ထင်ရင်တော့ မှားလိမ့် မယ်နဲ့ တူပါတယ်။
ဦးပုည တစ်ယောက် အခါပေး မှုနဲ့ ပါတ်သက်ပြီး အဖမ်းခံရ၊ ပြီးတော့ "လူကိုခွေးသတ် " ခံရ တဲ့ အခါမှာ အချုပ်တန်း ဆရာဖေတစ်ယောက် အူမြူးနေမယ် ထင်ကြပါသလား။ ဒါမှမဟုတ် မတရားသော လောကကြီးကိုပဲ စိတ်နာပြီး ဘဝတူချင်းအတွက် မျက်ရည်ကျနေမလား။
ကျွန်တော့ကတော့ လက်ရည်တူ ပြိုင်ဘက်ကောင်းတစ်ယောက် အချိန်မတန်မီ ကြွေလွင့်ခဲ့  ရတော့  အချုပ်တန်းဆရာဖေ အဖို့ မှာ နှမျောစိတ်နဲ့  သေတဲ့ အထိ ဦးပုညကို လွမ်းနေလိမ့်  မယ်လို့ ထင်မြင်မိပါကြောင်း။
သူတို့ နှစ်ဦးရဲ့  စာပေတိုက်ပွဲ ကဗျာစီးချင်းထိုးပွဲနဲ့ ပါတ်သက်လို့  မြန်မာစာ ပါမောက္ခ ဦးချမ်းမြ က
စာဟူသည်မှာ အပြိုင်ရှိမှလည်းတိုးတက်သည်။ သူတို့ ရဲ့ စာပေတိုက်ပွဲမျိုးတွေကို နိုင်ငံရေး အမြင်များဖြင့် ပုံကြီးမချဲ့ သင့်။ မည်သူမှန်၍မည်သူမှားသည် ဟု စပ်ကြားက မဝေဖန်သင့်။ သူ့  ဆရာငါ့ဆရာ ဟူ၍လည်း ငါ့ဆရာထိကမခံဟူ၍လည်း စိတ်သဘောမျိုးမထားသင့်။ သူတို့  စာများကို ဖတ်ရှု၍ ဆင်ခြင်ပြီး အမြတ်ထုတ်ကြရာသည်ဟု ထင်မြင်ကြောင်း
သုံးသပ်ချက်ကို တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။
ကဗျာများအား မူရင်းသတ်ပုံအတိုင်းဖေါ်ပြထားခြင်းဖြစ်ပါတယ်။
ကဗျာနှင့်အချက်အလက်များအား အငြိမ်းစားမြန်မာစာ ပါမောက္ခ ဦးချမ်းမြ ၏ အချုပ်တန်းဆရာဖေ စာအုပ်မှ ကူးချ ဝေငှထားတာ ဖြစ်ပါကြောင်း။
Ka Yin Lay created the doc:
လူဗိုလ်ဟူသည် .. ဘလောက်မှတဆင့် ကူးယူထားပါသည်။

8:26 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
လက်ဆောင်

သင်္ကြန်ရောက်ပြန်ပြီ အချစ်ရေ
အလွမ်းတွေရင်မှာပြည့် လို့ 
သတိရစိတ် ချော့ သိပ်မရပါလားကွယ် ..။
မထင်မှတ်တဲ့ တနေ့ မှာချစ်သူဖြစ်ခဲ့ ကြတယ် ..။
မျှော်လင့် မထားတဲ့ တနေ့ မှာဝေးခဲ့ ကြရတယ် ...။
ချစ်သူ ...
မင်းက ပန်းရောင်ကိုနှစ်သက်သလို
ကိုယ်ကလည်း အဖြူရောင်ကို
မြတ်နိုးခဲ့ တယ်လေ ...။
ဖေဖော်ဝါရီ (၁၄)
လက်ဆောင်လေးတွေလဲလို့ 
ကြည်နူးခဲ့ ဖူးတယ်...။
မထင်မှတ်ပဲ ချစ်သူဖြစ်ခဲ့ တဲ့ နေ့ 
ကိုယ်တနေ့ မှမေ့ မရခဲ့ ပါဘူး ...အချစ်ရယ်....။
မေ့ မရနိုင်တဲ့ ချစ်သူ..
မင်းလည်းကိုယ့် လို
လွမ်းနေမယ်ထင်ပါရဲ့  ....။
ပိတောက်ဖူးတဲ့ 
ဒီနှစ်ကူးမှာ
ချစ်သူ ... ကိုယ်မင်းအတွက်
ပိတောက်တစ်ခက် ခူးထားပါတယ် ...။
ချစ်သူသို့ အမှတ်တရ
စိုင်းဇေယျာထွန်း
(14.4.2012)
Posted by
july
at
8:21 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
"..တကယ်လို့ များ .."

အိပ်မပျော်တဲ့ ညတွေမှာ
ကလေးအကြောင်းစဉ်းစားရင်း
ကဗျာတွေရေးနေမိတယ်....။
မေ့ မရပါလား ..ကလေးရယ်
ဖြစ်ပျက်ခဲ့ တာတွေက
အိပ်မက်မှမဟုတ်ပဲ
အတိတ်ဆီကိုတွေးမိရင်
အဖြစ်တွေက အရိပ်လို
ကပ်ပါစမြဲ ပဲလေ ...။
နှစ်ဟောင်းကုန်လို့ 
နှစ်သစ်ပြောင်းတိုင်း
လွမ်းမောရတာလည်း
ရင်နှင့်အမျှပါပဲ .....။
အချစ်ရဲ့ ရနံ့ တွေကိုပြန်လည်
တမ်းတတိုင်း နှလုံးသားက
ရှော့ခ်ရိုက်သလို
တဆတ်ဆတ်တုန်လာတယ်..။
လူငယ်တစ်ယောက်ရဲ့ မျှော်လင့်ချက်နဲ့ 
လွမ်းမောဖွယ်အတိတ်တွေကို
ဘရိတ်အုပ်ရပေါင်းလည်းမနည်းပါဘူး ...။
တကယ်လို့ များ .............
ဘ၀ရဲ့ အဆစ်ချိုးတနေရာမှာ
ကြမ္မာရဲ့ လှည့် ပြောင်းမှုကြောင့် 
ဆုံဆည်းကြမယ်ဆိုပါစို့  .....
ထင်မှတ်မထားတာထက်ကို
ကိုယ်ကြင်နာပါ့မယ် ...ကလေးရယ်။
စိုင်းဇေယျုာထွန်း ...
(16 April,2012) 4:54 AM
Posted by
july
at
8:14 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
ကဗျာရေးနေ ...၏

ကဗျာဖတ်တော့ ကဗျာရေးချင်တယ်........။
ချစ်တာတွေကို ကဗျာရေးချင်သည်...။
မုန်းတာတွေကိုကဗျာရေးချင်သည်....။
လွမ်းတာတွေကဗျာရေးချင်သည် .....။
ဝတ္ထုဖတ်တော့လည်း ၀တ္ထုရေးချင်တယ် .........။
အလှည့် အပြောင်းများတဲ့ လျို့ ဝှက်သည်းဖို ရေးချင်တယ်...။
အချစ်ဝတ္ထု တစ်နေ့ တစ်အုပ်ရေးချင်တယ်...။
ဂမ္ဘီရ၀တ္ထု အုပ်ပေါင်းများစွာရေး ချင်တယ် ...။
စွန့် စားဝတ္ထု တကယ်လေ့ လာပြီး ရေးပစ်လိုက်ချင်တယ်.....။
ဆောင်းပါးဖတ်လည်း
ဆောင်းပါးရေးချင်တယ် ...။
အချစ်ဆောင်းပါး
ပညာပေးဆောင်းပါး
လူမှောင်ခိုဆောင်းပါး
အို .. စုံနေအောင်ကိုရေးချင်တယ်...။
နိုင်ငံရေး ဆောင်းပါး ငါမရေး ဘူး ....။
(အစိုးရမကောင်းတာအကုန်သိနေလို့ )
ခုလောလောဆယ်တော့
အိပ်တန်းပျက်ငှက် အပြန်ခက်လို့ 
ကျီးလန့် စာစား နေထိုင်းရင်း ...။
မျိုသိပ်ခဲ့ ရတဲ့ အချစ်အကြောင်း
စိတ်မကောင်းစွာနဲ့ 
ငါကဗျာရေးနေ ...၏ ။
(( စိုင်းဇေယျာထွန်း )))
Posted by
july
at
8:12 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
ရောင်စုံအရုပ်လေးများ (ရာဘင်ဒြာနတ်တဂိုး)

ကလေးရယ်…
မင်းဆော့ဖို့  ရောင်စုံအရုပ်လေးတွေကို ငါ ယူလာပေးတဲ့အခါ
တိမ်တွေ ရေတွေဟာ ဘာကြောင့်ရောင်စုံ ဖြစ်နေရတယ်
ပန်းတွေဟာ ဘာကြောင့် ရောင်စုံ ပွင့်နေရတယ်..ဆိုတာကို
ငါနားလည်လာခဲ့ရတယ်။
မင်းဆော့ဖို့ ရောင်စုံအရုပ်လေးတွေကို ငါ ယူလာပေးတဲ့အခါမှာပေါ့။
ကလေးရယ်…
မင်းကဖို့ သီချင်းလေးတွေကို ငါဆိုပေးတဲ့အခါ
သစ်ရွက်လေးတွေမှာ ဘာကြောင့် ဂီတတွေ ရှိနေရတယ်
လှိုင်းတွေဟာ သူတို့ ရဲ့  တေးသံချို တွေကို ခံစားနားဆင်နေတဲ့ ကမ်းစပ်မြေပြင်ရဲ့ ရင်ခွင်ဆီ ဘာကြောင့်
ပို့ လွှတ်ပေးနေရတယ်ဆိုတာကို
ငါနားလည်လာခဲ့ရတယ်။
မင်းကဖို့ သီချင်းလေးတွေကို ငါဆိုပေးတဲ့အခါမှာပေါ့။
ကလေးရယ်…
မင်းရဲ့ လောဘတကြီးလိုချင်နေတဲ့ လက်လေးတွေထဲကို ငါက မုန့် ချိုချိုလေးတွေ ထည့်ပေးလိုက်တဲ့အခါ
ခွက်ကလေးတွေလို ပွင့်နေတဲ့ ပန်းပွင့်လေးတွေထဲမှာ ပျားရည်လိုချိုတဲ့ဝတ်ရည်တွေ ဘာကြောင့် ရှိနေရတယ်
သစ်သီးလေးတွေထဲမှာ အချိုရည်တွေကို ဘာကြောင့် တိတ်တိတ်ကလေး ဖြည့်ထားပေးရတယ်ဆိုတာကို
ငါနားလည်လာခဲ့ရတယ်။
မင်းရဲ့ လောဘတကြီးလိုချင်နေတဲ့ လက်လေးတွေထဲကို ငါက မုန့် ချိုချိုလေးတွေ ထည့်ပေးလိုက်တဲ့အခါ မှာပေါ့။
ကလေးရယ်…
မင်းရဲ့ မျက်နှာမှာ အပြုံးလေးတစ်ခုပွင့်လာဖို့  မင်းရဲ့  မျက်နှာလေးကို ငါက နမ်းလိုက်တဲ့အခါ
နံနက်ခင်း အလင်းရောင်ခြည်နုနုမှာ ဟိုး…မိုးကောင်းကင်ဆီက ပျော်ရွှင်စရာတွေ ဘာကြောင့် စီးဆင်းလာတယ်
နွေဦးလေပြေလေးက ပျော်ရွှင်ကြည်နူးစရာတွေကို ငါ့ကိုယ်ခန္ဓာဆီ ဘာကြောင့်ယူဆောင်ပေးခဲ့သလဲဆိုတာတွေကို
ငါနားလည်လာခဲ့ရတယ်။
မင်းရဲ့ မျက်နှာမှာ အပြုံးလေးတစ်ခုပွင့်လာဖို မင်းရဲ့  မျက်နှာလေးကို ငါက နမ်းလိုက်တဲ့အခါမှာပေါ့။ ။
ရာဘင်ဒြာနတ်တဂိုး
တဂိုး၏ colored toys ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။
Posted by ကောင်းကင်ကို
Posted by
july
at
8:05 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
ညီမလေးသို့  ...
ညီမလေးသို့  ...

ညီမလေးရေ ...
ဘ၀မှာ ၀မ်းနည်းစရာတွေနဲ့ ကြုံရလို့ 
စိတ်ညစ်နေတာလား ...???
ဝမ်းနည်းခြင်းဆိုတာ
ဘ၀မှာ အောင်မြင်မှုတခု
မရနိုင်ဘူးကွယ့် ......။
ညီမလေးရေ ...
ငါ့ အမှားတွေ များလားလို့ 
တွေးမိနေလား ...??????
သတိရှိမှ အမှားနည်းမယ်ဆိုတာ မမေ့ ပါနဲ့  .....
ညီမလေးရေ .....
စိတ်ကူးယဉ်ပြီးဖြစ်မလာဘူးလို့ 
တွေးမိနေလား ....?????
ကောင်းကျိုးဆိုးကျိုး
ဝေဖန်သုံးသပ်လို့ လူဆိုတာ
ကိုယ့်ဘ၀ကိုယ်
ထိန်းကျောင်းရတယ်ကွယ့်  ......။
မယောင်ရာဆီလူး အချိန်ကုန်မခံပါနဲ့ 
ညီမလေးရယ် ........................
(စိုင်းဇေယျာထွန်း)
Posted by
july
at
8:02 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
ဗုဒ္ဓဘာသာအပေါ် အတွေး အမြင် နှင့် မှတ်ချက်များ
ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏ အတွေး အမြင် နှင့် မှတ်ချက်များ
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)
(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ်အလင်းရရှိစေရန် တရားဟောခြင်းဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် လက်၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)
(၅) သတ်ပစ်လိုက်
ခန္ဓာကိုယ်ကို သတ်ပစ်ခြင်းသည် အကျိုးမရှိပါ၊ ခန္ဓာကိုယ်က အပြစ်ကျူးလွန်ခြင်းကိစ္စမှာ တာဝန်မရှိပါ၊ မသိမိုက်မဲစိတ်ကသာ အပြစ်ကို ကျုးလွန်၍ တာဝန်ရှိသူဖြစ်တယ်၊ မသိမိုက်မဲမှုလျင် လူသတ်သမားအစစ်ဖြစ်ပါတယ်။
ဒါ့ကြောင့် မသိမိုက်မဲမှုကိုသာ သတ်ပစ်ရမယ်၊ ကြိုးပေးရမယ်၊ ဘယ်လိုသတ်ဖြတ်ကြိုးပေးရမလဲ?
လူသတ်သမားကို သစ္စာ ပညာ ဗုဒ္ဓဒေသနာတရား ဟောကြားပြီး မိုက်မဲမှု မသိမှုကို ပယ်သတ်ပြစ်နိုင်တယ်။ (မဟတ္တမဂန္ဒီ - Ghandi)

(အိုင်စတိုင်းလ် - Albert Einstein)
(၆) အနာဂါတ်ဘာသာတရားက သဘာဝလောကဓာတ်တခွင်လုံးအတွက် အဖြေပေးစွမ်းနိုင်သော အယူဝါဒတစ်ရပ်သာဖြစ်ရလိမ့်မည်။ အနှီးဘာသာသည် ပုဂ္ဂလအဓိဌာန်အယူအဆဖြင့် ဖန်တီးတီထွင်ထားသော ဖန်ဆင်ရှင်တရားနှင့် မသက်ဆိုင်စေသင့်။ တစ်ယူသန်အစွဲအလမ်းများနှင့် ယင်တို့မှ ပေါက်ဖွားခဲ့သော အကိုးအကြောင်းဆက်ပညာကိုလည်း ကျော်လွှားလွန်မြောက် ရလိမ့်မည်။ ထိုဘာသာတရားသည် သာဘာဝလောကဓာတ်(ရုပ်တရား)နှင့်တကွ နာမ်တရာများကို လွှမ်းခြုံ၍ ဒိဌဓမ္မဖြင့် အဓိပ္ပါယ်ပြည့်ဝသော ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိရပေလိမ့်မည်။ ဗုဒ္ဓဘာသာသည် ထိုအရည်အချင်းများနှင့် ပြည့်စုံသည်ကို တွေ့ရ၏။ မျက်မှောက်ခေတ် သိပ္ပံပညာ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်သောဘာသာတရားတစ်ခုရှိသည်ဆိုပါလျင် ထိုဘာသာတရားက ဗုဒ္ဓဘာသာဖြစ်လိမ့်မည်။ (အိုင်စတိုင်းလ် - Albert Einstein)
(၇) ကမ္ဘာပေါ်တွင် မည်သည့်ဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်ဆိုခြင်းကို မပြောလျှင်မဖြစ်ပြောပါဟု သင်ကကျွနုပ်အား တိုက်တွန်းခဲ့သော် ကျွနုပ်စိတ်ပါလက်ပါစာနာထောက်ထားသောအားဖြင့် "ဗုဒ္ဓဘာသာသည် ကြီးကျယ်မြင့်မြတ်သော ဘာသာဖြစ်သည်" ဟု မဆိုင်းမတွ အဖြေပေးရမည်ဖြစ်ပါသည်။ (ရာဘင်ဒြာနတ်တဂိုးလ် - Rabindranath Tagroe)
(၈) ဗုဒ္ဓ၏ကြီးမားသော အနှစ်နာခံမှု၊ စွန့်လွတ်မှုနှင့် ဘဝ၏သန့်ရှင်းစင်ကြယ်မှုတို့ဖြင် ဟိန္ဒူဝါဒအပေါ်တွင် မပျက်ပြယ်နိုင်သည့် အမှတ်တံဆိပ်တစ်ခုကို ထားရစ်ခဲ့ပြီး ဟိန္ဒူဝါဒသည် ထိုမြတ်သောဆရာအား အနန္တကျေးဇူးကြွေးများ ပေးဆပ်ရန် ရှိနေပေသည်။ (မဟတ္တမဂန္ဒီ - Ghandi)
(၉) အကယ်၍ ပြဿနာတစ်ခုခုဖြေရှင်းဖွယ်ရာရှိခဲ့လျှင် ဗုဒ္ဓဟောကြားခဲ့သည့် လမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီကျကျ စဉ်းစားဆင်ခြင်ရပေသည်။ (နေရူး - Nehru)
(၁၀) ဗုဒ္ဓ၏ အဆုံးအမများသည် ဟိန္ဒူဝါဒတွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်အကျုံးဝင်နေသည်ဟု ကျွနုပ်ဆင်ခြင်ယူဆမိပါသည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူဝါဒအပေါ် ဂေါတမဗုဒ္ဓ က မည်ကဲ့သို့ ကြီးမားစွာ ပြောင်းလဲစေခဲ့သည်ကို မည်သို့မျှ ပြန်လည်စူးစမ်းရှာဖွေရန် မဖြစ်နိုင်တော့ချေ။ (မဟတ္တမဂန္ဒီ - Ghandi)
(၁၁) သန့်ရှင်းသော နည်းနာနိဿယနှင့် မြင့်မြတ်သောသင်ကြားမှုများမှာ တစ်စုံတစ်ရာသော အယူဝါဒကြီး တစ်ခုကမျှ အလွမ်းသင့်အောင် မဆောင်ရွက်နိုင်သဖြင့် ဗုဒ္ဓဘာသာမှ ကူးယူကြရပေသည်။ (အိပ်ခ်ျဂျီဝဲလ် - H.G. Wells - ဗြိတိသျှသမိုင်းပညာရှင်)
(၁၂) ရှင်တော်ဗုဒ္ဓ --- အရှင်ဘုရားဟောကြားတဲ့ ဒေသနာမှာရှိတဲ့ တခြားအရာတွေထက် အကြောင်းအရာ တစ်ခုအတွက်နှင့်ပဲ တပည့်တော် အရှင်ဘုရားရဲ့ တရားဒေသနာတော်ကို လေးစားမြတ်နိုးလှပါသည်။ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုရင် တရားဒေသနာမှာ ပါတဲ့ အရာဝတ္ထုအားလုံးဟာ ပြတ်သားနေခြင်းဖြစ်ပါတယ်။ သူ့အလိုလိုပင် ထင်ရှားနေခြင်း ဖြစ်ပါတယ်။ (ဟာမန်ဟက်စ် - ၁၈၈၇ - ၁၉၆၂ )
(၁၃) ပြစ်မူကျူးလွန်သူသည် ဘုရားသခင်ထံ တောင်းပန်အသနားခံရန် ဆုတောင်းဝတ်ပြုကြိုးစားမူတို့ဖြင့် အကုသိုလ်ဆိုးကျိုးမှ လွတ်မြောက်နိုင်သည်ဟု ဗုဒ္ဓဝါဒီတို့က မယုံကြည်ချေ။ (ဂျွန်ဝေါလ်တားစ် - John Walters)
(၁၄) စိတ်ချမ်းတာစေတာက
ကျွနုပ်တို့ တတွေသည် ရုပ်ဝတ္ထုကြွယ်ဝမူ ဝိုင်းဝိုင်းလည်နေသည့် ကြားတွင် စိတ်ဓာတ်ရေးရာအားဖြင့် ချွတ်ခြုံကျနေကြရပါသည်။ ရုပ်ဝတ္ထုကြွယ်ဝသော်လည်း စိတ်ချမ်းသာမူ ကင်းသော အခြေအနေတွင် စိတ်၏ချမ်းသာမူ အမှန်တကယ်ရရန်အတွက် ဗုဒ္ဓ၏ကျင့်စဉ်ကိုကျင့်ကြံအားထုတ်ကြည့်ဖို့သင့်လှပါသည်။ ဗုဒ္ဓကျင့်စဉ်သည် စိတ်ချမ်းသာမူကို အမှန်တကယ်ဖြစ်စေနိုင်သည်။ (ဂျွန်ဝေါလ်တားစ် - John Walters)
(၁၅)သက်ရှိသတ္တဝါများကို မညှင်းဆဲရန် နတ်ဘုရားများထံဝယ် ဆုတောင်းပတ္တနာပြုခြင်း၊ ဘုန်းတော်ဘွဲ့များရွတ်ဆိုခြင်း၊ ယစ်ပူဇော်ခြင်းများကို မပြုလုပ်ရန် ဗုဒ္ဓသည် လူ့သမိုင်းတွင် အဦးဆုံး အပြစ်ပြ၍ ဆုံးမပဲ့ပြင်ခဲ့သည်။ (Prof. Phys Davids)
(၁၆) ဗုဒ္ဓ၏တရားတော်သည် ကမ္ဘာပေါ်ဝယ် အနုမြူဗုံးများ၊ ဟိုက်ဒရိုဂျင်ဗုံးများ ရှိနေသည်ထက်ပို၍လိုအပ်သောအချိန်ဖြစ်သည်။ (နေရူး - Nehru)
(၁၇) ကမ္ဘာပေါ်ရှိ ဘာသာတရားတီထွင်သူ ခေါင်းဆောင်အများစုမှာ မဟာခရီးသည်များဖြစ်ကြသည်။ ဘာသာတရားခေါင်းဆောင် ဓမ္မနာယကများထဲတွင် အကျင့်သိက္ခာ၊ ပညာညဏ်၊စဉ်းစားညဏ်၊ စိတ်နေသဘောထားအရာတို့၌ အမြင့်မြတ်ဆုံးဖြစ်သည့် ဗုဒ္ဓသည် ခရီးသည်ဘုရင် ဖြစ်သည်။ (ရာဟုလာသံ ကစ္စည်း)
(၁၈) လူမှုဒုက္ခ သုက္ခအရှုပ်အထွေးများအတွက် ဗုဒ္ဓ၏ ငြိမ်းချမ်းရေးတရားဒေသနာတော်သည် အတိတ်ကထက် ယနေ့တွင် ပို၍လိုအပ်ပေသည်။ (နေရူး - Nehru)
(၁၉) ဗုဒ္ဓမြတ်စွာတွင် ဒေါသအလျှံ ထွက်သောအခါဟူ၍ မည်သည့်အခါမျှ မရှိချေ။ ဘုရားရှင်၏ နှုတ်တော်မှ အကြင်နာမဲ့သောစကားထွက်ပေါ်လာသည်ဟူ၍ မည်သည့်အခါမျှ မရှိပေ။ (Dr. S. Radhakrishnan)
(၂၀) ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် အခြားဘာသာဝင်များကို ညှင်းပန်းနှိပ်စက်မှုဟူသော မှတ်တမ်းမှတ်ရာ တစ်စုံတစ်ရာမျှ မရှိပါပေ။ (ပါမောက္ခရီးစ်ဒေးဗစ် - Prof. Rhys Davids )
(၂၁) ဘာသာကို ကျုပ်လက်ခံယုံကြည်နိုင်ခြင်း မရှိပါ၊ သို့သော် ကမ္ဘာ့ဘာသာကြီးများအနက်တစ်စုံတစ်ခုသော ဘာသာကို လက်ခံရန် အကြောင်းများပေါ်ပေါက်လာခဲ့သော် မိမိလက်ခံနိုင်မည့် ဘာသာတရားမှာ " ဗုဒ္ဓဘာသာ" ဖြစ်ပါသည်။ (Bertrand Russell, English Philosopher)
(၂၂) ဗုဒ္ဓဝါဒသည် ယုံကြည်မှုထက် သိမှုနှင့် ရှုမြင်မှုကိုသာ အဓိကထားသည်။ ဗုဒ္ဓ၏ သွန်သင်ဆုံးမမှု (တရားတော်) များသည် "ဧဟိ ပဿိကော လာလှည့် ရှူလှည့်" ဟုဖိတ်ခေါ်ခြင်းကိုသာ ပြု၍လာပြီး ယုံကြည်လော့ ဟုမဆိုပေ။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)
(၂၃) ဗုဒ္ဓသည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ ဘုရားသခင် (သို့) နတ်ဘုရားများ၏ ကူညီမှု မြူတစ်စိမျှမပါဘဲ လူတိုင်းကိုယ်တိုင်ရယူနိုင်သည့် လွတ်မြောက်ရေးကို ကမ္ဘာ့သမိုင်းတွင် အဦးဆုံး ထုတ်ဖော်ကြေငြာခဲ့သည်။ (Prof. Eliot)
(၂၄) နှလုံးသားမှာ ချမ်းသာစေတဲ့ တရားမရှိလျှင် စည်းစိမ်ဥစ္စာ မည်မျှပြည့်စုံစေကာမှု ချမ်းသာနိုင်မည်မဟုတ်ပေ။ (ဒလိုင်လားမား - Dalai Lama)
(၂၅) လွတ်လပ်မှု မပေးစွမ်းနိုင်တဲ့ အမိန့်ဟာ ညှင်းဆဲနှိပ်စက်မှု ဖြစ်သွားနိုင်တယ်။ အမိန့်မပါတဲ့ လွတ်လပ်မှုဟာလည်း ဖရိုဖရဲ ဖြစ်သွားနိုင်တာပဲ။ ဒါကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်ရမယ်။ ဖရိုဖရဲဖြစ်မှုကိုလည်း ကာကွယ်နိုင်စွမ်းရှိရမယ်။ (ဒလိုင်လားမား - Dalai Lama)
(၂၆) ဤအရာ လူသားသစ်ပင်မှာ နှစ်ပေါင်းကုဋေ့ကုဋေ့တစ်ကြိမ်သာပွင့်ခဲ့တာ ပညာရနံ့ မေတ္တာပျားရည်စက်များလောကကို ပြည့်ဝစေတာလူသားပန်းတစ်ပွင့်ပါ။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)
(၂၇) ဗုဒ္ဓဘာသာနှင့်
ခေတ်သစ်သိပ္ပံပညာသည် အသိပညာဆိုင်ရာ အလွန်နီးကပ်ဆက်စပ်စွာ တည်ရှိနေကြောင်း ကျွန်ုပ်မကြာမကြာ ဆိုခဲ့ပြီး ထပ်ခါတလဲလဲ ပြောဆိုပါဦးမည်။ (ဆာအက်ဒွင်အာနိုး - Sir Edwin Arnold)
(၂၈) ဗုဒ္ဓဝါဒသည် လောကနှင့်ဘဝ ၏ တကယ်ပကတိ အဖြစ်မှန်ကိုသာ ဆင်ခြင်သုံးသပ်ရကား သဘာဝဓမ္မအတိုင်း ရှုမြင်သော ဝါဒဟု ဆိုရပေမည်။ (ဆရာတော် ဒေါက်တာဝါပိုလာရာဟုလာ - Ven. Dr. W. Rahula)
(၂၉) များသောအားဖြင့် ဘာသာရေးဆရာ များသည် ၎င်းတို့၏တပည့်များကို အခြားဘာသာများနှင့် စပ်ဆိုင်သည့် ကျမ်းစာများ၊ အယူဝါဒများ၊စာပေများကို ဖတ်ရှူလေ့လာခွင့် မပြုဘဲတားမြစ်ကြသည်။ ဗုဒ္ဓဝါဒတွင် ဤအဖြစ်မျိုး လွန်စွာနည်းပါးပေသည်။ (ဖရခန္တီပါလော)
(၃၀) စွမ်းရည်သတ္တိ ဘယ်လောက်သိမ်ဖျင်းသူပင်ဖြစ်ပါစေ တရားတော်ရဲ့ တန်ခိုးကြောင့် သတ္တိဗျတ္တိ ပြည့်ဝလာစေပါတယ်။ အညံ့စားလူတစ်ဦးကို အတော်ဆုံးလူဖြစ်လာစေတာဟာ တရားတော်ရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့်ပါပဲ။ (ဂိုအင်ဂါ - SN Goenka)
.................................................................
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း) နှင့်  အရှင်ဝိဇယ ရေးသားပြုစုထားသော " ဗုဒ္ဓအနု ပညာပြခန်း " စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။(World of wisdom)

7:51 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ဘာသာရေး
ဆက်လက်ဖော်ပြပါမည် ..........

လွမ်းနေပါတယ်အချစ်ရယ်
ချစ်တာလားသံယောဇဉ်လားငါမပြောတတ်ဖူး
ဒါပေမယ့်ငါရင်ထဲတမျိုးကြီးပါပဲ ...
ရယ်စရာ ဟာသတခုလို
အစုတ်ပလုပ်ကဗျာတွေသာရေးတတ်တဲ့ 
ငါ့ လိုလူအတွက် မင်းကွယ်ရာမှာ
ဟားတိုက်နေမှာလား
ချစ်သူရယ် ...
ဘာကိုမှငါစိတ်မ၀င်စားပါဘူး
မင်းကိုပဲ ငါအရမ်းချစ်တယ်
အရမ်းအရမ်းကိုချစ်ပါတယ် ။
ကြံမ္မာနင်ရာလွင့် နေရတဲ့ 
ငါ့အတွက် လှပတဲ့ အိပ်မက်ဆိုတာ
မင်းနဲ့ အတူ မက်ခွင့် မရှိနိုင်မှန်း
ငါသိပါတယ်..။
ခေါင်းစဉ်တပ်ထားတဲ့ မင်းကိုမှ
ငါကချစ်မိလိုက်တာကို ....................................................
ဆက်လက်ဖော်ပြပါမည် ..........
စိုင်းဇေယျာထွန်း ( ဗြုတ်စဗျင်းတောင်းစိတ်ကူးများ)
(April 12,2012) 11: 35PM
Posted by
july
at
7:45 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
poem
လူနာ ကုတင်နံပါတ် (၁၉)
မိခင်
လူနာ ကုတင်နံပါတ် (၁၉)
ကုတင်နံပါတ်(၁၉)ကလူနာ ဆေးရုံစတက်တဲ့နေ့မှာ သားဖွားမီးယပ်က ဆရာဝန်
နပ်စ်တွေအားလုံး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ကြတယ်။ ဒါဟာ ဆေးရုံနဲ့
ဆေးတက္ကသိုလ်က ကျောင်းသားတွေ ပူးပေါင်းပြီး "အေအိုင်ဒီအက်စ်ရောဂါ
ခံစားနေရတဲ့ မိခင်မှ ရင်သွေးငယ်သို့ မကူးစက်ဘဲ ဖွားမြင်ရေး" ဆိုတဲ့
ရောဂါမကူးစက်ရေး အကြောင်းကို ရှာဖွေဆွေးနွေးကြဖို့ဖြစ်တယ်။
အေအိုင်ဒီအက်စ် ရောဂါသည်တစ်ဦး သားဖွားဆောင်ထဲ ရောက်နေတယ်ဆိုတဲ့ သတင်းက
အိုးပူပူထဲ ပေါက်ပေါက် ထည့်ဖောက်လိုက်သလို သားဖွားဆောင်တစ်ခုလုံး
ချက်ချင်းပေါက်ကွဲသွားခဲ့တယ်။ အစည်းအဝေးတုန်းက ဆေးရုံအုပ်ရှေ့မှာ ဘာမှ
မဟရဲခဲ့ကြပေမယ့် အစည်းအဝေးအပြီးမှာ နပ်စ်တွေက အချင်းချင်း
ဝိုင်းအုံဖွဲ့ကြပြီး "ရောဂါကူးခဲ့ရင် ဘယ်သူတာဝန်ယူမလဲ?" လို့
ငြင်းခုံခဲ့ကြတယ်။
ဆရာဝန်တစ်ချို့ကတောင် "လူနာသုံးတဲ့ ခွဲစိပ်ကိရိယာတွေ၊ အိပ်ရာခင်းတွေ
ကတစ်ဆင့် တစ်ခြားလူနာတွေကို ပြန်ကူးစက်ရင် ဘယ်လိုလုပ်မလဲ?" လို့
ညည်းတွားနေကြတယ်။
ညည်းခဲ့ ငြင်းခဲ့ပေမယ့်လည်း နောက်ဆုံးမှာ လူနာနေဖို့ အခန်းကို
စီစဉ်ခဲ့ကြရတယ်။ ဆေးရုံအုပ်ကြီးကိုယ်တိုင် လူနာအတွက် စပ္ပါယ်ရှယ်အခန်းက
ကုတင် နံပါတ် (၁၉)ကို ရွေးပေးခဲ့တယ်။ လာဘ်နံပါတ်လို့ ပြောပါတယ်။
နပ်စ်မှူး တာဝန်ခွဲတော့ ကုတင် (၁၉)က လူနာကို ဘယ်သူမှ
သွားမကြည့်ချင်ခဲ့ကြဘူး။ နောက်ဆုံး ကျောင်းပြီးတာ သုံးလတောင်
မပြည့်သေးတဲ့ကျွန်မ ကုတင် (၁၉) အတွက် မားမားမတ်မတ် ထွက်ရပ်ခဲ့တယ်။
အခန်းထဲ စဝင်တဲ့နေ့မှာ လက်ရှည်အကျီင်္၊ မျက်နှာဖုံး၊ ဦးထုပ်ဆောင်းရုံသာမက
အထူဆုံး လက်အိတ်တစ်စုံကိုပါ ကျွန်မရွေးခဲ့မိတယ်။ ကုတင်(၁၉)ကလူနာ
ကုတင်ဘောင်ကိုမှီပြီး မွေးဖွားခါနီး ဗိုက်ကို ပွတ်သပ်လို့
အခန်းထဲဝင်လာတဲ့ ကျွန်မကို ပြုံးပြကြိုဆိုနေတယ်။ ဒီလိုရောဂါရထားတဲ့
အမျိုးအမီးတစ်ယောက်က တစ်ခြားလူတွေထက် တမူထူးခြားနေမယ်လို့ ကျွန်မ
ထင်ခဲ့မိတယ်။ တကယ်တမ်း သူ့ကိုတွေ့တော့ သာမန်အမျိုးသမီး တစ်ဦးပါပဲ။
ဆံပင်ခပ်တိုတို၊ ဂါဝန် ပွပွကြီးကြီးကို ဝတ်ဆင်ထားပြီး ကွင်းထိုးဖိနပ်
အနက်ရောင်ကို စီးထားတယ်။ ပါးပြင်တစ်ဖက်တစ်ချက်မှာ တင်းတိတ်တွေနဲ့
ပြည့်နေတဲ့ သူ့ပုံစံက လုံးဝစံမီတဲ့ မိခင်လောင်းတစ်ဦးဖြစ်တယ်။
"မင်္ဂလာပါ"
ဖော်ဖော်ရွေရွေ နှုတ်ဆက်လာတဲ့သူ့ကို လှိုက်ဖိုနေတဲ့ ရင်အစုံနဲ့ အေးစက်စက်
ကျွန်မ ပြန်ပြုံးပြလိုက်မိတယ်။ ပထမဆုံးရက်မှာပဲ လူနာကို သွေးစစ်ရတယ်။
သွေးက ရောဂါကူးစက်ရမှာ အဓိကဖြစ်တဲ့အတွက် သူ့ကို သွေးစုတ်ဖို့ရာ
ကျွန်မတစ်ကိုယ်လုံး ထုံကျင်နေမိတယ်။
ကျွန်မ စိတ်လှုပ်ရှားလွန်းလို့လားမသိ! သွေးစုတ်ဖို့ အပ်ကို သွေးကြောထဲ
ရောက်အောင် မထိုးနိုင်ခဲ့ဘူး။ လွဲချော်သွားတဲ့ အပ်ကြောင့် သူ့မျက်ခုံး
တွန့်သွားတာကို ကျွန်မမြင်လိုက်တယ်။ သွေးစုတ်ဖို့ ဖန်ပြွန်တွေ၊
ဂွမ်းစတွေနဲ့ ကျွန်မ ပျာများနေမိတယ်။ သူ့သွေးတွေ ကျွန်မကိုယ်ပေါ် လုံးဝ
မပေကျံဖို့ ဂရုစိုက်ရသေးတယ်။ သွေးစုတ်ပြီးနောက် သူ့မျက်နှာကို
ကျွန်မကြည့်လိုက်မိတယ်။ မျက်နှာက ပကတိ အေးချမ်းတည်ငြိမ်လို့......
"ကျေးဇူးတင်ပါတယ်"
ယဉ်ယဉ်ကျေးကျေးနဲ့ နွေးနွေးထွေးထွေး ဆက်ဆံလာတဲ့ သူ့ကို ပညာတတ်
လူတန်းစားထဲကမှန်း ကျွန်မရိပ်မိလိုက်တယ်။
" ဟို .. ကုတင်(၁၉)က လူနာလေ ဘယ်လိုကြည့်ကြည့် အဲဒီရောဂါရှိတဲ့ လူနာနဲ့ကို
မတူဘူး သိလား" နပ်စ်နားနေဆောင် ရောက်ရောက်ချင်း ကျွန်မ မအောင့်နိုင်ဘဲ
ပြောလိုက်မိတယ်။
"ဒီလိုရောဂါရတဲ့ လူနာကို ဘယ်လိုပုံစံနဲ့ မြင်ချင်လို့လဲ?" တာဝန်ကျ
ဒေါက်တာတစ်ဦးရဲ့ စကားက ကျွန်မ စကားလမ်းကြောင်းကို ပိတ်ပစ်လိုက်တယ်။
"နပ်စ် .. ဒါကို ကြည့်လိုက်ဦး"
ဒေါက်တာက ပြောပြောဆိုဆို လူနာရဲ့ဆေးမှတ်တမ်းတွေ ကျွန်မကို ကမ်းပေးတယ်။
ဆေးမှတ်တမ်းကို ကျွန်မတစ်ရွက်ချင်း လှန်ကြည့်လိုက်တယ်။ သူ ကံတော်တော်
မကောင်းခဲ့ရှာဘူး။ သူဟာ တက္ကသိုလ်ကျောင်း တစ်ခုက ဆရာမပါ။
ငယ်ရွယ်ထက်မြက်တဲ့သူက အသက် ၃ဝမှာ တွဲဖက်ပါမောက္ခ ဖြစ်နေပါပြီ။
သူ့အနာဂတ်လမ်းက ဖြောင့်ဖြူးနေခဲ့ပါတယ်။ ဒါပေမယ့် ခရီးတစ်ခုမှာ မတော်တဆ
ယာဉ်တိုက်မှုဖြစ်ပြီး အရေးတကြီး သွေးသွင်းခဲ့ရတယ်။ အဲဒီမှာ HIV ရောဂါ
ကူးစက်ခံခဲ့ရတာပါပဲ။
သွေးသွင်းခဲ့လို့ ရောဂါကူးစက်ခံရမယ်လို့ ဘယ်သူမှ တွေးမထားခဲ့မိဘူး။
သူကိုယ်ဝန်ရပြီး စစ်ဆေးမှုတွေ ပြုတဲ့အချိန်ကျမှ ကူးစက်ခံရမှန်း သိခဲ့ရတယ်။
အဲဒီနောက် သူ့ဘဝ တစ်မျိုးတစ်ဖုံ ပြောင်းခဲ့ရတယ်။ လောကကြီးကို
မျက်နှာမပြရသေးတဲ့ ရင်သွေးငယ်ကိုလည်း သနားမိတယ်။ အေအိုင်ဒီအက်စ်
ရောဂါသည်မွေးဖွားတဲ့ ကလေးငယ်ဟာ ရောဂါကူးစက်ဖို့ ၂ဝ% ကနေ ၄ဝ% ထိ
ရှိနိုင်တယ်လို့ ဆိုပါတယ်။ မွေးဖွားချိန်မှာ ဖြစ်လာနိုင်တဲ့ အခက်အခဲနဲ့
ရောဂါ ကာကွယ်စက်စနစ်တွေ (Immune System) ပျက်စီးခဲ့ရင်
အသက်ပါဆုံးရှုံးနိုင်ပါတယ်။
အခုချိန်မှာ သူဟာ မွေးဖွားချိန်ကို တစ်ဖက်ကစောင့်ရင်း
သူ့ကိုသွေးသွင်းပေးခဲ့တဲ့ ဆေးရုံနဲ့ သွေးလှူဌာနကို တရားစွဲဆိုထားပါတယ်။
လျှော်ကြေးငွေရမယ်လို့ ခန့်မှန်းထားပေမယ့် သူ့အတွက်
ဘာများအသုံးဝင်တော့မလဲ?
ကုတင်(၁၉)ရဲ့ အမျိုးသား ရောက်လာတဲ့အချိန်မှာ သားဖွားဆောင်တစ်ခုလုံး
လှုပ်လှုပ်ရှားရှား ဖြစ်သွားသေးတယ်။ အေအိုင်ဒီအက်စ် ဝေဒနာသည်တစ်ဦးရဲ့
ခင်ပွန်းဟာ ဘယ်လိုပုံစံများပါလိမ့်? ကျွန်မသိချင်၊ မြင်ချင်ဇောနဲ့
အခန်းကို စစ်ဆေးမယ့်ဟန်ပြုပြီး ဝင်ရောက်စပ်စုခဲ့တယ်။ လူနာက
ကုတင်ခေါင်းရင်းမှာ ထိုင်နေပြီး ခြေထောက်ကို ကုတင်နဲ့
မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ခင်ပွန်းပေါင်ပေါ် ဆန့်ထားတယ်။ ပြီးတော့
ငယ်ထိပ်ကနေ ဆံဖျားအထိ ဆံပင်ကို စိတ်အေးလက်အေး ဖြီးသင်နေတယ်။
ခင်ပွန်းဖြစ်သူက ကိုယ်ဝန်ကြောင့် ဖောရောင်နေတဲ့ သူ့ခြေထောက်ကို
ညင်ညင်သာသာ ဖိနှိပ်ပေးနေတယ်။ ဇနီးသည်ကို သနားကြင်နာမြတ်နိုးတဲ့ အပြုံးနဲ့
နွေးထွေးမှုတွေကို သူ့လက်ဖဝါးကနေ တစ်ဆင့် ဇနီးရဲ့ ကိုယ်ထဲကို
အရောက်ပို့နေခဲ့တယ်။
နေရောင်ခြည်က ပြတင်းပေါက်ကို ဖြတ်ပြီး အခန်းထဲမှာရှိတဲ့ ခင်ပွန်းရဲ့
လက်ပေါ်၊ ဇနီးရဲ့ ခြေပေါ်ကို အစက်အပျောက်အဖြင့်နဲ့ ထိုးကျလာခဲ့တယ်။
နေရောင်အောက်မှာ သူတို့ဟာ တကယ့် ပျော်ရွှင်စရာကောင်းတဲ့ ဇနီးမောင်နှံအဖြစ်
ပိုအသက်ဝင်နေခဲ့ပါတယ်။
"ကလေးက ဘယ်သူနဲ့ ပိုတူမယ်လို့ ထင်လဲ?"
ကုတင်ထက်က အိပ်ရာခင်းကို ဆွဲဆန့်ရင်း သူတို့ပြောတဲ့စကားကို ကျွန်မ
စိတ်မကောင်းစွာ နားထောင်နေမိတယ်။ တကယ်တော့ သူတို့ဟာ ပျော်စရာကောင်းတဲ့
မိဘလောင်းတွေပါလား?
"ကျွန်မနဲ့ ပိုတူမှာ " ခပ်ချွဲချွဲ အမှုအရာနဲ့ သူပြောတယ်။
"အသားအရေတော့ တူလို့ မဖြစ်ဘူးနော်" ခင်ပွန်းက တစ်ဟားဟား ရယ်ရင်း
"ကြည့်စမ်း... ပါးပြင်ပေါ်မှာ အစက်အပျောက်တွေနဲ့ ကျားသစ်မနဲ့ တူနေပြီ"
သူ့ကိုစတယ်။ မျက်ရည်တွေ ပါးပြင်ပေါ် စီးမကျလာခင် အခန်းထဲကနေ
ကျွန်မထွက်လာခဲ့တယ်။
HIV ရောဂါ ထိန်းချုပ်ပေးတဲ့ ဆေးတွေကို ကုတင်(၁၉) နေ့တိုင်းသောက်နေရတယ်။
နေ့တိုင်း သွေးစစ်ရတယ်။ ဆီးစစ်ရတယ်။ ဖြူဖွေးပြည့်ဝတဲ့
သူ့လက်မောင်းနှစ်ခုလုံး လက်ဖဝါးကနေ လက်မောင်းအထိ အပ်ရာတွေနဲ့
ပြည့်နေခဲ့ပါပြီ။ မကျွမ်းကျင်တဲ့ ကျွန်မမှာ ကြောက်စိတ်တွေ ရောပါနေခဲ့လို့
အမြဲတမ်း အပ်ကို တစ်ချက်တည်းနဲ့ မသွင်းနိုင်ခဲ့ဘူး။ ဒါကို သူက တစ်ခါမှ
စိတ်မဆိုးခဲ့တဲ့အပြင် ကျွန်မကို အေးအေးလေး ပြုံးကြည့်နေတတ်တယ်။
သူ့ကို ပြုစုတဲ့ တစ်ပတ်ကျော်ကျော် အတွင်းမှာ သူ့ကို တဖြေးဖြေး
ကျွန်မနှစ်သက်လာမိတယ်။ အခန်းထဲဝင်ရင် အကာအကွယ် ချပ်ဝတ်တန်ဆာတွေကို ကျွန်မ
ဝတ်ဆင်ထားဆဲဖြစ်ပေမယ့် အပ်စိုက်ရာမှာ ပိုတိကျသေချာအောင်
ကျွန်မဂရုစိုက်လာခဲ့တယ်။ သောက်ဆေးတွေကိုလည်း သူမှတ်မိတဲ့အထိ ထပ်သလဲလဲ
မှာဖြစ်ခဲ့တယ်။ တစ်ခါတလေ သူ့အတွက် လတ်ဆတ်တဲ့ နေကြာပန်းတွေကို ဝယ်ပြီး
သူ့ကုတင်ရှေ့မှာ ကျွန်မ ပန်းအိုးထိုးထားတတ်တယ်။
သူ့ကိုယ်ဝန် အနေအထားအားလုံးက ပုံမှန်ဖြစ်တယ်။ ကလေးက အနည်းငယ် ထွားနေပြီး
ခေါင်းပိုင်းက မွေးဖွားရာလမ်းကြောင်းရဲ့ ၁ဝ စင်တီမီတာမှာ ရှိနေခဲ့တယ်။
ဒါပေမယ့် မွေးဖွားရာမှာ ရောဂါမကူးစက်အောင် ဆရာဝန်က ဗိုက်ခွဲမွေးဖို့၊
ခွဲစိပ်မယ့် အစီအစဉ်တွေ အားလုံးကို စီမံထားပြီးဖြစ်တယ်။
မွေးဖွားရက် နီးလာပါပြီ။ ခန့်မှန်းထားတဲ့ မွေးဖွားရက်က
တစ်ပတ်လိုသေးပေမယ့် ၃၁နှစ် သားဦးဖြစ်တာကတစ်ကြောင်း၊ အေအိုင်ဒီအက်စ်
ရောဂါသည် ဖြစ်နေတာကတစ်ကြောင်းမို့ လူနာခန်း၊ ခွဲစိပ်ခန်းကို အသေးစိပ်
ပြင်ဆင်ထားပြီး အဆင်သင့်အနေအထားမှာ နိုးနိုးကြားကြား ရှိနေခဲ့ကြတယ်။
ကုတင်(၁၉)က တည်ငြိမ်လွန်းတယ်။ နေ့တိုင်း စာဖတ်လိုက်၊
သီချင်းနားထောင်လိုက်နဲ့ မွေးဖွားလာမယ့် ရင်သွေးအတွက် စာတွေ၊ ပုံတွေ
ရေးဆွဲနေခဲ့တယ်။ အခုဆို သူ့ခေါင်းအုံးအောက်မှာ စာတွေ တစ်ထပ်ကြီး
ရှိနေပါပြီ။
အရွယ်လွန်မှ ရတဲ့ ကိုယ်ဝန်ဖြစ်တဲ့အပြင် ရောဂါပါ ခံစားနေရပြီး ဘာဖြစ်လို့
ရင်သွေးငယ်အတွက် ဒီလောက်ထိ အားခဲနေရသလဲလို့ သူ့ကို ကျွန်မ မေးခဲ့တယ်။
ကျွန်မမေးတဲ့ အမေးကို သူ မနှစ်သက်ဟန် မပြတဲ့အပြင် " ကလေးက
ရောက်လာခဲ့ပြီပဲလေ။ သူ့အသက်ကို ကျွန်မ မဆုံးရှုံးသင့်ဘူး" လို့
ခပ်ပြုံးပြုံး ပြန်ဖြေခဲ့တယ်။
ဆက်မေးသင့် မမေးသင့် ကျွန်မတစ်ချက်တွေဝေပြီး "တကယ်လို့ ရောဂါကူးခဲ့ရင်
ဘယ်လိုလုပ်မလဲ?" လို့မေးလိုက်မိတယ်။
နေကြာပန်းကို ပွတ်သပ်ကိုင်တွယ်ပြီး တစ်ဖက်လှည့်လိုက်ရင်း "တကယ်လို့
ကျွန်မတို့သာ မစမ်းသပ်ခဲ့ရင် ကလေးအသက်ရှင်ဖို့ အခွင့်အရေးတောင် ရှိခဲ့မှာ
မဟုတ်ဘူး" လို့ သူပြန်ဖြေတယ်။
ကျွန်မစိတ်တွေ ပိုလေးလံလာခဲ့တယ်။ အခန်းက အပ်ကျသံတောင် မကြားရလောက်အောင်
တိတ်ဆိတ်ငြိမ်သက် သွားခဲ့တယ်။ အခန်းထဲကနေ လှည့်ထွက်ဖို့ ကျွန်မပြင်တော့
သူက တိုးညှင်းတဲ့ အသံနဲ့.....
"ကျွန်မတစ်ခုလောက် တောင်းဆိုချင်ပါတယ်။ တကယ်လို့ မွေးဖွားချိန်မှာ
တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မခင်ပွန်းက လူကြီးအသက်ကို လုပါလို့ ပြောလိမ့်မယ်။
ဒါပေမယ့် ကျွန်မရောဂါ အခြေအနေကို နပ်စ်လည်း သိပါတယ်။ ဒါကြောင့်
ဘာပဲဖြစ်ဖြစ် ကလေးကို ပထမဆုံးနေရမှာ ထားပေးပါနော်"
ကျွန်မပါးပြင်ပေါ် မျက်ရည်တွေ အတားအဆီးမဲ့ စီးဆင်းလာခဲ့တယ်။ အော် .....
ဒါကပဲ မိခင်တဲ့လား ?
ရောက်လာမယ့် နေ့ရက်က ရှောင်လွဲလို့ မရအောင် အရောက်လာခဲ့ပါပြီ။ အဲဒီညက
ကျွန်မနိုက်ဂျူတီ ဝင်ရတယ်။ ကုတင် (၁၉)အတွက် ခွဲစိပ်ဖို့ အားလုံး
ပြင်ဆင်ပြီးနေပြီ။ မိုးလင်းခါနီးမှာ ရုံးခန်းက အရေးပေါ် အချက်ပေး
ခေါင်းလောင်းသံတွေ နားကွဲမတတ် ဆူညံမြည်လာခဲ့တယ်။ ကျွန်မချက်ချင်းထရပ်ပြီး
အချက်ပြနံပါတ်ကို ကြည့်လိုက်တယ်။
"ကုတင် (၁၉) ! "
တာဝန်ကျဆရာဝန်တွေကို တစ်ဖက်ကခေါ်ရင်း ကုတင် (၁၉)ဆီ ကျွန်မ အပြေးပြေးလာခဲ့မိတယ်။
မှိန်ဖျော့နေတဲ့ မီးရောင်အောက်မှာ ကုတင်(၁၉)ရဲ့ မျက်နှာက
ဖြူရော်လို့နေတယ်။ စောင်ကို ဆွဲခွာကြည့်လိုက်တော့ ရေမွှာက
ပေါက်နေခဲ့ပါပြီ။ ပိုဆိုးတာက ရေက အနီရောင်ဖြစ်နေတဲ့အတွက်
သားအိမ်အတွင်းမှာ သွေးထွက်နေပြီဆိုတာကို သိလိုက်တယ်။
ကုတင်(၁၉)ရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှုတွေ လွှမ်းနေတယ်။ သွေးထွက်ပြီ
ဆိုကတည်းက ကလေးကို ရောဂါကူးစက်နိုင်နှုန်းက ဆတိုးသေချာနေပြီ။ တကယ်တော့
အချင်းက ရောဂါမကူးစက်အောင် ရင်သွေးကို ဖုံးအုပ်ထားနိုင်တယ်။ ဒါပေမယ့်
မွေးဖွားချိန် ထွက်တဲ့သွေးနဲ့ ဓာတ်တစ်မျိုး (Secretions) ကြောင့် ကလေးကို
HIV ကူးစက်နိုင်ပါတယ်။
နာကျင်လွန်းလို့ သူ့နှာဖူးမှာ ချွေးသီးချွေးပေါက်တွေ တွဲခိုနေတယ်။
ခံစားနေရတဲ့ ဝေဒနာကို အံကြိတ်ပြီး ခွဲစိပ်ဖို့ပြင်ဆင်မှုတစ်ချို့ကိ
ု
သူခံယူနေတယ်။ ညအချိန်မို့ ထမ်းစင်က ချက်ချင်းရောက်မလာခဲ့ဘူး။ သူ
စကားတစ်ခွန်းမှမပြောဘဲ ကုတင်ပေါ်က ဆင်းလိုက်တယ်။ သူ့ကိုဖေးမရင်း
သွေးတွေရောနေနဲ့ ရေတစ်ချို့ ဂါဝန်ထဲကနေတစ်ဆင့် ရောင်အမ်းနေတဲ့
သူ့ခြေထောက်ပေါ် စီးကျလာတာကို ကျွန်မတွေ့လိုက်တယ်။
သူဘာကိုမှ ဂရုမစိုက်ခဲ့ဘူး။ ခြေလှမ်းကို မြန်သထက် မြန်အောင်လှမ်းနေတယ်။
သူ့ခြေလှမ်း တစ်စက္ကန့် မြန်ရင် ကလေးအသက်ရှင်မယ်၊ ရောဂါကူးစက်ရာက
လွတ်မယ်လို့ သူမှန်းထားပုံရတယ်။
ခွဲစိပ်ကုတင်ပေါ် သူရောက်တဲ့အချိန် ရေမွှာ ရေက နောက်ကျိနေခဲ့ပါပြီ။ ဒါက
ရင်သွေးငယ် အောက်စီဂျင်ပြတ်နေပြီဆိုတဲ့ လက္ခဏာဖြစ်တယ်။ ထုံဆေးဆရာက သူ့ကို
ထုံဆေးထိုးပေးပြီး ကျွန်မတို့က သူ့ရဲ့ သတိလည်နှုန်းကို
စတင်စမ်းသပ်ခဲ့ကြတယ်။
ခက်တာက အချိန် ၃ မိနစ်ကျော်လွန်သွားပေမယ့် သူနိုးကြားနေတုန်းပဲ။
"နာလိုက်တာ" လို့ သူ ရေရွတ်နေတယ်။
ထုံဆေးဆရာ ချွေးပြန်စပြုလာပါပြီ။ သူ့ထုံဆေး အစွမ်းမပြတဲ့ လူနာဆိုလို့
ဒါပထမဆုံးအကြိမ် ကြုံတာပါပဲ။ ဒါပေမယ့် ကလေးအခြေအနေက ထုံဆေးထပ်ပေးလို့
မသင့်တဲ့အခြေအနေကို ရောက်နေပါတယ်။
ကျွန်မရဲ့လက်ကို သူ့တင်းတင်းလေး ဆုပ်ကိုင်ထားတယ်။ တိုးလျှိုးတောင်းပန်တဲ့
မျက်လုံးနဲ့ ဆရာဝန်တွေကို ကြည့်နေတယ်။ ပါးစပ်ကလည်း " ကျွန်မ ကလေးကို
ကယ်ပါ.... ကျွန်မကို ဂရုမစိုက်ပါနဲ့... ကျွန်မ ကလေးကို ကယ်ပါ" လို့
တိုးတိုးလေး တောင်းဆိုနေခဲ့တယ်။
အချိန် ၁ မိနစ် လွန်မြောက်သွားခဲ့ပါပြီ......
ကုတင်(၁၉)ရဲ့ ခြေလက်တွေကို ကုတင်နဲ့ ကပ်ချည်ထားလိုက်တယ်။ ထုံဆေးဆရာကလည်း
ဆေးထိုးအပ်ကို အသင့်ပြင်ထားပြီးပြီ။ ခွဲစိတ်မှူးဆရာဝန်ကလည်း အံကြိတ်လို့
ခွဲစိပ်ဖို့ရာ လက်တွန့်နေခဲ့တယ်။
ဒါ ကျွန်မနပ်စ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက် "သားဖွားမီးယပ်ပါရဂူ" အဖြစ်
နာမည်ကြီးတဲ့ ဆရာဝန်ရဲ့ မျက်နှာပေါ်က မျှော်လင့်ချက်မဲ့အရိပ်ကို
ပထမဦးဆုံး မြင်ဖူးခြင်းပါပဲ။
ခွဲစိပ်ဓားတွေက ထုံဆေးမစွမ်းတဲ့ ကုတင်(၁၉)ရဲ့ ဗိုက်ပေါ် ခွဲချလိုက်တယ်။
ဗိုက်အရေခွံ အဲဒီနောက် အဆီထပ်၊ ကြွက်သား၊ အချွဲ (Mucosa)၊ သားအိမ်....
ကုတင်(၁၉) ကျွန်မလက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲပါပဲ။ မပီမသ
စကားသံတစ်ချို့နဲ့ ရင်ကွဲလုမတတ် အော်မြည်သံတစ်ချို့ သူ့ပါးစပ်မှာ
ကိုက်ထားတဲ့ ပုဝါကြားကနေ ပလုံးပထွေးထွက်လာခဲ့တယ်။
ခန္ဓာတစ်ခုလုံးက ကုတင်ပေါ်မှာ တစ်ဆတ်ဆတ် တုန်လို့..... အကြောတွေပါ
လိမ်ဆွဲနေတယ်။ သူ့မျက်နှာဟာ နာကျင်လွန်းလို့ ပုံစံပြောင်းနေတယ်။ ကျွန်မ
မကြည့်ရက်ဘဲ မျက်နှာလွဲလိုက်တယ်။ မျက်ရည်တွေ ပါးပြင်ပေါ်
လှိမ့်ဆင်းလာခဲ့ပါတယ်။
ဒါဟာ ဘယ်လိုနာကျင်မှုမျိုးလဲ ! ဒါဟာ ဘယ်အရာနဲ့ နိုင်းပြလို့ရတဲ့ မိခင်မေတ္တာမျိုးလဲ !
နောက်ဆုံး ကလေးကို ဝမ်းထဲကနေ ဆွဲထုတ်ယူနိုင်ခဲ့တယ်။ ကလေးမျက်နှာက
ပြာနှမ်းနေပါပြီ။ ချက်ကြိုးက လည်ပင်းကိုပတ်နေတာကြောင့်
အောက်စီဂျင်ပြတ်ပြီး ပြာနှမ်းခဲ့ပုံရတယ်။
တအောင့်ကြာတော့ ချွေးတွေ ရွှဲနစ်နေတဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံး
ပျော့ခွေကျသွားတယ်။ ဆရာဝန်က ကလေးငယ်ကို ခြေထောက်ကကိုင်ပြီး ကျောကို
တစ်ချက်နှစ်ချက် ပုတ်ပေးလိုက်တယ်။ ပါးစပ်ထဲဝင်နေတဲ့ အညစ်အကြေးတစ်ချို့
အန်ထွက်လာပြီးနောက် ကလေးရဲ့ ပထမဆုံးငိုသံ ထွက်ပေါ်လာခဲ့တယ်။
ငိုသံကတိုးညှင်းပေမယ့် ကြည်လင်နေတယ်။
သတိလက်လွတ် ဖြစ်ခါနီးဆဲဆဲ မိခင်က ကလေးငိုသံကို ကြားလိုက်မိလို့ ထင်ပါရဲ့
ကလေးဖက်ကို အားယူပြီး မျက်လုံးတစ်ချက် ဖွင့်ကြည့်လိုက်တယ်။ အဲဒီနောက်
မျက်ခွံတွေ လုံးဝပိတ်ကျသွားခဲ့တယ်။ သူ့ကိုယ်ပေါ် ပတ်ထားတဲ့ ခါးပတ်တွေကို
ကျွန်မဖြုတ်ပေးလိုက်တယ်။ သူ့လက်ကောက်ဝတ်တွေ၊ ခြေကျင်းဝတ်တွေ
ညိုမည်းပွန်းပဲ့ကုန်ပြီး သွေးတွေ ထွက်နေတာကို ကျွန်မတွေ့လိုက်တယ်။
အဆုပ်ကိုင်ခံထားရတဲ့ ကျွန်မရဲ့ လက်လည်း အရိုးတွေ ကျိုးကြေမတတ်
နာကျင်လို့နေတယ်။
ကုတင်(၁၉) အားယူပြီး ဖွင့်ကြည့်ခဲ့တဲ့ အကြည့်တစ်ချက်က
ကိုယ့်ရင်သွေးငယ်ကို နောက်ဆုံးကြည့်ခြင်းမှန်း ကျွန်မလုံးဝ
တွေးမထားခဲ့မိဘူး။ အဲဒီ ဖော်ရွေမှု အပြုံးတွေပါတဲ့ သူ့မျက်လုံးဟာ
ပိတ်ကျသွားပြီးနောက် လုံးဝ ပြန်ဖွင့်မလာခဲ့တော့ပါဘူး။
၃ရက်အကြာမှာ ခွဲစိပ်မှုကြောင့် သွေးမသန့်ဖြစ်တာရယ်၊ ပေးထားတဲ့ antibiotics
အကျိုးမပြုတာရယ်ကြောင့် လူ့လောကကို သူရာသက်ပန် ခွဲသွားခဲ့တယ်။
ကံကောင်းတာက မွေးထွက်လာတဲ့ ကလေးလေးက HIV negative ဖြစ်နေတယ်။ ကျွန်မတို့
ဆေးပညာမှာ အောင်မြင်တဲ့ ကုသမှုတစ်ခုအဖြင့် အသိအမှတ်ပြုမိပါတယ်။
အေအိုင်ဒီအက်စ် ရောဂါရ မိခင်တစ်ဦးကနေ ကျန်းမာတဲ့ ကလေးငယ်
မွေးထုတ်နိုင်ခဲ့တဲ့အတွက် သတင်းစာအချို့နဲ့ သတင်းဌာနက လူတွေ လာရောက်
မေးမြန်းကြမယ်လို့ ကျွန်မတို့ ကြားမိပါတယ်။
လူနာနေခဲ့တဲ့ အခန်းကို ကျွန်မဝင်ရှင်းတော့ ကုတင်(၁၉)ရဲ့
ခေါင်းအုံးအောက်မှာ ကလေးအတွက် ရေးခဲ့တဲ့ စာတွေကို ကျွန်မတွေ့လိုက်မိတယ်။
စာတွေအပြင်၊ ရုပ်ပုံတွေပါ ဆွဲထားသေးတယ်။ ပထမဆုံးပုံက နေလုံးကြီးပုံကို
ဆွဲထားတယ်။ နေရောင်အောက်မှာ လက်ကလေးတစ်စုံ... အဲဒီအောက်မှာ ကလေးအတွက်
စာတစ်ကြောင်းရေးထားပါတယ်။
"သားရေ..... ဘဝဆိုတာ နေမင်းကြီးနဲ့တူတယ်။ ဒီနေ့ နေဝင်ခဲ့ရင် မနက်ဖြန်
ပြန်တက်လာစမြဲပဲ။ ဒါပေမယ့် နေမင်းကြီးက နေ့တိုင်းတော့ မတူနိုင်ဘူး"
စာကြောင်းရဲ့ အောက်မှာ သပ်ရပ်လှပတဲ့ နာမည်လေးတစ်ခု ထိုးထားတယ်။ သူ့ကို
ကုတင်(၁၉)လို့ပဲ ကျွန်မခေါ်ခဲ့မိတဲ့အတွက် ပထမဆုံးအကြိမ် ကျွန်မ
နောင်တရမိခဲ့တယ်။
ကလေးလေး ဆေးရုံဆင်းတော့ ကလေးအဖေကို ရေးထားတဲ့ စာတွေအားလုံး
ကျွန်မအပ်လိုက်တယ်။ သူ့မျက်လုံးမှာ မျက်ရည်တွေနဲ့ နီရဲနေခဲ့တယ်။
ကလေးငယ်ကလည်း သူ့မိခင် မရှိတော့မှန်း သိတဲ့အလား တစ်ဝါးဝါးနဲ့
အော်ငိုနေခဲ့တယ်။
နေမင်းကြီးပုံ ဆွဲထားတဲ့ ပုံကို ကလေးရှေ့မှာ ကျွန်မဝှေ့ယမ်းပြလိုက်မိတယ်။
ကလေးငယ်ဟာ ငိုရာက ချက်ချင်းတိတ်ပြီး လက်ကလေးကို ဆန့်လို့ ......
ကျွန်မလက်ထဲက စာရွက်ကို လှမ်းဆုတ်ကိုင်လိုက်တော့တယ်။
Intelligent View For All
oonayoo

7:39 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ရသစာပေ
ဆရာအောင်သင်း၏ အကြံပေးချက်
နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက
၁။ ငါမုချကြီးပွားအောင်မြင်ရမယ်ဆိုတဲ့ အဓိဋ္ဌာန်ထားပါ
လူငယ်တယောက်ဟာ အရေးကြီးဆုံးအချက်က ငါဟာမုချကြီးပွားအောင်မြင်နေရမယ် ဆိုတဲ့ အဓိဋ္ဌာန် ခိုင်ခိုင်မာမာချဖို့ အရေးကြီးတယ်။ များသောအားဖြင့် လူငယ်တွေဟာ အမှတ်မထင် အမှတ်မထင်လေးတွေ နေကြတယ်။ အဲဒီလို ခိုင်ခိုင်မာမာ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ဆုံးဖြတ်ချက် အဓိဋ္ဌာန်ပြုခဲ့သလား။ ဝေေ၀၀ါးဝါးလေးပေါ့ အမှတ်မထင် ပဲရှိတတ်တယ်။ ခိုင်မာရမယ်ဆိုတာ။ ဘုရားရှေ့မှာ အာရုဏ်ပြုသလို အဓိဋ္ဌာန်ပြုလိုက်သလို၊ သစ္စာဆိုလိုက် သလို အဲလိုကို အဓိဋ္ဌာန်ပြုရတယ်။ အဲဒါဟာ အလွန်ကို အရေးကြီးပါတယ်။ အဲဒီအဓိဋ္ဌာန်ချက် ခိုင်မာသွားလို့ရှိရင် ကျန်တဲ့ဥစ္စာတွေဟာ သူ့ကိုယ်သူထိန်းသွားလို့ရှိတယ်။ ဘယ်သူမဆို အဲဒီလို ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့် အဲဒီဟာက အရေးကြီးတယ်လို့ ကျနော် ပြောဆို ခြင်းဖြစ်ပါတယ်။ အဲဒါ နံပါတ် (၁) အချက်ပေါ့ နော်။
၂။ ကျန်းမာရေးကို ကိုးကွယ်ပါ
နံပါတ် (၂) အချက်ကတော့ အဲအောင်မြင်ချင်လို့ရှိရင် ကျန်းမာရေးကို ကိုးကွယ်ရတယ်။
ကိုးကွယ်ရတယ်ဆိုတဲ့စကားလုံးကို ကျနော်တကယ်ပြောတာပါ။ ကိုယ့်ကျန်းမာရေးကို
ဘယ်လောက် အရေးကြီးတယ်ဆိုတာက လူငယ်တွေဟာ အမှတ်မထင် နေတတ်ကြတယ်။ မကျန်းမာရင် ဘာမှမဖြစ်နိုင်တော့ဘူး၊ သူများကို မှီခိုနေရတဲ့ဘ၀ကို ရောက်သွားတတ် တယ်ဆိုတာကို မေ့နေကြတယ်။
ကိုယ်ကကျန်းမာနေတဲ့အခါမှာ ကျန်းမာရေးရဲ့တန်ဖိုးကို မေ့နေတတ်တယ်။ အဲဒီတော့ ဘုရားရှင်က မေတ္တာပို့တာတောင်မှ မိမိကိုယ်ကို မိမိပထမဆုံးမေတ္တာပို့ပါ လို့ပြောခဲ့တာ။ ဘာကြောင့်လဲလို့ဆိုတော့ ကိုယ့်ကိုယ်ကို ကျန်းမာမှ တခြားသူကို ဒုက္ခမပေးမိမှာပေါ့။ အဲဒီတော့ ကျန်းမာရေးကို ဂရုစိုက်တယ် ဆိုတဲ့ကိစ္စမှာ အဲဒါဟာ မေ့မေ့လျော့လျော့ ဖြစ်တဲ့အခါကျတော့ ကျန်းမာရေးနဲ့ ဆန့်ကျင်ဘက် ဥပမာ မူးယစ်ဆေးဝါး သုံးတာတွေ၊ အရက်သေစာအများကြီး သောက်တာတွေ၊ သို့မဟုတ်လို့ရှိရင် အ၀လွန်လွန်းတဲ့ အဆီအအိမ့် တမက်တမောစားတာတွေ အဲဒီဥစ္စာတွေ အကုန်လုံးကို ထိန်းချုပ်သွားရတာ။
အဲဒီဘာကိုပဲ စားသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ အိပ်သည်ဖြစ်စေ၊ နေသည်ဖြစ်စေ ကျန်းမာရေးကို မထိခိုက်ရအောင် လူတွေသိပ်ကိုအရေးကြီးတယ်။ မကျန်းမာတာနဲ့ တပြိုင်နက်တည်း ကိုယ်သည် မှီခိုသော လူဘ၀ကို ရောက်သွားတတ်တယ် ဆိုတာကို မေ့နေတတ်တယ်။ အင်မတန်အရေးကြီးပါတယ် ကိုစိန်ကျော်လှိုင် အဲဒါလေးကို သေသေချာချာ အလေးနက် ကလေး ထည့်ပေးစေချင်ပါတယ် နော်။
၃။ စိတ်ဝင်စားတဲ့လုပ်ငန်း ရွေးချယ်ပါ
နောက်တခါ နံပါတ် (၃) အချက်က ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းကို ရွေးချယ်ရတယ်။
ဥပမာ လျှပ်စစ်ဘက်မှာ စိတ်ထက်သန်လား၊ ဆောက်လုပ်ရေးဘက်မှာ စိတ်ထက်သန်လား သို့မဟုတ် ကွန်ပျူတာမှာလား၊ စာရေးတာမှာ စိတ်ထက်သန်တာလား အစရှိတာတို့ပေါ့နော်။ တကယ့်ကို အသက်မွေးဝမ်းကျောင်းကို ပေးနိုင်မယ့် လုပ်ငန်းတခုကို ကိုယ်ချင့်ချင့်ချိန်ချိန် ရွေးချယ်ရပါမယ်။ ကိုယ့်ဝါသနာပါတဲ့ဥစ္စာ ဟော်ဘီသဘောမျိုးပေါ့။ အပိုဝါသနာပါတဲ့ ကိစ္စမျိုးကတော့ ပန်းချီရေးသည် ဘာရေးသည်ဖြစ်စေ အသက်မွေးဝမ်းကျောင်းမျိုး မဟုတ်ဘဲ နဲ့ လုပ်ချင်တာလုပ်ပေါ့။
ဒါပေမယ့် လက်ငင်းအရေးကြီးတဲ့ ဥစ္စာကတော့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လုပ်ငန်းကို စိတ်ဝင်စားလဲ ဆိုတာ ပထမဆုံး ရွေးချယ်ဖို့ လိုပါတယ်။ အဲဒီရွေးချယ်တဲ့ ဥစ္စာဟာ ကိုယ့်စိတ်နဲ့ ပတ်ဝန်းကျင်နဲ့ ရှိတဲ့အထဲမှာမှ ကိုယ်ရွေးလို့ ရနိုင်တဲ့ လုပ်ငန်းတွေထဲမှာ ဘယ်ဟာကို ရွေးနိုင်မလဲဆိုတာ၊ အဲဒါကို ချင့်ချိန်ရွေးချယ်ပြီးတော့ အဲဒီဥစ္စာကို နေ့နေ့ညည လေ့လာရတယ်။
၎။ ရွေးချယ်တဲ့ပညာကို နေ့နေ့ညည ကြံဆပါ
ဆက်ပြီးတော့ ပြောချင်တာက နံပါတ် (၄) အချက်က အဲဒီရွေးချယ်လိုက်တဲ့ ပညာရပ်ကို သို့မဟုတ် အဲလုပ်ငန်းကို လေ့လာတာ အဲဒါကို နေ့နေ့ညည စိတ်ထဲမှာတွေးပြီးတော့ ကြံဆနေရပါတယ်။ အဲကြံဆမနေလို့ရှိရင် အဲဒီဥစ္စာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ အဲဒီလို ကြံဆရင်းကနေ ဘာဖြစ်လာသလဲဆိုတော့ တခါတရံမှာ ဖြစ်သွားတတ်တာက ပထမ ရွေးချယ်ထားတဲ့ လုပ်ငန်းထက် ပိုပြီးကောင်းတဲ့လုပ်ငန်း၊ ကိုယ်နဲ့ပိုသင့်တော်တဲ့ လုပ်ငန်း တွေ့သွားတတ်တယ်။ ဒါမှမဟုတ်လို့်ရင် ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းမှာ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်လာတတ်ပါတယ်။ အဲဒါကျနော်ပြောတာ နေ့နေ့ညည ကြံဆပါလို့ ကျနော် ပြောချင်ပါတယ်။
၅။ မိတ်ဆွေအပေါင်းအသင်းထံ တပည့်ခံဖို့ ၀န်မလေးနဲ့
နောက်နံပါတ် (၅) အချက်က အဲဒီဟာနဲ့ ပတ်သက်ပြီး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သိကျွမ်းတဲ့သူ၊ မိတ်ဆွေအပေါင်းအသင်း အဲဒီကနေ ဆရာတင်ဖို့ ကိုယ်က တပည့်ခံဖို့ ၀န်မလေးပါနဲ့။ နောက်ပြီးတော့ ဆိုလိုတာက မေးဖို့ဝန်မလေးနဲ့၊ ငါ့အဲဒါလေးသင်ပေးစမ်းပါကွာ ဆိုတာမျိုး ပြောတာလိုမျိုး။ ကျနော့်ကို အဲဒါလေးသင်ပေးပါခင်ဗျာလို့ အဲဒီလိုပြောတာမျိုး။ အဲဒီလို လုပ်ဖော်ကိုင်ဖက် အချင်းချင်းကဖြစ်စေ တပည့်ခံဖို့ ၀န်မလေးရဘူး။ တချို့က ဆရာတင်ဖို့ တပည့်ခံဖို့ အင်မတန် ၀န်လေးတတ်ကြတယ်။
ကျနော်ကိုယ်တိုင် ပြောရမယ်ဆိုလို့ရှိရင် ကျနော်တချို့ အပိုင်းတွေမှာကို ကျနော်တပည့်တွေ ဆီကနေ ပြန်ပြီးသင်ယူနေတာပဲ။ တပည့်တွေက ကိုယ့်ဆရာဖြစ်တဲ့အခါကျတော့ လိုလိုချင်ချင် သင်ပေးကြတယ်။ ကျနော် အဲဒီနည်းအားဖြင့် ကျနော် ပညာတွေ အများကြီးရခဲ့တယ်။ ကိုယ့်တပည့်ဆီမှာပြန်ပြီး ကျနော်တပည့်ခံခဲ့တာပါ။
အဲဒီတော့ ကိုယ့်တပည့်ဆီတောင်မှ တပည့်ခံရတယ်ဆိုလို့ရှိရင် ကိုယ့်မိတ်ဆွေ၊ အပေါင်း အသင်းဆီ ဘာဖြစ်လို့ တပည့်မခံနိုင်ရမှာလည်း။ ဒါပေမယ့် အဲတခုရှိတယ် တပည့်ခံပြီး သင်လို့ရတဲ့အခါမှာ ကိုယ်ကနှုတ်ဆိတ်ပြီးတော့ မနေပါနဲ့။ သူ့ကို ကျေးဇူးတင်ကြောင်းကို လှိုက်လှိုက်လှဲလှဲ ပြောဖို့လိုတယ်။ နောက်ပြီး ကျေးဇူးတင်ကြောင်းကိုလည်း ပြဖို့လိုပါတယ်။ ဥပမာဆိုပါတော့ သူ့ကိုကျေးဇူးတင်ကြောင်းလေး တကယ်လို့ ရပ်ဝေးမှာနေတယ်ဆိုလို့ရှိရင် ကျေးဇူးတင်ကြောင်းလေး စာနဲ့တကြောင်းလေးဖြစ်စေ၊ မင်းပေးလိုက်တဲ့ ကျေးဇူးလေးရတယ် ကွာ ငါအခုထက်ထိ ကျေးဇူးမမေ့နိုင်သေးဘူး ဆိုတာမျိုးလေး စာလေးတကြောင်းလောက်နဲ့ ဖြစ်စေ၊ ဒါမှမဟုတ် ကဒ်လေးတခုလောက် ပို့ပြီးဖြစ်စေ ၀န်မလေးပါနဲ့။ တကယ်လို့ကြုံလို့ ဖြစ်စေ သူ့ကို လက်ဖက်ရည်တခွက်တိုက်တာဖြစ်စေ၊ ထမင်းတနပ်ကျွေးတာဖြစ်စေ ၀န်မလေး ပါနဲ့။ အဲဒီဥစ္စာ တသက်တာလုံး ကိုယ့်အတွက်ကို သင်ပြမယ့်သူတွေပေါ်လိမ့်မယ်၊ လမ်းညွှန် မယ့်သူတွေ ပေါ်လိမ့်မယ်၊ အဲဒီလိုဟာမျိုး အဲဒါမျိုးဝန်မလေးပါနဲ့။
နောက်တခုက အဲလိုနည်းအားဖြင့် အပေါင်းအသင်း သိပ်ဖွံ့ဖြိုးလာလိမ့်မယ်၊ အဲဒီ အပေါင်း အသင်းက ကိုယ့်ဘ၀ တိုးတက်မှုအတွက် အမြဲစောင့်ရှောက်မယ့်သူတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် အကြံဥာဏ်ပေးချင်ပါတယ်။ အဲဒါရပ်ဝေးမှာနေတဲ့ ကလေးတွေအတွက် ကျနော် တတ်နိုင်တဲ့ အကြံပေးချက်ပါ။ အဲဒါလေးပါပဲ ကိုစိန်ကျော်လှိုင်။
ခေတ်ပြိုင်ကနေ ကူးယူဝေငှလိုက်ပါသည်
Posted by
july
at
7:36 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ရသစာပေ
ကောင်လေးနဲ့ ခွေးလေး
(ဖေမြင့်  နှလုံးသားအာဟာရ)
စတိုးဆိုင်ပိုင်ရှင်က ဆိုင်တံခါးဝမှာ ဆိုင်းဘုတ်အသစ်တစ်ခု ထပ်ချိတ်သည်။
``ခွေးပေါက်ကလေးများ ရောင်းရန်ရှိသည်´´ တဲ့။
သည်ကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ်ဝင်စားသည်။ သူတို့က
ခွေးချစ်တတ်သူများမဟုတ်လား။ ခဏအကြာမှာပင် ကလေးတစ်ယောက်
ဆိုင်ပေါက်ဝသို့ရောက်လာသည်။
``ခွေးလေးတစ်ကောင် ဘယ်လောက်ရောင်းသလဲ ခင်ဗျ´´ ဟုမေးသည်။
``ဒေါ်လာ 30 က 50 ထိ ဈေးအစားစားရှိတယ်´´ ဆိုင်ရှင်ကဖြေသည်။
ကောင်လေးက သူ့အိတ်ထဲမှာရှိသည့် ပိုက်ဆံအကြွေတွေနှိုက်ထုတ်သည်။
``ကျွန်တော့မှာ 2 ဒေါ်လာနဲ့ 37 ဆင့်ရှိပါတယ်၊ ခွေးလေးတွေ
ကျွန်တော်ကြည့်လို့ရမလားခင်ဗျ´´
ဆိုင်ရှင်ကပြုံးသည်။ ထို့နောက် ခွေးအိမ်ထဲမှာ ရှိနေသည့်
ခွေးမကြီးကိုလေချွန်ပြီးခေါ်လို
က်သည်။ ခွေးမကြီးဆိုင်ခန်းထဲ ပြေးဝင်လာတော့
သူ့နောက်က ခွေးပေါက်ကလေးငါးကောင်တန်းစီရ်ျ
လိုက်ပါလာသည်။ ပိစိကွေးလေးတွေ၊
အမွေးကသိပ်ရှည်တော့
တစ်ကိုယ်လုံးအမွေးတွေဖုံးကာ လုံးနေသည်။ အဲသည်အထဲမှ တစ်ကောင်က
ဟိုးနောက်မှာပြတ်ကျန်ခဲ့သည်။ သူကထော့တီးထော့နဲ့နှင့် လမ်းမလျှောက်တတ်သလို။
ကောင်လေးက သည်ဟာလေးမြင်တော့ ချက်ချင်းစိတ်ဝင်စားသွားသည်။
``ဒီခွေးလေးက ဘာဖြစ်တာလဲဟင်´´
ခွေးလေးမှာမွေးကတည်းက တင်ပါးဆုံအရိုးခွက်ပါမလာသဖြင့်
တစ်သက်လုံးခြေထော့နဲ့ဖြစ်နေမည်
ဟု တိရစ္ဆာန်ဆေးကု
ဆရာဝန်ကပြောဆိုသည့်အကြောင်း
ဆိုင်ရှင်ကရှင်းပြသည်။
ကောင်လေးပိုရ်ျစိတ်ဝင်စားသွား
သည်။
``ဒီခွေးလေး ကျွန်တော်ဝယ်ချင်တယ်ဗျာ´´
``ဟာ … မ၀ယ်ပါနဲ့ကွ၊ မင်းတကယ်လိုချင်ရင် ငါပေးပါ့မယ်´´
သည်စကားကြားတော့ ကောင်လေးမျက်နှာပျက်သွားသည်။ သူကမကျေနပ်သည့်
အမူအရာမျိုးနှင့် ဆိုင်ရှင်ကြီးကိုမော့ကြည့်ပြီြး
ပန်ပြောသည်။
``အလကားပေးတာ ကျွန်တော်မလိုချင်ဘူးခင်ဗျ၊ ဒီခွေးလေးလဲ ကျန်တဲ့ခွေးတွေနဲ့
တန်းတူတန်ဖိုးရှိတာပဲ၊ တစ်ပြားသားမှ မလျော့ပါဘူး၊
ကျွန်တော်တန်ဖိုးအပြည့်ပဲပေးမယ်
၊ ဒါပေမယ့် ကျွန်တော့်မှာလောလောဆယ် 2 ဒေါ်လာနဲ့ 37
ဆင့်ပဲရှိပါတယ်၊ အခုအဲ့ဒါယူထားပါ၊ နောက်ကိုတစ်လ ဆင့်ငါးဆယ်စီ ကျေတဲ့အထိ
ကျွန်တော်ဆက်ပေးပါ့မယ်´´
သို့သော် စတိုးဆိုင်ပိုင်ရှင်က အလျှော့မပေး။
``မ၀ယ်ပါနဲ့ ကလေးရ၊ နောက်ကျတော့ မင်းစိတ်ပျက်သွားလိမ့်မယ်၊ ဒီခွေးလေးက
ပြေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး၊ မင်းနဲ့
ခုန်ပေါက်ကစားနိုင်မှာမဟုတ်ဘူး´
´
သည်အခါကျတော့မှ ကောင်လေးက ဆိုင်ရှင်ကြီးကိုမော့ကြည့်ကာ
သူ့ဘောင်းဘီအောက်နားစကို လှန်ရ်ျပြရင်း လေသံတိုးတိုးနှင့်ပြောသည်။
``ကျွန်တော်လဲ ကောင်းကောင်းမပြေးနိုင်ပါဘူးဗျာ
၊ ပါပီလေးခမျာမှာ
သူ့ကိုကိုယ်ချင်းစာမယ့် လူတစ်ယောက်တော့ရှိဖို့လိုမှာပေါ
့´´ တဲ့
ကောင်လေး၏ ဘယ်ခြေထောက်ကလေးက အတော်ဆိုးဆိုးဝါးဝါးပင် သိမ်နေကောက်နေကာ
လမ်းလျှောက်နိုင်ရန်အတွက် သတ္တုချုပ်တံများဖြင့် အားဖြည့်ပေးထားရလေသည်။

7:33 AM
0
comments
Email ThisBlogThis!Share to XShare to FacebookShare to Pinterest
Labels:
ရသစာပေ
Subscribe to:
Comments (Atom)