Friday, July 13, 2012

*** ဘ၀ပေးအသိ ***

Photo: *** ဘ၀ပေးအသိ ***

သာမန်အညတရတယောက်ပေမို့

ကိုယ့်တာဝန်ကိုယ့်အရေးတွေထမ်းကာ

လက်လှမ်းမှီသူအများတကာကို

တတ်စွမ်းသမျှကူညီအကျိုးဆောင်ကာ

ရိုးရှင်းစွာဘဲဘ၀တခုကိုဖြတ်သန်းချင်ခဲ့သူပါ --- ။

ခြောက်ပြစ်ကင်းသဲလဲစင်းတယောက်မဟုတ်ခဲ့ပေမယ့်

ပြောမှသိ၊ထိမှနာ၊သာမှနေ၊သေမှခင်စာရင်းထဲမပါအောင်တော့

ကိုယ်ပိုင်အသိတရားနဲ့ရှောင်ကျဉ်ခဲ့သူပါ --- ။

လောကရဲ့လမ်းများ

ဆန်းကြယ်မှုတွေကများ

လူတွေရဲ့အတ္တ

ရလေလိုလေမှုတွေများလာခဲ့လို့

ဥာဏ်အသိနဲ့ယှဉ်ကာ

အခုကောင်းနောင်ပါကောင်းပြီး

မမျှတတဲ့အတ္တတွေကိုခ၀ါချကာ

တခါတလေမသိလို့မှားတဲ့အမှားတချို့ကိုလည်း

အမှားတွေထပ်မနေအောင်ရဲရဲပြင်ခဲ့သူ --- ။

အသစ်အဆန်းတွေနဲ့ဆန်းကြယ်တဲ့လောက

အများတကာနဲ့ယှဉ်လိုက်ရင်

ခေတ်နောက်ကျကျန်မနေခဲ့ရအောင်တော့

ဥာဏ်စွမ်း၊ကိုယ်စွမ်း၊လုံ့လအားတွေမှီသလောက်တော့

လေ့လာသင်ယူကြိုးစားရင်းနဲ့

အစွန်းနှစ်ဘက်ကိုမရောက်အောင်ကိုယ်ပိုင်အသိနဲ့ထိန်းကာ

ခရီးလမ်းဆုံးအောင်ဆက်လျှောက်နေတယ် --- ။

စိတ်ကူးပေါင်းစုံအတွေးပေါင်းစုံကို

စီချင်းထိုးကာအောင်မြင်ပါလို့

ရရှိလာခဲ့တဲ့အသိတရား

ဘ၀တခုအတွက် တန်ဖိုးမဖြတ်နိုင်တဲ့စွမ်းပကား --- ။

ဇာနည်မောင်

*** ဘ၀စတဲ့နှစ် အထိမ်းအမှတ် အမှတ်တရ ***

ဘ၀စတဲ့နှစ် အထိမ်းအမှတ် အမှတ်တရ

0 comments:

Post a Comment

this too will pass

ဘာပဲဖြစ်ဖြစ် တနေ့ တော့အရာအားလုံးဟာ ပြီးတော့လည်းပြီးသွားမှာပါပဲ ...