တနှစ်က ကျုပ်စုထားတဲ့ မုန့် ဖိုးက ချဲ့ လ်ဆီးကို စိတ်ပါတာနဲ့ သူငယ်ချင်းအဆွယ်
ကောင်းတာနဲ့ (နှစ်ခုစလုံးပေါ့) ......သီရိမင်္ဂလာဈေးမှာ သွားပွားလိုက်တာ
တခါတည်းကိုပြောင်ပါလေရောလား ...။
အိမ်လခကိုပြန်တောင်းပြီးထမင်းစားရတဲ့ ဘ၀မျိုးရောက်ခဲ့ ပါတယ် ...။
သင်တန်းကိုလမ်းစရိတ်မရှိလို့ သူငယ်ချင်းတွေလာခေါ်မှ တက်ရတဲ့ ဘ၀ ကိုလည်း
ကြုံခဲ့ ဖူးပါတယ် ..။ ပိုက်ဆံမရှိပါဘူးဆို မျက်စပစ်ပြဖူးတဲ့ ကောင်မလေးရှေ့ မှာ
ထုတ်ပြစရာပိုက်ဆံအိတ်ကမရှိ သူကလည်းလက်ဖက်ရည်ဆိုင်ခေါ် မထိုင်ရဲ ထိုင်နဲ့ 
အိုးတိုးအန်းတန်းနဲ့ လိုက်ထိုင် ပြောလိုက်တဲ့ စကား ဒီမှာက ချွေးပြန် တော်သေးတာ
ပေါ့ မောင်မင်းကြီးသား မင်္ဂလာဒုံငနဲ က ကျုပ်နောက်စိတ်မချလို့ လိုက်လာတာ ...
လဒင်း လက်ဖက်ရည်ဖိုးရှင်းလိုက်ရပါလေရော
နောက်နေ့ ကျတော့ သင်တန်းကြေးပေးစရာမရှိ တော့
နှစ်ယောက်သား သံလျင်သွားထန်းရေသောက်ပြီး ပြန်လာ...
သင်တန်းဆရာ နှင်ထုတ်ပါလေရောလား ..အမူးပြေမှပြန်လာတဲ့ လေ...ဟိဟိ
(ဖြစ်ပုံများ)
လှည်းတန်းကနေ ကျောင်းထဲကားစီးကားပေါ်မှာ
ပုဆိုးကျွတ်ကျ မိန်းကလေးတစ်ယောက်က ပုဆိုးကိုင်ပေး မြန်မာပြည်လိုင်းကားတွေ
များအရှက်နဲ့ အသက် အသက်ယူလိုက်ရတယ်ဗျာ .... ခိခိ ..
သူကလည်း မျက်နှာနဲ့ ကပ်နေတဲ့ ကျုပ်အရှက်ကိုကာကွယ်ရင်း မျက်နှာကြီးနီနေလိုက်
တာ မီးထတောက်တော့မယ့်အတိုင်းပဲ ..
ပုဆိုးကို ကိုင်ပေးထားတဲ့  ( မဟာ )က မမ ကျန်းမာပါစေဗျာ ...။
ညိုလင်းထွဏ်း
(16.6.2012)

0 comments:
Post a Comment