Saturday, June 16, 2012

ဗြုတ်စဗျင်းတောင်း

တခါတလေတော့လောကကြီးက
စိတ်တိုစရာတွေနဲ့ ပြည့်နှက်နေတယ်လို့ 
ထင်ရတယ် ......... တကယ်တမ်းဆန်းစစ်ကြည့်တော့
ဘီယာဖိုးမရှိတဲ့နေ့ ဆို .. ဆေးလိပ်တိုတွေပါကောက်ရောင်းချင်လာတယ် ...
ချစ်သူဆီက ပိုက်ဆံချေးဖို့ ကျပြန်တော့လည်း ..

ရှင်)))) ငွေစကားလာမပြောနဲ့ တဲ့ 

အလုပ်အကိုင်မကောင်းလို့ တခါတလေ ထမင်းဆိုင်မှာအကြွေးစားတဲ့ အခါ ဆိုင်ပိုင်
ရှင်ကို ပြုံးပြတဲ့ မျက်နှာမျိုးနဲ့ ပြုံးပြလိုက်တော့ (သူကပြောလိုက်သေးတယ်)

ဘီလူးသံပရာသီးစားထားတဲ့ မျက်နှာတဲ့ လေ .......။

မချိမဆန့် စိတ်ထဲ ကြိတ်ပြုံးရင်းကျုပ်စဉ်းစားလိုက်မိတယ် ..
ကျုပ်ချစ်သူ ဘီလူးသံပရာသီးစားတာ ဘယ်တုန်းက မြင်ဖူးသလဲလို့ ပေါ့ ..။

( စိတ်ထဲမှာကျုပ်က သူသွားချောင်းနေတာလေး
ကိုဘယ်လိုပုံမျိုးလေးလဲလို့ သိချင်မိပါရဲ့ )

0 comments:

Post a Comment

 
 

this too will pass

ဘာပဲဖြစ်ဖြစ် တနေ့ တော့အရာအားလုံးဟာ ပြီးတော့လည်းပြီးသွားမှာပါပဲ ...