Saturday, June 16, 2012

အချစ်မှတ်စု

ဒီနေ့  အချစ်အကြောင်းကိုရင်ဖွင့်ချင်တာ
လေ ...

ချစ်သူနဲ့ ဆုံဆည်းခွင့်ရတဲ့ နေ့ တိုင်းမှာ .............

ကျုပ်နှလုံးသား အေးစက်ခြင်းတွေ ပျောက်ဆုံးပြီး

ချိုမြိန်တဲ့ ရသတွေခံစားလာမိခဲ့ တယ် .........

သံယောဇဉ်ဆိုတာ တွေးကြည့်မိတော့ တကယ်ကိုကြောက်စရာကောင်းတယ် ...

ထမင်းလုံးတစ္ဆေခြောက်သလိုပေါ့ ......သိပ်ကြောက်စရာကောင်းတယ် ...........

ဒါပေမယ့် နားလည်ခြင်း ပေးဆပ်ခြင်း (အချစ်နဲ့ ပတ်သက်လို့ ကျုပ်မသုံးချင်ဆုံး)

စကားလုံးတွေပါ ...။

ဒါပေမယ့်ဒီနေရာမှာသူ့ ကို ထည့်သွင်းမစဉ်းစားရင် ချက်ခြင်း လဲကျသေဆုံးသွားနိုင်

တယ် ...။

(မြန်ဆန်လွန်းတဲ့ အဖြစ်အပျက်တွေက ဘာကြောင့်များ ဒီလောက်မြန်ဆန်

နေတာပါလိမ့် လို့  " ကျောချမှဓါးပြမှန်းသိတဲ့ အတွေးနဲ့ '' တွေးမိပြန်တယ် )

မိုးလင်းကနေမိုးချုပ် မင်းအကြောင်းစဉ်းစားတတ်တဲ့ စိတ်ကူးတွေ ငါ့ရင်ဘတ်ထဲ

ဝင်လာပြီးတဲ့ နောက် ... ( ငါဟာ အချစ်မှာ လဲပြိုခဲ့ ပြီပေါ့ ) ......။

ဒီတစ်ခါ အသဲကွဲရင် နာကျဉ်းချက်တွေ ပြွတ်သိပ်ထည့်ပြီးကွဲချင်ပါတယ် ။

(16.6.2012)

0 comments:

Post a Comment

 
 

this too will pass

ဘာပဲဖြစ်ဖြစ် တနေ့ တော့အရာအားလုံးဟာ ပြီးတော့လည်းပြီးသွားမှာပါပဲ ...