ဂျီတော့ခ် (ဂျီမေးလ်) အဟက်မခံရအောင်(၁)
သက်ပိုင်ရဲ ဇွန်လ 13, 2012 1:30pmတွင်သက်ပိုင်ရဲ မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်စာပို့မယ် View Blog
ဂျီတော့ခ် သုံးသူ အများစုဟာ အင်တာနက်ဆိုင်မှာ သုံးကြတာများပါတယ်။
ကိုယ်သုံးမလို့၊ ဝင်မလို့ လုပ်တဲ့အခါ ရှေ့ ကသုံးသွားတဲ့ သူတွေရဲ့ ဂျီမေးလ် လိပ်စာ တွေ ပေါ်နေတာမျိုးတွေလည်းတွေ့ ရတတ်ပါတယ်။
ကိုယ်သုံးပြီးတဲ့ အခါမှာ ဒီလိုကျန်ခဲ့မှာ စိုးလို့ သေချာ sign out လုပ်၊ နာမည်နေရာမှာ
a,b,c,d တွေရိုက်ထည့်ပြီး ထွက်တတ်ကြပါတယ်။
ဒါပေမဲ့ ဒီနည်းကလည်း လုံခြုံမှုမရှိဘဲ ကိုယ့်နောက်လူက ပြန်ရှာရင် တွေ့ ရနိုင်ပါတယ်။
ကိုယ့်ဂျီတော့ခ် ဝင်ခဲ့ရင်လည်း ကိုယ့်ဂျီမေးလ် လိပ်စာကို သူများ မသိအောင်
ဘယ်လိုဖျက်မလဲ ဆိုတာ ကိုအွန်လိုင်းမှာမေးလာကြလို့ တွေ့ မိသလောက်ပြောပြလိုက်ပါတယ် ။
အလုံးဆုံတော့မဟုတ်ဘူးပေါ့ဗျာ။
1. အရင်ဆုံး Start ထဲက Run ကိုနှိပ်ပါ။ သို့မဟုတ် Windows+R ကိုတွဲဖိပါ။
2. Run box ကျလာရင် Regedit ကိုရိုက်ထည့်ပြီး enter ခေါက်ပါ။ Box ကျလာပါလိမ့်မယ်။
3. ထိုbox ထဲမှာ folder ငါးခု တွေ့ပါလိမ့်မယ်။ ထိုfolder ငါးခုထဲက ဒုတိယမြောက်
HKEY-CURRENT-USER ဘေးက + ကိုနှိပ်ပါ။ List ကျလာပါလိမ့်မယ်။
4. Software ကိုရှာပါ။ တွေ့ရင် Software ဘေးက + ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
5. Google ကိုရှာပါ။ တွေ့ပါက Google ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
6. Google talk ကိုရှာပါ။ တွေ့ပါက Google talk ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
7. Account ကိုနှိပ်ပါ။ Gmail address တွေကို တွေ့ရပါလိမ့်မယ်။ တကယ်လို့
မိမိ ဂျီမေးလ် ဝင်ခဲ့တယ် ဆိုရင်တော့ မိမိ gmail address နာမည်
ပေါ်နေပါလိမ့်မယ်။
မိမိ နာမည်ပေါ်မှာ Rioght ကလစ်နှိပ်၊ delete ကို
နှိပ်ပါ။ Name/Type/Date တို့ အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်မှာ
Right ကလစ်နှိပ်ပြီး delete လုပ်လိုက်ပါ၊
ထိုနည်းနဲ့ဆိုရင်ကိုယ့်ရဲ့
ဂျီမေးလ် လိပ်စာ ကျန်ခဲ့စရာ မရှိတော့လို့ စိတ်ပူစရာ မလိုတော့ပါဘူး။
ကိုယ့်ရဲ့ account ထဲမှာလည်း မလိုအပ်ဘဲလူများလာတာမျိုးမဖြစ်စေတော့ပါဘူး။
ကျွန်တော်လည်း စမ်းပြီပြီး အဆင်ပြေတယ်.. ဒီလောက်ဆို စိတ်ချရတာပေါ့.. ပျော်ရွင်ကြပါစေနော်...။ http://www.komyat.comမှ/ ကူးယူတင်ပြလိုက်ပါတယ်နော်...။
အမှတ်တရ ဂျူလိုင် ...
တိုင်းရင်းသား
လူငယ်မာင်မယ်များ
စုပေါင်းညီညာသော
အင်အားဖြင့်
ဆိုးရွားသော
အာဏာရှင်စနစ်ကို စုပေါင်း
တွန်းလှန်ပြီး
ခေတ်မှီဖွံ့ ဖြိုး
တိုးတက်သော
နိုင်ငံတော်သစ်ဆီသို့ .............
Labels
- article (4)
- general (1)
- healthy (3)
- photo (3)
- poem (32)
- Poster (4)
- satire (1)
- satire cartoon (10)
- စိတ်ဓါတ်ခွန်အား (1)
- နည်းပညာ (1)
- ဖတ်မိသမျှ (1)
- ဗိုလ်ချုပ်အောင်ဆန်း (1)
- ဘာသာရေး (2)
- ဗြုတ်စဗျင်းတောင်း (9)
- ရသစာပေ (7)
- ဟာသ (2)
- အချစ်မှတ်စု (5)
- အမှတ်တရ စာပေ (2)
- ဒေါ်အောင်ဆန်းစုကြည် (1)
- နိုင်ငံရေး (4)
About Me
Saturday, June 16, 2012
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment