Tuesday, May 29, 2012

*** ပေါင်မုန့် နဲ့ ပုရွက်ဆိတ် ***

 
သူများတွေလို .. ကဗျာတွေစာတွေမရေးတတ်တော့
တွေးမိတဲ့ ဗြုတ်စဗျင်းတောင်းလေးပဲ မရေးတတ်ရေးတတ်နဲ့ 
ရသေ့စိတ်ဖြေ ရတော့မှာပေါ့ .... :(
.....

အင်း ဒါလဲဗျာခုတလော ... သိပ်လာဘ်လာဘ မရွှင်ပါဘူး ...
ဒုက္ခဆင်းရဲဆိုတာကလည်း မဖိတ်ခေါ်ပဲရောက်လာတတ်တာ
လေ ... ဒီတော့  ဖြစ်ချင်းပျက်ခြင်းဆိုတာလေးတွေနဲ့ စိတ်ထဲ
တတ်သလောက်မှတ်သလောက် ဖြေသိမ့် ရတာပေါ့ .........
.....
တွေးနေရင်းနဲ့ ဗိုက်ဆာလို့ ကြည့်လိုက်တော့ပေါင်မုန့် ထုပ်က
သုံးပုံတစ်ပုံပဲရှိတာမို့ ပိုက်ဆံလေးစမ်းတော့ ပိုက်ဆံအိတ်က
ပိန်ကပ်ကပ်ရယ် ...ပိုက်ဆံအိတ်ဓါတ်ကူးတော့ စိတ်ပါရောပိန်
သွားတယ် ...အဟိ
.....
ညကျရင်အဆာပြေလို့ တွေးမိလို့  ပေါင်မုန့် ထုတ်လေးကိုငေးကြည့်
ပြီး အနည်းငယ်ကျန်တဲ့ ယိုဘူးလေးနဲ့ အဆာပြေပေါ့ ..ဒါကိုတွေးရင်း ဘယ်အချိန်ညရောက်မလဲလို့  ပေကပ်ကပ်မျက်စောင်း နဲ့  နာရီ
ကြည့်ရတာလဲ အမောပါပဲ ....
.....
အင်း ဟိုတွေးဒီတွေးရင်အချိန်ကုန်မြန်တယ်လို့ သူများတွေပြောကြတယ်
ဒါနဲ့  တီဗွီကလာနေတဲ့ ဆိုင်ကယ်ပြိုင်ပွဲကို ဘာရယ်မဟုတ်ပါပဲ သွားကြည့်
မိတယ် ...။
....
တွေးတောင်တွေးမိလိုက်သေးတယ် ... သူတို့ ပြိုင်တဲ့ ဆိုင်ကယ် နဲ့ မောင်း
ရတဲ့ လမ်းတွေကကောင်းတော့ မြန်မာပြည်ကလူတွေဆို ပထမရလောက်
တယ်လို့  .. အဟက် ..
ဒါလည်း ကိုယ်စိတ်ကူးထဲက ကိုယ့်မြန်မာလူမျိုးကို ရမယ်ရှာပြီး ကိုယ်ြပန်
အထင်ကြီးတာတမျိုးပေါ့ ...မြန်မာပြည်ကလမ်းတွေကသိတယ်မလား ...
ဒါတောင်မြန်မာလူမျိုးတွေက အရိပ်ပျောက် (ငယ်ငယ်က) ဆရာတစ်ယောက်ပြောစကား နဲ့ ဆို လွင့်ပျံနေတာပဲလေ ...ဘွားကနဲ့ သစ်
ပင်လဲနေတာမြင်ရင်တော့ သေပေါ့ ... ဒါကလည်းစည်ပင်အပိုင်းပါ ...
....
အတွေးလွန်နေတာနဲ ဗိုက်ကအော်လာတော့နာရီကိုကြည့်မိတယ် ..
ပေါင်မုန့် ကိစ္စဆီ စိတ်က ပြန်ရောက်သွားတယ် .. စားမယ် ဟဲ့ ဆိုတဲ့ အကြံ
နဲ့ ပေါင်မုန့် ကိုဖြေတော့ ပေါင်မုန့် က မည်းနေတယ် ..
....
နေရာတကာပါတဲ့ ပုရွက်ဆိတ် သူကျုပ်ပေါင်မုန့် ကို လုမယ်ဆိုတဲ့ အကြံနဲ့ 
တက်နေလိုက်တာမဲမဲကိုချိတ်နေတာ ..တိုလိုက်တာဗျာ (အော်စိတ်ပြောပါတယ်)

ဒီလောက်ပဲ ဆိုးတဲ့ ပုရွက်ဆိတ် ဆိုပြီး
လေနဲ့ မှုတ်လိုက်ပါသေးတယ် .. မရဘူးဗျ .. အပေါ်ယံလောက်ပဲ လွင့် ကုန်
သွားကြတာ .. ဒါနဲ့ မစားရင်လည်း တခြားစားစရာမရှိတာနဲ့  ပေါင်မုန့် ကို
မီးကင်ပစ်လိုက်တာ လဒင်းဘာခံနိုင်မလဲ အကုန်သေ ကျုပ်လည်းစားရ ...
တခုအဆင်ပြေသွားတာပေါ့ ..(ကောင်းလိုက်တဲ့ ကျုပ်အကြံ )
......

ယိုသုတ်မယ်ဟဲ့ ဆိုပြီးရှိတဲ့  ယိုဗူးလေးကိုဖွင့်
ပြန်တော့ အချိုကြိုက်တဲ့  နောက်တစ်သုတ်က လက်ဖမိုးကိုတက်ကိုက်ပါ
လေရော တိုလိုက်တဲ့ စိတ် ( အဆင်မပြေတာများဗျာ ) ..
....

ဒါနဲ့ ပုရွက်ဆိတ်နဲ့ စစ်ခင်းနေတဲ့ ကျုပ် မခံချင်စိတ်ရင်ထဲဆောင့် လာတော့
ပူပူနွေးနွေး ပေါင်မုန့် ပေါ်ယိုသုတ်လိုက်တာ ...အငမ်းမရဖြစ်နေတဲ့ ကောင်
တွေ သေပါလေရောလား တစ်ယောက်ထဲ အောင်နိုင်သူအပြုံးနဲ့ 
ငါဟဲ့  ယောကျာ်းလို့ တိုးတိုးလေးကြွေးကြော်ပြီး ကျုပ်ပြုံး လိုက်မိတယ် ..

(ဒါပေမယ့် ကျုပ်စားလိုက်ရတာက ပုရွက်ဆိတ်တွေပါတဲ့ ပေါင်မုန့် နဲ့ ယိုလေ)

နောက်ထပ် မဆီမဆိုင် မဆီမဆိုင်တွေးမိလိုက်တာက

အော် ငါတို့ မြန်မာပြည်ကြီးလည်း ဒီလိုပဲဖြစ်နေပါသလားလို့ ပေါ့ ...

.....

( မှတ်ချက် ။ ။ ဘာမှလည်းမဆိုင်ပါလားနော် )

ညိုလင်းထွဏ်း
(29.5.2012)

0 comments:

Post a Comment

 
 

this too will pass

ဘာပဲဖြစ်ဖြစ် တနေ့ တော့အရာအားလုံးဟာ ပြီးတော့လည်းပြီးသွားမှာပါပဲ ...