Monday, May 14, 2012

*** ကျောက်သင်ပုန်း ***

မည်းတူးနေတဲ့ ငါ့ခန္ဓာ
သင်ရေးမှတ်ဖို့ အသင့်ပါ....
မင်း တွေးတောကာ ရေးခြစ်သမျှ
စုဆောင်းရတာငါ့ ဘ၀ ..........။
မင်းမြင်တတ်ရင် တွေ့ ရမှာ
 ငါ့ရဲ့ စေတနာ.....။
မင်းထားခဲ့ ကာ တခြားသွား
ငါ့ဘ၀အမှောင်နေရက်များ ...။
ဗလာစာအုပ်လေးရောက်လို့ လာ
 ချောင်ထိုးခံရ ငါ့ဘ၀ပါ...........။
သင်လိုအပ်ရင် ရေးမှတ်ပါ
အမြဲတမ်းငါအသင့်ရှိတာ ...။
သင်ရေးမှတ်ကာ တခြားသွား
ငါ့မှာ ဆက်လက်ထိန်းသိမ်းထား....။
တာဝန်ကျေစွာထိန်သိမ်းတာ
ငါဟာ ကျောက်သင်ပုန်းလေးပါ ...။

Sai Zay Yar Htun (14 May , 2012 ) 5:33 PM

0 comments:

Post a Comment

 
 

this too will pass

ဘာပဲဖြစ်ဖြစ် တနေ့ တော့အရာအားလုံးဟာ ပြီးတော့လည်းပြီးသွားမှာပါပဲ ...