Monday, May 14, 2012
"..တကယ်လို့ များ .."
အိပ်မပျော်တဲ့ ညတွေမှာ
ကလေးအကြောင်းစဉ်းစားရင်း
ကဗျာတွေရေးနေမိတယ်....။
မေ့ မရပါလား ..ကလေးရယ်
ဖြစ်ပျက်ခဲ့ တာတွေက
အိပ်မက်မှမဟုတ်ပဲ
အတိတ်ဆီကိုတွေးမိရင်
အဖြစ်တွေက အရိပ်လို
ကပ်ပါစမြဲ ပဲလေ ...။
နှစ်ဟောင်းကုန်လို့ 
နှစ်သစ်ပြောင်းတိုင်း
လွမ်းမောရတာလည်း
ရင်နှင့်အမျှပါပဲ .....။
တမ်းတတိုင်း နှလုံးသားက
ရှော့ခ်ရိုက်သလို
တဆတ်ဆတ်တုန်လာတယ်..။
လွမ်းမောဖွယ်အတိတ်တွေကို
ဘရိတ်အုပ်ရပေါင်းလည်းမနည်းပါဘူး ...။
တကယ်လို့ များ .............
ဆုံဆည်းကြမယ်ဆိုပါစို့  .....
ထင်မှတ်မထားတာထက်ကို
ကိုယ်ကြင်နာပါ့မယ် ...ကလေးရယ်။
စိုင်းဇေယျုာထွန်း ...
(16 April,2012) 4:54 AM
0 comments:
Post a Comment
this too will pass
ဘာပဲဖြစ်ဖြစ် တနေ့ တော့အရာအားလုံးဟာ ပြီးတော့လည်းပြီးသွားမှာပါပဲ ...