Thursday, May 17, 2012

စင်ကာပူ

စင်ကာပူ(ကဗျာဆရာ ကိုစောဝေ ရေးစပ်ရွတ်ဆိုသည်) စင်ကာပူ
၁။ ဟိုးတစ်ချိန်ကတော့ ငါတို့ကို တူအောင် တုမယ် ဆိုတဲ့မြို့ လေဆိပ်မှာထဲက စည်းကမ်းကျတဲ့ အလှကိုငေး နေစရာတွေငေး၊ နားစရာတွေငေး မလိုသူတွေက ပွဲစားမြို့ လေးတဲ့ ဒါပေမယ့် သူဟာ ကမ္ဘာလေးတစ်ခုပါ ဒီကမ္ဘာလေးကို အစစ်အတု ခွဲပြီး အလှရှာမဲ့ မြန်မာ အဖေနဲ့ သမီးကို မသင်္ကာတဲ့ မျက်လုံးနဲ့။ ၂။ရန်ကုန်ရေ နင်ဘယ်လောက်ဖြတ်ကျန်ခဲ့ပြီလည်း ငါတို့ မပြောရဲတော့ဘူး… တနေ့တစ်လံပေါ့ စင်္ကာပူရယ် သစ်ပင်တွေ ပန်းတွေက စနစ်တကျပွင့်ပြီး စနစ်တကျ ကြွေရတယ် လူတွေရော ဒီလိုပဲလား? တို့ အမျိုးတွေအတွက် စိတ်ပူလိုက်တာ။ ၃။ သုပ်သုပ်သွား၊ သုပ်သုပ်လာ၊ သုပ်သုပ်စား သုပ်သုပ်နား၊ အလုပ်တအားလုပ် လူရောင်စုံကြားထဲမှာ အပြုံးမှာ စေတနာပါတာ မြန်မာ အမုန်းချင်းပြိုင်ရင် ရှုံးနေမှာ မြန်မာ စင်္ကာပူရေ ရေကြည်ရာ မြက်နုရာ ဆိုပေမယ့် တို့လူမျိုးက ဂျစ်ပစီတော့ မဟုတ်ဘူး မြေနဲ့၊ ရေနဲ့ ၊ ဇာတိနဲ့ လူမျိုး စင်္ကာပူရဲ့ ငါတို့ကို မင်း ၀မ်းစာကျွေးထားရပေမယ့် မင်းကျမ်းမာရေး မထိခိုက်စေရအောင် မြန်မာတွေ နေတတ်ခဲ့ပါတယ်။ ၄။ ကမ်းခြေချန်ကီဘိလစ်မှာ အပန်းဖြေတော့ ပက်လက်လှန်ပြီး မှောက်ခုံပျံတဲ့ လေယာဉ်ပျံတွေ ကြည့်မိ ပိုက်ဆံတွေ တအားထားခဲ့ရပြီး ဥာဏ်ပညာတွေ ဘယ်လောက်ယူသွားနိင်လည်း ကိုယ်ကနားပြီး စိတ်ကမနားနိင်ဘူး စလုံးရေ။ ၅။ ငါတို့ ဧရာဝတီကိုကျ နာဂစ်ဆိုတဲ့ နာမည်လှလှလေးနဲ့ ဘီလူးစီးသလိုဝင်မွှေသွားတဲ့ ပင်လယ်မ က စလုံးကျမှ စည်းကမ်းတကျ ညင်သာနေတာ ငါ မခံစားနိင်ဘူး။ ၆။ အီကွေတာ အောက်ကမြို့ကလေး ပွင့်သမျှ ပန်းမမွှေးဘူး မင်းရဲ့ ကောင်းသတင်းကတော့ မွှေးမြပါတယ် ငါတို့များကြတော့…ဘယ်တော့မွှေးမလည်း။ ၇။ တို့မြေမှာ သာရေး နာရေးတောင် တွေ့ဖို့ မလွယ်တဲ့ အမျိုးတွေ ၊ သူငယ်ချင်းတွေ ပင်နီစူလာပလာဇာမှာ အစုံတွေ့ရ ပေးဖို့လား၊ ရဖို့လား၊ အသာစံဖို့လား၊ အနာခံဖို့လား တို့မြန်မာတွေ အလကားမဟုတ်ဘူးနော် စင်္ကာပူ ခင်ဗျားကြီး အရိပ်မှာ လွတ်လပ်စွာ ကျန်းမာချမ်းသာထားပါ။ ၈။ ပြောစရာ ရှိလို့သာပြောရ ပြောဖို့မလိုပါဘူး။ အိမ်သည် ဧည့်သည် မပူရအောင်ထားပေးတဲ့ စင်္ကာပူ ကျေးဇူးပါ အဲဒီလို ကျေးဇူး ကိုယ့်တိုင်းပြည်ကိုလည်း ကျေးဇူးတင်ချင်လိုက်တာ။ ၉။ စင်္ကာပူက မြန်မာအားလုံး မလွမ်းဘူးပြောတဲ့ လူမရှိ အားလုံး မကြိုက်ဘူး ပြောတဲ့လူချည်းပဲ ကျွန်တော်လည်း မကြိုက်ပါဘူး ဒါပေမယ့် အဲဒါ ရှော့ခ်ရှိတယ်။ ၁၀။ အမှန်ကိုလည်း ပြောမရ အမှားကိုလည်း ပြောမရ သတ္တိရှိလို့ ပြောပြန်ရင်လည်း အမုန်းခံရ ကြာလာတော့ သတ္တိရှိလာမှာတောင် ကြောက်ရ။ ၁၁။ “ဆရာ… အသစ်နဲ့ အဆင်ပြေလားဟင် ကျွန်တော် မပြန်နိင်တာ သုံးနှစ်ရှိပြီ အိမ်က ပိုက်ဆံ သိန်းတစ်ရာသုံးပြီး ထွက်လာတာ၊ အခုထိ မကျေသေးဘူး။ ကျွန်တော် ကွန်ပျူတာနဲ့ ဘွဲ့ရလာတာ အခု ဒီဟော်တယ်မှာတော့ ၀ိတ်တာပေါ့၊ သိပ်ပြန်ချင်တာပေါ့ ပိုက်ဆံ မကျေသေးတော့ မိသားစုကို မျက်နှာပူလို့ သင်္ကြန်မှာ ပိတောက်တွေ ပွင့်လားဟင်…”စလုံးမှာ မေးတဲ့စကား မင်းပြန်လာမှာ သိပ်စိုးရိမ်တာပဲ အဆင်ပြေလားဆိုတဲ့ မင်းရဲ့ မေးခွန်းက သင်္ကြန်မှာ ပိတောက်မပွင့်သလို ငါ့ရင်မှာ ပြာကျစေတယ် ငါတို့က အခုချိန်ထိ ညံ့နေကြသေးတာကိုး ခွင့်လွှတ်ပါ သားလေးရယ်။ ၁၂။ လူကြီးတွေက ပြည်ပနိင်ငံကို အထင်မကြီးနဲ့တဲ့ ပြည်ပကို ရောက်နေကြတဲ့ မြန်မာပြည်ဖွားတွေ အားလုံးဟာ ပြည်ပတိုင်းပြည်ကို အထင်ကြီးလို့ ရောက်နေကြတာ မဟုတ်ဘူး ကိုယ့်တိုင်းပြည်မှာ အထင်သေးစရာနဲ့ အဆင်မပြေမှု့တွေပဲ နေ့တိုင်းတွေ့နေရလို့ ပြည်ပရောက် မြန်မာတွေရဲ့ တုန့်ပြန်မှု့။ ၁၃။ အဲဒီလိုတော့ မပြောပါနဲ့ ကျွန်တော်က ပြည်တွင်းမှာပဲ နေသူဆိုတော့ ခံရခက်တယ် တကယ်က ဘာမဆို ခွဲဝေယူကြတယ် ကိုယ်တွေတော့ လုံးဝ(လုံးဝ) မပါဘူး။ ၁၄။ MRT ရထားပေါ်မှာ IPhone ဖွင့်လိုက်တာနဲ့ ကမ္ဘာကြိးက ကိုယ့်ရှေ့ရောက်လာ မြန်မာတွေ မညံ့ပါဘူး စင်္ကာပူမှာပေါ့ မြန်မာပြည်မှာတော့ ကဗျာ ဆရာ အပါအ၀င် အားလုံးညံ့နေသေးတယ်။ ၁၅။ အမှန်တရားကို ချစ်တယ် သတ္တိမရှိဘူး သတ္တိမရှိရင် အမှန်တရား မရနိင်ဘူး လူတချို့က မိုက်ရိုင်းရဲရင် လိမ်ရဲရင် အာဏာရမယ်၊ အာဏာရရင် ရူးမယ် ပိုက်ဆံ ချမ်းသာမယ် ဒါဆိုလုပ်ချင်ရာ လုပ်မယ် လူများလို့ နိင်ပေမယ့် မမှန်ရင် မနေပါနဲ့ လူနည်းလို့ ရှုံးပေမယ့် မှန်ရင် နေကြပေးပါ။ ၁၆။ ဒီလိုပညာနဲ့ ဒီလိုလုပ်ရည်ကိုင်ရည်နဲ့ ဒီလောက်လွမ်းနေတာ မလွမ်းရအောင် မြန်မာပြည်က သူဋ္ဌေးတွေဆီမှာ ပြန်လာလုပ်ပါလားဆိုတော့ စလုံးရောက် မြန်မာ ဆရာဝန် တစ်ဦးက “စင်္ကာပူက သူဋ္ဌေးက လူကို လူလိုတန်ဖိုးထားတယ် မြန်မာပြည်က သူဋ္ဌေးက လူ့တန်ဖိုးနားမလည်တဲ့ ပေါင်းစားတွေ ချည်းပဲ ” တဲ့ ကျွန်တော် ဘာပြန်ပြောရမှန်း မသိဘူး ဘယ်တော့မှ ပြောနိင်မှန်းလည်း မသိဘူး။ ၁၇။ သေသေချာချာ ပြောနိင်တာကတော့ ပြည်ပရောက် မြန်မာတွေအားလုံးကို ပြည်တွင်းက မြန်မာတွေအားလုံးက ရင်တွေ ပြာကျလောက်အောင် လွမ်းနေကြ ဒီထဲမှာ အမေတွေက ပိုဆိုးတာပေါ့ ရန်ကုန်မြို့ က အင်တာနက်ဆိုင် ဂျီတော့မှာ မျက်ရည်တွေ ချည်းပဲ။ ၁၈။ စင်္ကာပူက… အဖြူ၊ အမဲ၊ အညို ဘယ်သူနဲ့ ပြောပြော အလွမ်းနဲ့စပြီး အလွမ်းနဲ့ ဆုံးတော့ စင်္ကာပူဆိုတာ အလွမ်းတွေ စုနေတဲ့ အလွမ်းမြို့ ကြီးလား ထင်ရတယ် ဘယ်သူမှတော့ မျက်ရည်မလွယ်ပါဘူး မင်းသား၊ မင်းသမီးမှ မဟုတ်တာ အလွမ်းက တွန်းထုတ်လိုက်တော့ မျက်ဝန်းတာ ကျိုးရတာပေါ့။ ၁၉။ ချစ်သူကိုလည်း ချစ်တယ် အဖေ အမေကိုလည်း ချစ်တယ် မောင်နှမတွေကိုလည်း ချစ်တယ် ဇာတိရပ်ရွာကိုလည်း ချစ်တယ် တကယ်ဆို ချစ်ရဲ့သားရဲ့ ဘာလို့ခွဲရက်တာလည်း သုခနဲ့ ဒုက္ခပေါင်းထားတဲ့ စင်္ကာပူရဲ့ မာယာမှာ ငါတို့ အားလုံး နစ်ခဲ့ရပြီ တချို့ ပျော်ရွှင်စွာနစ် တချို့ ၀မ်းနည်းစွာနစ် မြန်မာပြည်တော့ ချစ်ကြသူတွေချည်းပဲ ကဲ အားလုံး “ကမ္ဘာမကြေ မြန်မာပြည် ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ ” စင်္ကာပူရေ… တို့လူမျိုးကို ချစ်ပါ အမှန်တရား ၊ ရိုးသားမှု့နဲ့ မြန်မာတွေပါ “ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ “ ။ ။ =============================================================================================================== (စောဝေ) (၁၄-၅-၂၀၁၁) နေ့ လမ်းပြကြယ် စာကြည့်တိုက် စာချစ်သူများ စင်္ကာပူနိင်ငံမှ ကျင်းပပေးသော Poetry Performance ပွဲတွင် ရွတ်ခဲ့သော ကဗျာ http://swenaing.blogspot.com

0 comments:

Post a Comment

 
 

this too will pass

ဘာပဲဖြစ်ဖြစ် တနေ့ တော့အရာအားလုံးဟာ ပြီးတော့လည်းပြီးသွားမှာပါပဲ ...