Wednesday, May 16, 2012

ချစ်သူ နှစ်ယာက်နဲ့ ကျနော် ..

ချစ်သူ နှစ်ယာက်နဲ့ ကျနော် ... by Nyolinn Htun on Wednesday, May 16, 2012 at 5:44pm ·
ကျနော်စိတ်ဓါတ်တွေကျပြီး အရမ်းညစ်နေချိန် ဆိုသူ ကျနော့် အပေါ်သိပ်ကိုသြဇာညောင်းတယ်.. ကျနော်ဘာလုပ်လုပ် (ကောင်းတာ ၊ ဆိုးတာ) သူအမြဲအပြစ်မြင်တယ်။ အမြဲတမ်းလည်း ဖျက်လိုဖျက်ဆီးလုပ်တယ် .. သူတစ်ပါးကိုလည်း ကျနော့် အပေါ်အကောင်းမမြင်အောင် သွေးထိုးလေ့ ရှိတယ် ကျုပ်လုပ်သမျှ အဆင်မပြေအောင်တနည်းမဟုတ် တနည်းနည်းနဲ့ ဖျက်ဆီးလေ့ ရှိတယ် ။ အဲ့ ဒီအချိန်ဆို ကျနော်သူ့ ကိုသိပ်မုန်းလေ့ ရှိသလို သူကလည်း ကျနော့်အပေါ် ကိုယ့်ကိုကိုယ် ယုံကြည်မှု မဲ့ လာအောင်ထိ သြဇာညောင်းလေ့ ရှိတယ်။ အော် ...သူနာမည်လား .. ဟုတ်ကဲ့  ... သူမနာမည်က ကံကြမ္မာတဲ့ ....။ အဲ့ဒီအချိန်မှာ နားလည်ပေးတတ်တဲ့  ချစ်သူတခြားတစ်ယောက်ကို သတိရနေမိတတ်တယ် ။ သူကကျနော့်အပေါ်သိပ်ပြိးတော့ နားလည်ပေးနိုင်စွမ်းတယ်။သူ့ ရဲ့ နာမည်လေးကိုတွေးလိုက်ရင်ကိုရင်ထဲအေးချမ်းသွားတယ်။ သူဟာကျနော့်အတွက်အေးချမ်းမှု တွေကိုအရမ်းပေးစွမ်းနိုင်သူပါ။သူကကျနော်ကောင်းတာလုပ်လုပ်ဆိုးတာလုပ်လုပ်အမြဲတမ်းနားလည်ပေးတယ်။ဘာကိုမဆို ဝေဖန်လေ့ မရှိဘူး။သူ့ ကိုချစ်ရတာအေးချမ်းပေမယ့် ။ ကျုပ်ပျော်ရွှင်မှုမရှိဘူးဗျ ။ ဒါပေမယ့် လည်း သူက ကျုပ်ဘ၀အတွက် မရှိမဖြစ်လိုအပ်နေတာအမှန်ပဲလေ ။ ဒါကြောင့် ဆိုရိုးစကားထဲကလို့  မချစ်သော်လည်းအောင့်ကာနမ်းပေါ့.. သူမ နာမည် က သင်္ခါရတဲ့ ......။ ကြမ္မာ ရဲ့ နောက် အကျင့်တခုက ...ဒီလိုဗျ .. တကယ်လို့ များ ကျုပ်စိတ်ဓါတ်တွေ တက်ကြွပြီး ကြိုးစားချင်စိတ် အရာရာကိုရင်ဆိုင်ချင်စိတ် နဲ့ ဖြစ်ကိုဖြစ်ရမယ်ဟေ့လို့  ယုံကြည်ချက်တွေကိန်းအောင်လာတဲ့ အခါကျုပ်ကိုသူအားပေးတယ်။ဆက်လက်ကြိုးစားခိုင်းတယ်။အောင်မြင်အောင်လည်း ကျုပ်အတွက် အကျိုးဆောင်ပေးတယ်။အားလုံးနဲ့ အဆင်ပြေအောင်လည်း သူကလမ်းခင်း ပေးတယ်။ အဲ့ ဒီအချိန် ကျုပ်သူ့ ကိုသိပ်ချစ်တာပေါ့... ပြောမပြတတ်အောင်ပါပဲ ..။ ခက်တာတခုက ကျုပ်စိတ်ထဲမယ် သူ့ ကို ကြောက်ရွ့ံပြီးချစ်နေမိတာပါပဲဗျာ... နားလည်ပေးတတ်တဲ့ သင်္ခါရကို မြတ်နိုးမိသလိုကြမ္မာကိုလည်းကျုပ်ချစ်နေမိတော့တာပါပဲဗျာ .......... ငယ်ငယ်ကရေးထားခဲ့ တာပါ .. ပြန်တွေ့ လို့ ကူးပြီး အမှတ်တရအနေနဲ့ ပြန်တင်ပေးလိုက်တာပါ။ ရယ်လိုကရယ်စေတော့ ........

0 comments:

Post a Comment

 
 

this too will pass

ဘာပဲဖြစ်ဖြစ် တနေ့ တော့အရာအားလုံးဟာ ပြီးတော့လည်းပြီးသွားမှာပါပဲ ...