Monday, May 14, 2012

စိတ်ဓါတ်ကျခြင်း (Depression)......

စိတ်ဓါတ်ကျခြင်း (Depression)
ရောဂါလက္ခဏာများ

၁။ အမြဲ ၀မ်းနည်းတတ်နေခြင်း၊ ရင်ထဲမှာ ဘာမှမရှိသလို ဗလာနတ္ထိဖြစ်နေတတ်ခြင်း၊ဘ၀တွင် ဘာမှ မရှိတော.ဟု ခံစားရခြင်း။ အရာရာကို အဆိုးမြင်နေတတ်ခြင်း။

၂။ ယခင်က အားတတ်သရော လုပ်ဆောင်ခဲ.သော လုပ်ငန်းဆောင်တာများအပေါ် စိတ်ဝင်စားမှူ နည်းပါးလာခြင်း။

၃။ အစားစားချင်စိတ်မရှိခြင်း။ ( သို.မဟုတ်) အစားအသောက်ကို သာမန်ထက် ပိုစားလာခြင်း။

၎။ အိပ်မပျော်သော ရောဂါ ရလာခြင်း။ ( သို.မဟုတ်) သာမန်ထက် ပို အိပ်လာခြင်း။ အအိပ်လွန်ခြင်း။

၅။ ကဏှာမငြိမ်ခြင်း။ တည်ငြိမ်မှူမရှိခြင်း။ ဒေါသဖြစ်လွယ်ခြင်း။

၆။ သူငယ်ချင်းအပေါင်းအသင်း မိဘဆွေမျိုး များကို ရှောင်လာခြင်း။

တစ်ဦးတည်းသာ နေလိုခြင်း။

၇။ သေချင်လိုသော အတွေးများကို အမြဲ တွေးနေတတ်ခြင်း။

ကိုယ်.ကို ကိုယ် သတ်သေရန် အတွေးများကို တွေးလာခြင်း။

၈။ အာရုံစူးစိုက်ရန် ခက်ခဲလာခြင်း။

( ဥပမာ။ ။စာအုပ်ဖတ်ခြင်း။ အလုပ်တခုခု လုပ်ခြင်း)


Depression ရတာ ဘာ.ကြောင့်လဲ

၁။ စိတ်ဖိစီးမှူများသော လူနေမှူဘ၀ပုံစံတွင် နေထိုင်ရခြင်း။

၂။ ရောဂါတခုခုကြောင့် ဖျားနာမှူများကို ခံစားနေရခြင်း။

( ဥပမာ။ ။ နှလုံးရောဂါ။ အသဲရောဂါ။ အဆစ်အမြစ်ယောင်ရောဂါ။ လေဖြတ်ခြင်း။)

၃။ ဟော်မုန်းဆိုင်ရာ ပြောင်းလဲမှူပြသနာများ ရှိခြင်း။

၎။ ကိုယ်လက်လှုပ်ရှား အားကစားများနှင့် exercise လုပ်မှူ မရှိခြင်း။

၅။ ဘ၀တွင် ကြီးမားသော ဆုံးရှုံးမှူ တခုခုကို တွေ.ကြုံရခြင်း။

၆။ မျိုးရိုးလိုက်ခြင်း။

ဘယ်လိုကာကွယ်ရမလဲ
၁။ ဘ၀ကို အကောင်းဘက်က များများတွေးပေးပါ။ များများ မြင်ပေးပါ။

၂။ တခုခုအပေါ်မှာ သင်ရှု.မြင်တဲ. ကြည်.တဲ.နည်းလမ်းကို ထိန်းချူပ်ပေးပါ။

၃။ သင်ကြိုက်တဲ. အရာတွေကို လုပ်ခြင်းအားဖြင့် သင့်အချိန်တွေကို အသုံးချပေးပါ။

၎။ သင့်ကျန်းမာရေးကို အမြဲ ဂရုစိုက်ပေးပါ။

၅။ သင့်ရဲ. အတွေးခံစားချက်တွေကို ရင်းနှီးသောမိတ်ဆွေ သူငယ်ချင်းတွေကို မျှဝေပေးပါ။

၆။ စိတ်ဖိစီးမှူ တခုခု ခံစားနေရလျှင် နှစ်သိမ်.ပညာပေးရန်အတွက် တတ်ကျွမ်းသူများထံ တိုင်ပင်ပါ။

ဘယ်လိုထိန်းချူပ်ကြမလဲ

၁။ music ကို များများနားထောင်ပေးပါ။

၂။ Meditate ကဲ.သို. ယောဂလေ.ကျုင့်ခန်းမျိုးနှင့် စိတ်လေ့ကျင့်ခန်းမျိုး မကြာခဏလုပ်ပေးပါ။

၃။ ကိုယ်လက် လှုပ်ရှား အားကစားနှင့် exercise များများပြုလုပ်ပေးပါ။

(ဥပမာ။ ။ ရေကူးခြင်း၊ အေရိုးဗစ် ကစားခြင်း၊ )

၎။ ဘာသာစကားအသစ် တခုခု ကို သင်ယူလေ.လာပါ။

၅။ လူမှူ လုပ်ငန်း တခုခုတွင် သင်ကိုယ်တိုင် ပါဝင် ပြီး လုပ်အားပေးပါ။
အထောက်အကူ ရနိုင်စေသော အစားအစာများ
၁။ သစ်သီးဖျော်ရည်များ၊ ဟင်းသီးဟင်းရွက်များ၊ လတ်ဆက်သော သစ်သီးများ။

၂။ ဆေးသကြားပါသော အစားအစာများ၊ သဘာဝမဟုတ်သော အစားအစာ၊အချိုရည်များ နှင့် caffeine ဓါတ်များပါဝင်သော

အစားအစာများကို စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

၃။ အသားဓါတ် အသင့်အတင့်နှင့် Omega 3 fatty acid များကို စားသုံးပေးပါ။

၎။ vitamins နှင့် သတ္တုဓါတ်တွေဟာလဲ မရှိမဖြစ်လိုအပ်တဲ. အစာအဟာရတွေပါ။ စားသုံးပေးပါ။

ကျန်းမာရေးစာစောင်တစ်ခုမှ ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

 by Aung Lat on Thursday, September 1, 2011 at 2:51pm

0 comments:

Post a Comment

 
 

this too will pass

ဘာပဲဖြစ်ဖြစ် တနေ့ တော့အရာအားလုံးဟာ ပြီးတော့လည်းပြီးသွားမှာပါပဲ ...